Wednesday, December 4, 2013

နွားကားများအား တားဆီးရာမှ သေနတ်ဖောက်မှုဖြစ်ပွား

နောင်ချိုမြို့နယ်၊သုံးဆယ်ကျေးရွာအတွင်း နိုဝင်ဘာလ(၃၀)ရက်ည(၁၀း၁၅)အချိန်ခန့်
တွင် ကောင်းခါး ပြည်သူ့စစ်အဖွဲ့နှင့်ဆင်ကျော့ပြည်သူ့စစ်အဖွဲ့တို့မှ နွားကားများမောင်းနှင်လာ
ရာကျေးရွာ သားများမှ တားဆီးသဖြင့် ကောင်းခါးပြည်သူ့စစ်အဖွဲ့မှ သေနတ်ဖြင့် ပစ်ဖောက်
ခဲ့ကြောင်း သုံးဆယ်ကျေးရွာသားများထံများက ပြောကြသည်။

သုံးဆယ်လူငယ်အဖွဲ့မှ၎င်းတို့၏အမည်ဖြင့် ငွေတောင်းနေသည်ဟုသတင်း
ထွက်နေသောကြောင့်၎င်းတို့အဖွဲ့မှမည်သူမည်ဝါမှမည်မျှ ငွေကြေးတောင်းခံသည်ကို
သိရှိလို၍ နွားကားများအား တားမြစ်မေးမြန်းကြခြင်းဖြစ်ကြောင်း သုံးဆယ်ကျေးရွာ လူငယ်များမှ ပြောသည်။

'' ကျနော်တို့က အေးအေးဆေးဆေးတားပြီးမေးတာကို သူတို့က အတင်းဖြတ်မောင်းတာ
ခဏကြာတော့ ကား(၂)စီးပြန်လှည့်လာတယ် သူ့လူတွေကိုလည်း သေနတ်ထုတ်ခိုင်းတယ်
လူငယ်တွေကို မင်းတို့လူမိုက်လား ဒါသေနတ်အစစ်ကွဆိုပြီး သုံးချက်ပစ်သွားတာ''ဟု
သုံးဆယ်ကျေးရွာ လူငယ် ဒုခေါင်းဆောင်မှ ပြောသည်။


ယင်းကဲ့သို့ လူငယ်အမည်ဖြင့် ငွေကြေးကောက်ခံနေမှုအား သုံးဆယ်ကျေးရွာအုပ်ချုပ်ရေး
မှူးအား ကြိုတင် အကြောင်းကြား ခဲ့သော်လည်း ဆောင်ရွက်ပေးခဲ့ခြင်း မရှိ၍ လူငယ်များမှ
ယခုကဲ့သို့ တားမြစ်မေးမြန်းရခြင်း ဖြစ်ကြောင်း လူငယ်ခေါင်းဆောင် ကိုမျိုးတင့်မှ ပြောသည်။

လူငယ်များမှကားများအားတားမြစ်ထားစဉ် နွားတင်ကားအရေအတွက်အစီး(၂၀)ကျော်
ဖြစ်လာပြီး  ရှေ့ဆုံးကားမှလူငယ်များအားဝင်တိုက်သဖြင့်လူငယ်များမှ ပြန်၍ ခဲလုံး များဖြင့် ဖြတ်မောင်းသွားသောကားအားဝိုင်းဝန်းထုနှက်ရာကားလေကာမှန်ကွဲသွားကြောင်း
သိရသည်။

ကောင်းခါးပြည်သူ့စစ်အဖွဲ့မှ သေနတ်များပစ်ဖောက်၍ ၄င်းတို့အဖွဲ့မှနွားကား(၅)စီးအားထုတ်
ယူ ခေါ်ဆောင် သွားကြောင်း ဒေသခံများမှ ပြောသည်။ ဆင်ကျော့ပြည်သူ့စစ်အဖွဲ့မှာမူ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်တိ/ကုမွေးဌာနမှခွင့်ပြုသော နွားသယ်ခွင့်ပါမစ်စာရွက်ပါရှိကြောင်း
ကောင်းခါးပြည်သူ့စစ်အဖွဲ့မှာမူ နွားသယ်ခွင့်ပါမစ်စာရွက် ပြသနိုင်ခြင်းမရှိကြောင်း ကျေးရွာ
ကာလသား လူငယ်များမှ ပြောသည်။

အခင်းဖြစ်ပွားချိန်တွင်သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးအားဖုန်းဆက်ခေါ်သော်လည်း လာရောက်ခြင်းမရှိဘဲ နောင်ချိုမြို့မှအရင်ဦးဆုံးရောက်ရှိလာသည့်သတင်းတပ်ဖွဲ့မှသွားရောက်
ခေါ်ဆောင်ခိုင်းမှသာည(၁၁)နာရီအချိန်တွင် ရောက်ရှိလာကြောင်း ဒေသခံများမှ ပြောသည်။

နောင်ချိုမြို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများမှာည(၁)နာရီအချိန်ခန့်တွင် ရောက်ရှိ
လာေ ကြာင်း ကျေးရွာသားများမှပြောသည်။

အဆိုပါကိစ္စအတွက် နောင်ချိုမြို့ မြို့မရဲစခန်းသို့သွားရောက်မေးမြန်းရာတွင်အဆိုပါကိစ္စနှင့်
ပတ်သတ်၍အသေးစိတ်အချက်အလက်များအားစုံစမ်းနေဆဲ ဖြစ်သောကြောင့် ဖြေကြားခြင်း မဖြစ်နိုင်သေးကြောင်းတာဝန်ရှိသူတစ်ဦးမှ ပြန်လည်ပြောကြားသည်။

စိုင်းကံသာ (လားရှိုး)

မြန်မာ့ခေတ်

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။