Thursday, December 5, 2013

ဟုမ္မလင်းတွင်ခရီးသည်တင် ရေယာဉ်နှစ်စင်းတိုက်မိ ခရီးသည်တချို့ ပျောက်ဆုံးနေဆဲ

ခရီးသည်တင် ရေယာဉ်နှစ်စင်းသည် ဟုမ္မလင်းမြို့နယ်၊ မှန်ကင်းဆိပ်ကမ်းအနီး ချင်းတွင်းမြစ်ကြောင်းအတွင်း မျက်နှာချင်းဆိုင် တိုက်မိခြင်းဖြစ်ပြီး ရေထဲသို့ နစ်မြုပ်သွားသည့်အတွက် ပျောက်ဆုံးနေသည့်ခရီးသည်များကို ရှာဖွေနေဆဲဖြစ်
သည်။

တိုက်မိသည့် ရေယာဉ်နှစ်စင်းမှာပုတ်သိုးကျေးရွာမှ မောင်းခမ်း(တောင်/မြောက်)ကျေး
ရွာများသို့ မောင်းနင်းလာသည့် တရုတ်နီအမျိုးအစား မြင်းကောင်ရေ (၂၅)ကောင်
အင်ဂျင် တပ်ဆင်ပါရှိသော အလျား(၁၈)ပေရှိ ရေယာဉ်နှင့် တရုတ်နီအမျိုးအစား
မြင်းကောင်ရေ (၂၅)ကောင် အင်ဂျင်စက် တပ်ဆင်ပါရှိသော အလျား (၂၄) တောင်
ရှိ အပြာရောင် ရေယာဉ်နှစ်စင်းဖြစ်သည်။


တိုက်မိပြီးနောက် အလျား ၂၄ တောင်ရှိ ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့်ခရီး
သည် (၂၄)ဦးအနက် ဦးမိုးညွှန့် အသက်(၄၂)နှစ်၊ ဒေါ်သန်းမြင့် အသက်(၅၂)နှစ်
ဆိုသူ ခရီးသည်နှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။

“ဖြစ်တာက ည ၇ နာရီအချိန်ကြီးဆိုတော့ ဘာမှကောင်းကောင်းမမြင်ရတော့ဘူး၊
ပျောက်နေတဲ့ ခရီးသည် တွေလည်း အသက်ရှင်လျက်ပြန်တွေ့နိုင်ဖို့ မျှော်လင့်ချက်
အပြည့်နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်” ဟု မောင်းခမ်း
နယ်မြေရဲကင်းမှူး ဦးဆောင်သည့် ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြော
သည်။

အဆိုပါ ရေယာဉ်စီးခရီးသည်များအား ကူညီကယ်ဆယ်ပေးလျက်ရှိသည့် ဒုရဲအုပ်
စိုးဝင်းအောင်မှ၎င်းကိစ္စအားတရားလိုပြုလုပ်၍ ထမံသီနယ်မြေရဲစခန်းသို့ တိုင်တန်း
ခဲ့သည့်အတွက် ရဲစခန်းက ယာဉ်(ပ) ၂၁/၂၀၁၃ ပြစ်မှုပုဒ်မ ၂၈၂ အရ အမှုဖွင့်
ထားကြောင်း သိရသည်။

ရေယာဉ်သုံးစွဲမှု တစ်နေ့တစ်ခြားများပြားလာသည့် ချင်းတွင်းမြစ်ကြောင်းတွင်မကြာ ခဏ ရေယာဉ်တိမ်းမှောက်မှုများနှင့် ယာဉ်တိုက်မှုများဆက်တိုက်ဆိုသလို ဖြစ်ပေါ်
လျက်ရှိသည်။ မကြာသေးမီကစစ်ကိုင်းတိုင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှူး
ဦးစီးဌာန၊ တိုင်းညွှန်ကြားရေးမှူး ဦးအေးမင်းမှ ရေယာဉ်များတွင် အသက်ကယ်အင်္ကျီ
များတပ်ဆင်ထားရန် အမိန့်ထုတ်ပြန်ထားသေးသည်။

ချင်းတွင်းမြစ်ကြောင်းအတွင်း ရေယာဉ်တိမ်းမှောက်နစ်မြုတ်မှုဖြစ်ပွားခဲ့ရသည့် ဖြစ်စဉ်
သည်ယခုနှစ်အတွင်း ၁၄ ကြိမ်ခန့်ရှိခဲ့ပြီးယခုလအတွင်းကလေးဝဆိပ်ကမ်းတွင် အမြန်ရေယာဉ်၏ရေယက်ပန်ကာခုတ်မိသဖြင့် ဈေးရောင်းလှေတစ်စီးတိမ်းမှောက်ကာ ဆယ်တန်းကျောင်းသူ ဈေးသည်တစ်ဦး သေဆုံးခဲ့သည့်ဖြစ်ရပ်များလည်ရှိခဲ့သည်။

Written by  ကိုတိုးကြီး
Mizzima 

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။