Thursday, December 26, 2013

အင်ဒိုများမှ အသက်ကို ခြိမ်းခြောက်ခြင်းခံနေရသော Sabah Miri ရောက် မြန်မာ အလုပ်သမား ၉၇ ဦး နှင့်ဆက်စပ်သတင်းများ နှင့်တာဝန်ရှိသူများ၏ ဖြေကြားမှုများ ၊ အစီအစဉ်များ

 



မလေးရှား ၂၅.၁၂.၂၀၁၃
စတင်ခြင်း
******
မလေးရှားနိုင်ငံ အရှေ့ခြမ်း ဆာဗ ၊ ဆရာဝပ် (Sabah , Sarawak) ဒေသ ၊ ဘရူးနိုင်ငံ
နှင့် အရှေ့မလေးရှား ဆက်သွယ်နေသော အာဆီယံတံတား ဘေး မီရီ မြို့အစွန်ရှိ
သင်္ဘောကျင်းတွင် သွားရောက်လုပ်ကိုင်နေသော မြန်မာအလုပ်သမား စုစုပေါင်း ၉၇ ဦး
သည် ယနေ့ အင်ဒိုနီးရှားမှ အလုပ်သမားရာပေါင်းများစွာ၏ အသက်အန္တရယ်
ခြိမ်းခြောက်မှုကို ခံနေရပြီးလက်ရှိ နေရာတစ်ခုတွင် စုပေါင်း ခိုအောင်းကာ အပြင်သို့
မထွက်ရဲပဲ ပုန်းအောင်းနေထိုင်လျှက်ရှိကြသည် ။

ဖြစ်ပွားပုံမှာ အဆိုပါ မြန်မာအလုပ်သမားများထဲမှ အလုပ်သမား ၂ ဦးသည် စားသောက်
ရန် အစားသောက်ကုန်တစ်ချို့ထွက်ဝယ်သောအ ချိန်တွင် အင်ဒိုနီးရှား နိုင်ငံသား အလုပ်
သမား ၂ ဦး ၏ ရန်စ ပြောဆိုမှုကိုခံရကာ အခြေအတင်စကားများကြပြီး တစ်ဘက်စီ ထိုးကြိတ်ကြရာမှ ပြဿနာစတင်ခဲ့သည် ။

ထို့နောက် ပြဿနာ မပြီးနိုင်သော အင်ဒိုများမှ ရာပေါင်းများစွာသော အလုပ်သမား များကို ခေါ်လာကာ မြန်မာ အလုပ်သမား ၉၇ ဦး၏ အသက်ကို ရန်ရှာခဲ့ကြသည် ။
မြန်မာ အလုပ်သမားများ မှ နီးစပ်ရာ တော ၊ ပုန်းအောင်းနိုင်သော နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ၊ ထိုအင်ဒိုများသည် မြန်မာများနေထိုင်သော နေရာရှိ
ပစ္စည်းများ အားလုံး ရိုက်ဖျက် ကာ မီးရို့ခဲ့ကြသည် ။

ထိုထွက်ပြေးတိမ်းရှောင်နေသော အလုပ်သများများ အားလုံး စုစည်းကာ အလုပ်လုပ်
ကိုင်ရာ နေရာအနီးရှိ ဂိုဒေါင်တစ်ခုတွင် စုစည်းနေထိုင်နိုင်ခဲ့ကြသည် ။ ထိခိုက် ၊ဒဏ်ရာ
မရှိ ၊ အသက်ဆုံးခြင်းမရှိပါ ။

ထို့နောက် အဆိုပါ အလုပ်သမားများထဲမှာ မောင်xxxxx နှင့် သူငယ်ချင်းဖြစ်သူ ၂ ဦးတို့သည် သင်္ဘောကျင်းတာဝန်ခံ Mr Limအား ပြောပြကာအန္တရယ်စိုးရိမ်ရသည့်အတွက် မြန်မာနိုင်ငံ သို့ ပြန်ရန် ပြောဆိုသောအခါတွင်ထို မြန်မာ ၂ ဦးအားလုံခြုံရေးဝန်ထမ်းများဖြင့်ဂိတ် စောင့်
လုံခြုံရေးရုံး ဖြစ်သောကွန်တိန်နာဖြင့်ပြုလုပ်ထားသည့် နေရာသို့ခေါ်ဆောင်သွားကာ ရိုက်နှက် ပြီးပြန်လွတ်ခဲ့ကြောင်းသိရသည် ။ ဆက်လက်ဦးဆောင်မည့်သူရှိမလာအောင်
လုပ်ဖြစ်ကြောင်းအဆိုပါအလုပ်သမားများမှ ဖြေကြားခဲ့သည် ။

ယခု ညအထိ အဆိုပါ မြန်မာ နိုင်ငံသားမျာသည် ထိုဂိုဒေါင်တစ်လုံးတည်းတွင်နေထိုင်လျှက်
ရှိကာအလုပ်မလုပ်ရပဲအင်ဒိုများ၏ရန်မှ ရှောင်တိမ်းနေကြရသည်။စိတ်ဓာတ်ကျလျှက်ရှိကြ
သည် ။ ဆက်စပ်မှုများ
*********
ထိုအလုပ်သမား ၉၇ ဦးတွင် အများစု့မှာ မြန်မာနိုင်ငံ Arbour Field - Oversea Manpower ကုမဏီမှ ဖြစ်ပြီးကျန်သူများမှာအခြားသောကုမ္မဏီမှပို့ဆောင်ထားသူများဖြစ်ကြောင်းသိရ
သည် ။ထို ၉၇ ဦးထဲမှအယောက် ၃၀ ခန့်သည်လွန်ခဲ့သောတစ်လခန့်ကမှ ရောက်ရှိ
လာခြင်းဖြစ်ပြီးအစောဆုံးရောက်ရှိသူများမှာ ၂ နှစ်ခန့်ရှိကြောင်း ။ ယနေ့အချိန်အထိလစာ အနည်းငယ်သာရရှိပြီးဆက်လက်လုပ်ကိုင်နေရကြောင်းသိရသည် ။

၉၇ ဦးလုံးတွင်စားသောက်စရာစုဆောင်းထားနိုင်ခြင်းမရှိပဲကင်တင်းမှ ကြွေးမွေးသော
စားသောက်စရာအချို့ဖြင့် နေထိုင်လျှက်ရှိသည် ။

ထိုကိစ္စ နှင့်ပတ်သက်ပြီးအဆိုပါ ၉၇ ဦးလုံးမလေးရှားနိုင်ငံရှိလူမှုအဖွဲ့အစည်းအားလုံး အား ဆက်သွယ်အကူအညီတောင်းခံထားသော်လည်းကွာလာလမ်ပူမြို့ နှင့်ပင်လယ်ခြားဒေ သဖြစ်သော ကြောင့်တစ်ကြောင်းလွယ်လွယ်သွား၍မရနိုင်သည့် နေရာဖြစ်သောကြောင့်
လည်းကောင်းထိထိရောက်ရောက်ကူညီရန် အလွန်လက်လှမ်းဝေးလျှက်ရှိနေသည် ။

မြန်မာနိုင်ငံမှ တာဝန်ရှိသူများ၏ ဆောင်ရွက်မှု
*******************************
ယခု ကိစ္စ အတွက် မလေးရှား နိုင်ငံ ကွာလာလမ်ပူရှိ မြန်မာအလုပ်သမား ရေးရာ တာဝန်ခံ
ဦးစိုးဝင်း အား ကျွန်တော်တို့ မေးမြန်းထားရှိမှုမှာ အောက်ပါအတိုင်းဖြစ်သည် ။

ဦးစိုးဝင်းမှ လက်ရှိ ပြဿနာအတွက် တာဝန်ရှိသူများသို့ဆက်လက်သတင်းပို့ထားပြီး ရှေ့ဆက်ဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း ၊ ထိုသူများအား ပို့ဆောင်ထားသော ကုမ္မဏီများ ကိုဆက်သွယ်ကာ မြန်မာနိုင်ငံသား ၉၇ ဦး
အား ကူညီနိုင်မည့် အစီအစဉ်များကို တိုင်ပင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ထို့သာမက ။
ဦးစိုးဝင်းသည်ယနေ့အချိန်ထိ ထို Sabah , Sarawak ဒေသသို့အလုပ်သမားခေါ်ရန်
လာရောက်တင်ထားသော Demand အားလုံးကိုလုံးဝခွင့်မပြုခဲ့ကြောင်း ၊ထိုသို့တားမြစ် ပိတ်ပင်ထားသည့်ကြားမှ မြန်မာနိုင်ငံမှဆက်လက်ပို့ဆောင်နေခြင်းဖြစ်ကြောင်း ။်

ထိုဒေသသို့သွားရောက်ရန် ခွင့်ပြုချက်ရသည်နှင့်သွားရောက်ကာအလုပ်သမား ၊ အလုပ်
ရှင် ၊ အေးဂျင်းတို့ စုပေါင်းဖြေရှင်းရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည် ။

လုပ်ဆောင်ရန်များ
*************
ဆက်လက်ပြီးအဆိုပါ ၉၇ ဦးအတွက်လုံခြုရေးအခြေအနေ ၊ နေထိုင်မှု့ ၊ စားသောက်မှု
များ အခက်အခဲများရှိလာပါကချက်ချင်းကူညီနိုင်ရန်ကျွန်တော်တို့ မလေးရှားရောက်မြန်မာ
များစာမျက်နှာမှ တတ်နိုင်သရွေ့ ဆောင်ရွက်နေပြီ ဖြစ်သည် ။

မြန်မာအလုပ်သမား ၉၇ ဦး ၏အခက်အခဲများအတွက်ကျွန်တော်တို့ အားလုံးစုပေါင်းဖြေရှင်း
ရန်ဆက်လက် စီစဉ်မည်ဖြစ်သည် ။ထိုသူများ အားငယ်စိတ်ဓာတ်မကျနေစေရန်ကျွန်တော်တို့
တာဝန်ရှိသည် ။ ထိုသူများအားလုံးဝပစ်မထားကြောင်းကျွန်တော်တို့ ဆောင်ရွက်ရမည် ။

မလေးရှားရောက် မြန်မာများအားလုံးယခုကိစ္စအတွက်တတ်နိုင်သောဘက်မှကူညီကြရန်
ကျွန်တော်တို့ မလေးရှားရောက် မြန်မာများစာမျက်နှာမှအထူးမေတ္တာရပ်ခံသည် ။

တတ်နိုင်သော အကူအညီ
*****************

ကျွန်တော်တို့မလေးရှားရောက် မြန်မာများ စာမျက်နှာမှ တာဝန်ရှိသူများ သွားရောက် သော
အချိန်တွင် လိုက်ပါ မည်ဖြစ်ပြီး လက်ရှိကူညီနိုင်သော အကူအညီအနေဖြင့် ထိုသူများအတွက် ဖုန်းဆက်သွယ်မှု့ ကြိုတင်ငွေဖြည့် ခြင်း ၊ လိုအပ်သော ငွေ ၊ အရေးပေါ်ဆက်သွယ်ရန် သူများ ၊ ကျန်းမာရေး အခြေအနေ ၊ အစားအသောက် အရေးပေါ် အခြေအနေများကို ကျွန်တော်တို့မလေးရှားရောက်မြန်မာများ စာမျက်နှာမှ အပြည့်အဝ တာဝန်ယူ ကူညီမည်ဖြစ်
သည် ။

မလေးရှားရောက် မြန်မာများ အားလုံးကိုလည်း ကျွန်တော်တို့ မြန်မာနိုင်ငံသား ၉၇ ဦး၏ အရေး
အားကိုယ်စွမ်းညဏ်စွမ်းရှိသရွေ့ကူညီပါရန် လေးစားစွာ မေတ္တာရပ်ခံသည် ။

လက်ရှိ ငွေကြေးအကူညီအနေဖြင့်မလိုအပ်သေးသောကြောင့်ကျွန်တော်တို့မတောင်းခံပါ ။
ကျွန်တော်တို့မနိုင်နင်းပါက ၊ လိုအပ်သောအကူအညီများရှိလာပါက ရေးသားပြီး အကူညီတောင်း
ခံမည် ။

ထိုသူများအတွက်တာဝန်ရှိသူများ ဖြေရှင်းပြီးချိန်အထိလိုအပ်သောအကူအညီများကိုကျွန်တော်
တို့စုပေါင်းကူညီမည် ။

မြန်မာနိုင်ငံသားများအားလုံးအဆိုပါ ဒုက္ခရောက် ၊ စိတ်အားငယ် စိုးရိမ်နေသော Sabah ၊ Miri ဒေသရှိ မြန်မာ ၉၇ ဦးအတွက်မိမိတို့အားပေးနိုင်သမျှအားပေး ကြရန်တိုက်တွန်း
သည် ။

ဤစာမျက်နှာတွင်အားပေးစကား ပြောကြားပါကထိုအလုပ်သမား ၉၇ ဦးလုံးသိရှိမည်ဖြစ်
သည် ။

မလေးရှားရောက် မြန်မာများ Facebookpage
www.facebook.com/mmrinmy
at Miri,sarawak.

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။