Wednesday, December 4, 2013

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ နိုင်ငံတော်ဘတ်ဂျက်ဖြင့် ကျေးလက် မီးလင်းရေးအတွက်တစ်အိမ်သုံးဆိုလာမီးအိမ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် နီးစပ်သူခရိုနီများဖြင့် နိုင်ငံတော်ဘဏ္ဍာငွေအား တစ်နှစ်သုံးဖြင့် ဝေစားနေခြင်း။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးလက်မီးလင်းရေးအတွက် နိုင်ငံတော်မှချ
ထားပေးသော ဘဏ္ဍာငွေဖြင့် အစိုးရတစ်ဝက်ကျေးလက်နေပြည်သူများတစ်ဝက်ဖြင့်
ချထားပေးရာတွင် တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများအနေဖြင့်ကျေးဇူး
တင် ၀မ်းသာလက်ခံရရှိရာတွင် ကုမ္ပဏီတစ် ချို့မှ မသမာသောနည်းဖြင့် တင်ဒါခေါ်ယူ
ရာတွင် ပစ္စည်း အကောင်း(အာမခံအပြည့်ဖြင့်)တင်သွင်းပြီး တင်ဒါအောင်မြင်သော်လည်း
ကျေးလက်နေပြည်သူများလက်ဝယ်သို့ ဖြန့်ချီရာတွင် တန်ဘိုးနည်းပြီး အရည်အသွေးညံ့ ၊
ပစ္စည်းညံ့များဖြင့် တင်ပို့ခဲ့ခြင်းကြောင့် ကျေးလက်နေ ပြည်သူများ အခက်အခဲကြုံတွေ့
ရပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာ ငွေမှာလည်း ပြည်သူလူထုထံအပြည့်အဝ
မရောက်ဖြစ်နေပါသည်။


ယခင်နှစ်တင်သွင်းသော ကုမ္ပဏီများအား စစ်ဆေးရာတွင် အရည်အသွေးနိမ့်ပစ္စည်းများ တင်သွင်းထားသည်ကိုတွေ့ရှိရသဖြင့် အစိုးရအဖွဲ့မှ အမှုဖွင့် ပေးလျှော်ရန်အတွက်
အမိန့်ချမှတ်ထားရှိပြီး သိရှိရပါသည်။ သို့ သော်လည်း ယခုနှစ် တင်ဒါခေါ်ယူရာတွင်လည်း ၄င်းကုမ္ပဏီများကိုသာ ရွေးချယ်ကြောင်းကြားသိရသဖြင့် ပြည်သူများအနေဖြင့် တိုင်းဒေသ
ကြီး အစိုးရအဖွဲ့ နှင့် ကုမ္ပဏီများ နိုင်ငံဘဏ္ဍာငွေကို ပေါင်ပြီးလိမ်ညာစားနေ သည် ထင်မြင် မိပါကြောင်း ဒေသခံပြည်သူများပြောနေလျှက်ရှိပါသည်။
တင်ဒါဖွင့်ဖောက်စစ်ဆေးရာတွင် ကုမ္ပဏီမှတ်ပုံတင်ခိုင်လုံမှစစ်ဆေးပြီးအပ်နှံပစ္စည်းများ ကို ဒေသပေါက်ဈေးနှင့် နှိုင်းယှဉ်၍ အရည်အသွေးမှန်ကန် မှသာလျှင်ရွေးချယ်သင်
့ကြောင်း ။ ယခင်နာမည်ပျက် ကုမ္ပဏီများအနေဖြင့် ဈေးနှုန်းနည်းသော်လည်း မရွေးချယ်
သင့်ကြောင်း ပြည်သူများသုံးစွဲရာတွင် အဆင်ပြေပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေ အလဟသ မဖြစ်စေရန်အရေးကြီးကြောင်း ကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရှိရန် လိုအပ်နေ
ပါကြောင်း အကြံပြုတင်ပြုလိုက်ရပါသည်။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။