Sunday, May 27, 2012

မန္တလေးတွင်လစာတိုးတောင်းမှု ပိုင်ရှင်လိုက်လျော

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် (ဈ)ရပ်ကွက် စက်မှုဇုန်(၂) အကွက်အမှတ်(N/၉၃/၉၄) ၆၄လမ်းနှင့် ၆၅လမ်းကြားရှိ မန္တလာလက်တွန်းထွန်စက်ရုံမှ အလုပ်သမားခေါင်းဆောင် ဦးတင်ထွန်းအောင်၊ ဦးနေလင်းထွန်း၊ ဦးဟန်လင်းထွန်းတို့ (၃)ဦးက မေလ(၂၄) ရက်နေ့တွင် စက်ရုံမန်နေဂျာဦးခင်မောင်ရီထံသို့ အလုပ်သမားလစာများတိုးမြှင့်ပေးရန်တင်ပြခဲ့ရာ မန်နေဂျာမှ စက်ရုံပိုင်ရှင် ဦးခင်မောင်အေးထံ ဆက်လက်တင် ပြခဲ့သည်။
တင်ပြချက်အရ ပိုင်ရှင်ဦးခင်မောင်အေး၊ မန်နေဂျာဦးခင်မောင်ရီ၊ ဒုမန်နေဂျာဦးစိုးစိုး၊ အလုပ်သမားကိုယ်စား လှယ်ဦးဇော်ဝင်း၊ ကုန်ထုတ်တာဝန်ခံဦးအောင်ကျော်တို့ဦးစီး၍ အလုပ်သမား (၆၀)ဦးနှင့် ညှိနှိုင်းဆွေးနွေးခဲ့ရာ အလုပ်သမားတစ်ဦးအား လက်ရှိအနိမ့်ဆုံးလစာ ကျပ် ၃၀၀၀၀မှ ယခုမေလကုန်တွင် အလုပ်သမားတစ်ဦးအား ကျပ် ၅၀၀၀ တိုးမြှင့်ပေးမည်ဖြစ်ပြီး ဇွန်လကုန်တွင် လုပ်သက် ၂နှစ်ရှိသော ၀န်ထမ်းတစ်ဦးအား အနိမ့်ဆုံးလစာ ကျပ် ၇၀၀၀၀ အထိတိုးမြှင့်ပေးရန်သဘောတူညီခဲ့ကြောင်းသိရှိရသည်။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။