Thursday, December 5, 2013

NLD သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ တွေ့ဆုံပွဲ ဆွေးနွေးချက်များ စာအုပ်ထုတ် အခမဲ့ဖြန့်ဝေမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ
မှ ဦးဆောင်ပြု လုပ်ခဲ့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးပွဲမှ ရရှိလာသည့်
ဆွေးနွေးချက်များကို စာအုပ်ထုတ် ဝေပြီး အခမဲ့ဖြန့်ဝေသွားမည်ဟု ယင်းကော်မတီမှ
ဒု-ဥက္ကဋ္ဌဦးစိုးညွန့်က ဒီဇင်ဘာ ၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဆွေးနွေးပွဲ
ကျင်းပခဲ့ခြင်းဖြစ် ပြီး အဆိုပါဆွေးနွေးပွဲတွင် သဘာဝပတ်ဝန်းကျင်ပျက်စီးလာခြင်း၊ စိုက်ပျိုးသီးနှံများပျက်စီးလာခြင်း၊ သစ်တောနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ မိုးလေ၀သနှင့်ပတ်သက်သည့် အကြောင်းအရာများ စသည်တို့ကို ဆွေးနွေးခဲ့ခြင်းဖြစ်
သည်။

အဆိုပါဆွေးနွေးချက်များကို စာအုပ်ရေ ၂,၀၀၀ ရိုက်နှိပ်ကာ အခမဲ့ဝေပေးမည်ဖြစ်ပြီး
သမ္မတရုံး၊ ပြည်သူ့ လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
ဆိုင်ရာကော်မတီ၊ လွှတ်တော်စာကြည့် တိုက်များ၊ NLD ဗဟိုကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ NLD လက်အောက်ရှိ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးကော်မတီအဖွဲ့များသို့ ဝေပေးမည်ဖြစ်သည်ဟု ဦးစိုးညွန့်က ပြောဆို သည်။

ယင်းသို့ ဖြန့်ချိပေးခြင်းနှင့်ပတ်သက်ပြီး ဦးစိုးညွန့်က “ကျွန်တော်တို့ ဖြန့်ဝေပေးမယ့်
နေရာတွေအရဆိုရင် စာအုပ်က သောင်းချီပြီး ရိုက်နှိပ်ရမှာပါ။ ဒါပေမဲ့ အခုစာအုပ်ရေ
၂,၀၀၀ အတွက်ပဲ အလှူရှင် ရပါသေး တယ်။ အခု စာအုပ်တွေကို ရိုက်နှိပ်နေပါပြီ”
ဟု ပြောသည်။

အောက်တိုဘာ ၆ ရက် ဆွေးနွေးပွဲတွင် FREDA မှ ဦးအုန်း၊ မိုးလေ၀သပညာရှင်
ဒေါက်တာထွန်းလွင်၊ ဦးညိုမောင်(ရုက္ခဗေဒ)၊ ဦးဝင်းမျိုးသူ (ECODEV) နှင့် သတ္တုတွင်း
ပညာရှင်များကိုယ်စား ဦးစောမိုးမြင့်တို့ က ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ စာအုပ်ရိုက်၍ ဖြန့်ဝေရသည့် ရည်ရွယ်ချက်မှာ သဘာဝပတ်ဝန်းကျင်အ
တွက် လှုပ်ရှားနေ သည့်သူများ၊ သဘာဝပတ်ဝန်းကျင်အတွက် ကောင်းကျိုးပြုလုပ်နိုင်
သည့်သူများအနေဖြင့် ပညာရှင်များ သုံးသပ်သည့် သဘာဝပတ်ဝန်းကျင်အကြောင်း
သေချာစွာ သိရှိနိုင်စေရန်၊ သဘာဝပတ်ဝန်းကျင်အ ကြောင်း ကျွမ်းကျင်စွာ သိရှိနိုင်စေ
ရန်ဖြစ်သည်ဟုလည်း ဦးစိုးညွန့်က ဆိုသည်။

NLD သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီကို မြန်မာနိုင်ငံတစ်ဝန်းတွင်
ရပ်ကျေးအဆင့်အထိ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့
တွင် ပြည်နယ်အဆင့်ထိ ဖွဲ့စည်းပြီးဖြစ် သည်။

ကော်မတီဝက်ဘ်ဆိုဒ်လည်း လွှင့်တင်ထားပြီး ကော်မတီလုပ်ဆောင်ချက်များနှင့်
ပတ်သက်၍ www. nldenvironment.com တွင် ၀င်ရောက်ကြည့်ရှုနိုင်သည်။

 ယုဝေ| ကြာသပတေးနေ့၊ ဒီဇင်ဘာ ၅ ရက်၊ ၂၀၁၃ ခုနှစ်

credit t0- မဇ္စျိမ

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။