၂၀၁၂ မေလ ၂၆ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့၊ပုဇွန်တောင်မြို့န ယ်၊တောင်လုံးပြန်ရပ်ကွက်တွင်မြန်မာ နိုင်ငံလူငယ်များအစည်းအရုံးမှရံပုံငွေဈေးရောင်းပွဲနှင့် ဖျော်ဖြေရေး အစီအစဉ်များဖြင့် စီစဉ်တင်ဆက်ခဲ့ကြပါ တယ်။ဗမာနိုင် ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊GenerationWaveနှင့် ၈၈မျိုးဆက်ကျောင်းသား များ ပူးပေါင်းပါဝင်တင်ဆက်ကြပြီး မင်္ဂလာတောင်ညွန့်မြို့နယ် NLDပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း လည်း တက်ရောက်အားပေးတာတွေ့ရပါတယ်။
![]() |
မင်္ဂလာတောင်ညွန့်မြို့နယ် NLD ပြည်သူကလွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်း |
ဂီတမှူး ကိုဝင်းမော် ဦးစီးတဲ့ ရွှေသံစဉ် တေးဂီတအဖွဲ့နဲ့အတူ တေးသံရှင် သျှီ၊အနဂ္ဂ၊သံသာဝင်း၊ ခိုင်မြဲသာ၊ကာကာတို့ကလည်းတေးသီချင်းများနဲ့ဖျော်ဖြေခဲ့ကြပါတယ်။ပြဇာတ်တိုများ၊ သံချပ်များ၊ဟာသ တေး သရုပ်ဖေါ်များ နဲ့လည်းတင်ဆက်ခဲ့ကြပါတယ်။ ၈၈မျိုဆက်ကျောင်းသား တွေဖျော်ဖြေ မှု အစမှာ ကိုမင်းကိုနိုင်ကဦးဆောင်ပြီး ၈၈တုန်းကဒီမိုကရေစီရေးအတွက်အသက်စွန့်သွားကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ အတွက်ရည်စူးတဲ့ ပန်းစည်း နဲ့ လက်ရှိမြန်မာနိုင်ငံအကျဉ်းထောင် တွေထဲမှာ ကျန်ရှိ နေသေးတဲ့သံတိုင်များနောက် က နိုင်ငံရေးအကျဉ်းသားတွေအတွက်ရည် စူးတဲ့ ပန်းစည်းတွေကို စင်ပေါ်မှာ ချပြီးမှ သူတို့ရဲ့ဖျော်ဖြေရေး အစီအစဉ်တွေ ကိုစတင်ခဲ့ပါတယ်။
လက်ရှိပြည်သူတွေရင်ဆိုင်ခံစားနေ ရတဲ့ မီးပျက်တဲ့ဒုက္ခကိုတင်ပြတဲ့အနေနဲ့  ကိုမင်းကိုနိုင်ကိုယ်တိုင်စန္ဒယား တီးပြီး သီချင်းတစ်ပုဒ်ဖျော်ဖြေခဲ့ပါတယ် ။ ပရိသတ်များကပါ ဖရောင်းတိုင်များထွန်းညှိကိုင်ေ ဆာင် ပြီးပူးပေါင်း ပါဝင်ကြပါတယ်။
လက်ရှိပြည်သူတွေရင်ဆိုင်ခံစားနေ
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။