Friday, December 27, 2013

မလေးရှား သတင်း နောက်ဆက်တွဲ [27-12-2013, 17:19 pm]

မလေးရှားရှိ မြန်မာသံရုံးမှ မြန်မာအလုပ်သမားဆိုင်ရာသံအရာရှိ ဦးစိုးဝင်း၊
မြန်မာ သံရုံး အရာရှိ(၁)ဦး၊ (မြန်မာအလုပ်သမားများကို စေလွှတ်လိုက်သော) မလေးရှားအလုပ်သမားအေဂျင်စီတာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင်
ကွာလာ လမ်ပူမှ ဆာရာဝပ်ပြည်နယ်သို့ လေကြောင်းခရီးဖြင့် ထွက်ခွါခဲ့ကြောင်း
မြန်မာအလုပ်သမားများ ကူညီရေးအဖွဲ့သည် ဆာရာဝပ်ပြည်နယ် မြို့တော်
ကူချင်းသို့ ယနေ့ နေ့လည်ပိုင်းတွင် ရောက်ရှိခဲ့ပြီး မနက်ဖြန် နေ့လည် ၁၂ နာရီ
လေယာဉ်ဖြင့် စက်ရုံတည်ရှိရာသို့ ဆက်လက် ထွက်ခွါမည် ဖြစ်ကြောင်း၊ ကူချင်းမှ စက်ရုံသို့ မော်တော်ကားဖြင့် ၁၄ နာရီ ခရီးရှိပြီး လမ်းခရီး စိတ်ချရမှု မရှိခြင်းကြောင့်
မနက်ဖြန်မှ ဆက်လက် ထွက်ခွါရန် ဖြစ်ကြောင်း၊

မလေးရှားရှိ မြန်မာသံရုံးကလည်း မလေးရှားအစိုးရသို့ အဆိုပါဖြစ်စဉ်အား
အသိပေး၍ ကာကွယ်စောင့်ရှောက်မှု အမြန်ဆုံးပေးရန် တောင်းဆိုထားပြီး
သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများက လုံခြုံရေးဆောင်ရွက်ပေးထားသဖြင့်
မြန်မာအလုပ်သမားများ၏ အခြေအနေမှာ စိုးရိမ်စရာ မရှိတော့ကြောင်း၊ မြန်မာ
အလုပ်သမားများ၏အခြေအနေမှာလက်ရှိအချိန်တွင် အေးဆေးတည်ငြိမ်နေပြီဖြစ်ကြောင်း၊မြန်မာ
အလုပ်သမားများထံသို့ မြန်မာအလုပ်သမားအေဂျင်စီမှ တာဝန်ရှိသူအချို့ ရောက်ရှိနေပြီ ဖြစ်ပြီး စက်ရုံတာဝန်ရှိသူများနှင့် မြန်မာအလုပ်သမားများ၏ အခွင့်အရေး၊ လုံခြုံမှုကို ညှိနှိုင်းလျက် ရှိကြောင်း၊ နောက်ထပ် မြန်မာအလုပ်သမားအေဂျင်စီ(၂)ခုမှ တာဝန်ရှိသူများ မြန်မာနိုင်ငံ
မှ ယနေ့ လေကြောင်းခရီးဖြင့် မလေးရှားသို့ လိုက်ပါသွားကြပြီ ဖြစ်ကြောင်း၊

မလေးရှားရောက် မြန်မာ(စစ်ကိုင်းတိုင်းဒေသကြီးမှ)ဇနီးမောင်နှံ(၂)ဦးက မြန်မာအလုပ်
သမားများအတွက် ဆန်များ လာရောက်လှူဒါန်းပေးအပ်ထားပြီး ဖြစ်၍ အစားအသောက် အခက်အခဲ ပြေလည်နေပြီ ဖြစ်ကြောင်း၊

မြန်မာနိုင်ငံသံရုံးမှ အလုပ်သမားအရာရှိနှင့် သံရုံးတာဝန်ရှိသူများသည် မြန်မာအလုပ်
သမားအေဂျင်စီ၊ မလေးအလုပ်သမားအေဂျင်စီ၊ စက်ရုံတာဝန်ရှိသူများ၊ မလေးရှားအစိုးရ
မှ သက်ဆိုင်ရာ စသည်တို့ ပါဝင်သောအလုပ်ရှင်(အလုပ်သမားအေဂျင်စီပါဝင်)-အလုပ် သမား-(၂နိုင်ငံ)အစိုးရ (၃)ပွင့်ဆိုင် တွေ့ဆုံပြီး အလုပ်သမားအခွင့်အရေးဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြန်မာအလုပ်သမားများ၏ အခက်အခဲများ၊ လုံခြုံဘေး ကင်းမှု၊ ရေရှည်အာမခံချက်စသည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဆောင်ရွက်
သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။


Myawadi News

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။