Thursday, December 5, 2013

ထိုင်းမှအစိုးရဆန့်ကျင်သူများကို လွှတ်တော်ဝန်းအတွင်းဝင်ရောက်ခွင့် ပြုလိုက်သဖြင့် လမ်းမများပိတ်ဆို့ကန့်ကွက်မှုကိုရပ်ဆိုင်း



ထိုင်းနိုင်ငံမှအစိုးရကို ဆန့်ကျင်ဆန္ဒပြသူများသည် လွှတ်တော်နှင့်ရဲဌာနချုပ်အဆောက်
အဦရှေ့ရှိ လမ်းမများတွင် နှစ်ရက်တာပိတ်ဆို့ကန့်ကွက်ပွဲများလုပ်ခဲ့ပြီးသည်နောက်
နိုဝင်ဘာ ၃ရက်တွင်အစိုးရကအဆောက်အဦ၀န်းအတွင်းသို့ဝင်ရောက်ခွင့်ပြုလိုက်သည်။

ထို့အတွက်ကန့်ကွက်သူများကလည်းလမ်းများပိတ်ဆို့ထားခြင်းကိုရုပ်သိမ်းပေးခဲ့သည်။

ရာပေါင်းများစွာသော ကန့်ကွက်သူများသည် ၀န်းခြံများအတွင်းသို့ ၀င်ရောက်ချိန်တွင် ကန့်ကွက်သူများနှင့် ရဲတပ်ဖွဲ့ဝင်များမှာ အပြုံးကိုယ်စီနှင့် ရှိနေကြသည်။ အချို့ကန့်ကွက်

သူများက ရဲများကို ပွေ့ဖက်ခြင်း၊ အတူတွဲကာ ဓာတ်ပုံရိုက်ခြင်း၊ ပန်းစည်းပေးခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းများပင် ပြုလုပ်ခဲ့ကြသည်။
ကန့်ကွက်သူများသည် အစိုးရ၏ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်း၊ ဆူပှုလှုပ်ရှားခြင်း၊
ရန်လိုခြင်း တစ်စုံတရာ မပြုလုပ်ခဲ့ကြပေ။ လွန်ခဲ့သော နှစ်ရက်မူ ရဲများနှင့် ကန့်ကွက်
သူများအကြားတွင်သံဆူးကြိုးများ၊အတားအဆီးများ ခြားထားခဲ့သလိုကန့်ကွက်သူများ ကလည်း ဒေါသတကြီး ပြုမူခဲ့ပြီး ရဲများကလည်း မျက်ရည်ယိုများနှင့် ပြန်ပစ်ခဲ့သည်။

ကန့်ကွက်သူများသည် နိုင်ငံပိုင် တယ်လီဖုန်းနှင့် အဝေးဆက်သွယ်ရေး အေဂျင်စီနှင့် အထူးစုံးစမ်းစစ်ဆေးရေးဌာန အဆောက်အဦများကို ၀န်ရံပိတ်ဆို့ပြီးနောက်ပိုင်း
ရဲဌာနချုပ်နှင့် လွှတ်တော်တို့ကို ထပ်မံ သိမ်းပိုက်နိုင်ရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။

Ref; AFP
Credit to > The Myanma Age

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။