ဒီမိုကရေစီဟာ အာဏာရှင် စနစ်နဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ လက်ရှိ
မြန်မာ အစိုးရက ဒီမိုကရေစီကို ကျင့်သုံး နေပြီဆိုရင် အာဏာရှင်စနစ်မှာ
ကျင့်သုံးခဲ့ဖူးတာ မှန်သမျှ ပြောင်းပြန် လုပ်ယူရမှာ ဖြစ်ပါတယ်။ ဒါမှသာ
လူထုအကျိုးကို သယ်ပိုး ပေးနိုင်မှာဖြစ်ပြီး လူထု ထောက်ခံမှုကို ရရှိပါမယ်။
နိုင်ငံကို တည်ငြိမ်အောင် ထိန်းသိမ်း တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
အရင်နဲ့အခု ဘာကွာသလဲ
အရင်က ရွေးကောက်ပွဲ မလုပ်ပေးပါဘူး.. ဒါပေမယ့် အခု လုပ်ပေးခဲ့ပါပြီ။
တရားမျှတမှုနဲ့ သမာသမတ် ကျဖို့တော့ အများကြီး လိုအပ်နေခဲ့တာ အမှန်ပါပဲ။အရင်က
ပါးစပ်ကထွက်ရာ အမိန့်ဖြစ်ပါတယ် .. ဒါပေမယ့် အခု ဥပဒေပြုလွှတ်တော်
ရှိနေပါပြီ။ တရားဥပဒေ စိုးမိုးမှုကို ပြောဆိုလာကြပြီ။ ဥပဒေအထက်မှာ ဘယ်သူမှ
မရှိ ဆိုတာကို သိပ်သဘောကျတဲ့ ခေတ်ဖြစ်လာပါပြီ။အရင်က ပြည်သူတွေကို
နှိပ်ကွပ်ပါတယ် .. ဒါပေမယ့် အခု လူထုအကျိုးကို လက်တွေ့ကျကျ
လုပ်စပြုလာပါပြီ။
အရင်က လူထုမသိအောင် ကိုယ်ကျိုးစီးပွားတွေကို ရှာခဲ့ကြပါတယ် .. ဒါပေမယ့်
အခု ပွင့်လင်းမြင်သာမှုကို ရှောင်လွဲ မရတာကြောင့် လူမိခံရတဲ့အဖြစ်တွေ
ထင်ထင်ရှားရှား ရှိလာနေပါပြီ။အရင်က ပြည်သူတွေ ဆန္ဒပြရင် ပစ်ခတ်နှိမ်နှင်း
သတ်ဖြတ်ပြီး ထောင်ချပါတယ် .. ဒါပေမယ့် အခု ဆန္ဒပြခွင့် ဥပဒေ ရှိထားပြီး
ဖြစ်နေပါပြီ။ နည်းဥပဒေ မထုတ်သေးလို့ဆိုပြီး တရားဝင် ဆန္ဒပြခွင့်
မရှိသယောင်ယောင် ထိန်းချုပ်ထားတာ တော့ ရှိနေပါသေးတယ်။အရင်က
သတင်းလွတ်လပ်ခွင့် မရှိပါ ဘူး... အခု တော်တော်များများ ရှိလာနေပါပြီ။
အရင်က ၂ဝဝ၈ အခြေခံဥပဒေကို အာဏာရှင် ဓါးမိုးခေတ်မှာ ရေးဆွဲခဲ့ပါတယ် ..
အခု အခြေခံဥပဒေကို ပြင်နိုင်အောင် ကြိုးပမ်းနေကြပြီ ဖြစ်ပါတယ်။ သမ္မတကအစ
ထုတ်ဖော်ဝန်ခံထားတဲ့ အချက်ပါ။
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။