ဒီကိစ္စနဲ့ ပတ်သက်လို့ ပထမဆုံး ငြင်းချက်ထုတ်သူကတော့ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါပဲ၊ “ဒီမိုကရေစီနောက်မှ လုပ်ပါ
လျှပ်စစ်မီးချက်ချင်းပေး” ဆိုတဲ့ မန္တလေးက ပိုစတာကို သဘောမတူတဲ့ အကြောင်း
ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ အချိန်တော်တော်ယူပြီး
ရှင်းပြသွား ပါတယ်။
ပြည်သူတွေ လျှပ်စစ်မီးလိုတယ်၊ ရေလိုတယ်၊ အလုပ်အကိုင်တွေလိုတယ်၊ ဒါတွေဟာ
စနစ်က မှားနေလို့ ဖြစ်ရတာ၊ ဒါကြောင့် စနစ်ကို ပြင်ဖို့ လိုတယ်လို့
ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပါတယ်၊ ဒါကြောင့် လျှပ်စစ်မီးလို
ကိစ္စမျိုးတွေနဲ့ ဒီမိုကရေစီအတွက် တပြိုင်တည်း လုပ်ဖို့ လိုတယ်လို့
ဒေါ်အောင်ဆန်းစုကြည်က အခိုင်အမာ ဆိုပါတယ်။
ဆိုလိုတာက စီးပွားရေး ပြုပြင်ပြောင်းလဲရေးနဲ့
နိုင်ငံရေးပြုပြင်ပြောင်းလဲရေးမှာ ဘယ်ဟာက အရင်ဖြစ်သင့် သလဲဆိုတဲ့
အငြင်းပွားမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်က နှစ်ခုစလုံး တပြိုင်တည်း
လုပ်ရမယ်ဆိုတဲ့ဘက်က ရပ်ခံပါတယ်။
ဒီနေရာမှာ စနစ်ကို ပြောင်းရမယ်ဆိုတဲ့အပေါ်မှာ ဘယ်သူမှ အငြင်းပွားမယ်
မထင်ပါဘူး။ ဒါပေမယ့် ဘယ်လို ပြောင်းမလဲဆိုတဲ့အပေါ်မှာပဲ အငြင်းပွားကြမယ်
ထင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ နာမည်ကျော် သမိုင်း ပညာရှင် ဖရန်းစစ်
ဖူကူယားမားရဲ့ ဖွံ့ဖြိုးရေး ပုံစံတွေကို လေ့လာကြည့်ရင် မြန်မာပြည်အတွက်
စဉ်းစားစရာတချို့ ရနိုင်မယ်လို့ ယူဆပါတယ်။ ........အပြည့်အစုံဖတ်မယ်
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။