Thursday, December 19, 2013

မျက်စေ့လည် လမ်းမှားနေသော မြန်မာပြည်နိုင်ငံရေး


ဒီရက်တွေအတွင်း မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများမှာ ဒေါ်အောင်ဆန်း
စုကြည်နဲ့ပြည်သူ လူထုတွေ့ဆုံပွဲတွေလုပ်ပြီး ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ
အပုတ်ချပွဲတွေ ကျင်းပနေတာတွေ့ရပါတယ်။ ဆင်းရဲတွင်း နက်နေတဲ့ မြန်မာပြည်
အတွက် ဒီဖွဲ့စည်းပုံပြင်ဆင်ရေးက အဲလောက်အထိ အရေးပါနေသလား။ အခုချက်
ချင်း ဒါကိုပြင်လိုက်တာ နဲ့ မြန်မာပြည် သူလူ ထုချမ်းသာလာမှာလား။ ဖွဲ့စည်းပုံပြင်
လိုက်လို့ တိုင်းရင်း သားလက်နက် ကိုင်တွေအနေနဲ့ထာဝရငြိမ်းချမ်းရေးတကယ်ယူ
မှာလား။ ဒါဆိုရင်တော့ ပြင်ရုံမကဖျက်ချင်ရင် ဖျက်လိုက်ပါ။

ဖွဲ့စည်းပုံပြင်ဆင်ရေးထက် တကယ်လုပ်သင့်တာက မြန်မာပြည်သူလူထုတွေ ကြီးပွား
ချမ်းသာရေး၊ လက်နက်ကိုင်တွေရှိနေတဲ့နေရာတွေမှာ တိုက်ပွဲတွေ မဖြစ် ပွားရေး၊ မြန် မာ့ငွေကြေးခိုင်မာတောင့်တင်းပြီး ၀န်ထမ်းတွေ ကိုယ့်လစာ နဲ့ကိုယ် စိတ်ချမ်းသာ စွာ စားသောက်နေထိုင်ရေး၊ ဆင်းရဲမှုတွေ တကယ်လျော့ နည်း ပပျောက်ရေး… ဒါတွေတ ကယ်လုပ်သင့်ပါတယ်။ ဒီလိုလုပ်ပေးနိုင် တဲ့သူလာလျှင် ပြည်သူလူထုအပေါ်တကယ်
ချစ်တဲ့ခေါင်းဆောင်လို့ သတ်မှတ်ယုံကြည်ပါတယ်။


ဒီကနေ့အထိ အဲလိုမျိုးတကယ်လုပ်ပေးမယ့်သူကို မတွေ့သေးပါဘူး။ လက်နက်ကိုင်တွေ
နဲ့ငြိမ်းချမ်းရေး လုပ်နေတဲ့ လူတွေကြည့်လိုက်တော့ လဲ နှစ်ဘက်စလုံးကငြိမ်းချမ်းရေးကို ဗန်းပြပြီးလုပ်စားနေကြတာပါပဲ။ ဒီဘက်ကကားပေးမယ်၊တိုက်ခန်းပေးမယ်၊ငွေကြေးက
သိန်းတစ်ထောင်ပေး မယ်ဆိုတာမျိုးကျတော့မဖြစ်သင့်ပါ။အရင်တုန်းက ဒီသတင်းတွေကို ဟုတ်တယ်လို့မယုံကြည် ခဲ့ပေမယ့် ဦးပီတာလင်းပင်လိုလူမျိုးနဲ့တွေ့တော့ အကုန်လုံး ဖုံးမရဖိမရဖြစ်ခဲ့တာပါပဲ။ ငြိမ်းချမ်းရေးဆိုတာကို လုပ်စားတယ် ဆိုတာထင်ထင်ရှားရှားပါပဲ။


နောက်တစ်ဦးကတော့ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာထား
ရှိတဲ့ပြည်သူတွေရဲ့မျှော်လင့်ချက်ကကြီးမားပါတယ်။ ၁၉၈၈ ခုနှစ်ကစလို့အားကိုး ခဲ့တာ ပါ။ နိုင်ငံရေးသမားကြီးတွေ ဝေဖန်ထောက်ပြသလိုပါပဲ။ မစုဟာ သူ့အဖေဗိုလ်ချုပ်အောင်ဆန်း လို နိုင်ငံရေးမှာ ပါးနပ်လိမ္မာမှု မရှိဘူး..တဲ့။ တကယ်မှန်တဲ့စကားပါပဲ။လွန်ခဲ့တဲ့နှစ်ပေါင်းများ
စွာကထဲက သဘောထားပျော့ပြောင်းစွာနဲ့ လိုက်လျောသင့် တာလိုက်လျော ၊ပေါင်းသင့် တာပေါင်းခဲ့မယ်ဆိုရင် မြန်မာပြည်ဒီမိုကရေစီရတာ ဆယ်စုနှစ်ကျော်ပြီပေါ့။ အခုမှ
လွှတ်တော်နဲ့အစိုးရနဲ့ တည်တည်ငြိမ်ငြိမ်ဖြစ်မယ်ရှိသေးတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးက
ပွဲဆူလာနေပါပြီ။


ပြောချင်တာက ပြည်သူအများစုအနေနဲ့ မြန်မာနိုင်ငံကိုတည်တည်ငြိမ်ငြိမ်နဲ့တိုးတက်စေ
ချင်တာပါပဲ။ ဘယ်သူပဲအုပ်ချုပ်အုပ်ချုပ်ပါ။ ဒါကပြည်သူတြွေ ဖစ်စေချင်တဲ့ဆန္ဒအမှန်ပါပဲ။ အားလုံးဟာညီညီညွတ်ညွတ်နဲ့ ဖြစ်နေရင် တိုင်းပြည်တိုးတက်မှာပါ။ အခုကျတော့ပြည်သူတွေ
အနေနဲ့လက် ရှိမြန်မာနိုင်ငံရေးအပေါ်မျက်စေ့ လည်စရာဖြစ်နေပါတယ်။ အခြားသော အကြောင်းတွေကိုပြနေပေမယ့် တကယ့်အကြောင်းရင်းက ၂၀၁၅မှာ သမ္မတဖြစ်ဖို့အတွက် ဖွဲ့စည်းပုံကို ပြင်ဆင်နေတာဖြစ်သလို တကယ်ငြိမ်း ချမ်းရေးထက် ငွေကြေးနဲ့ဝယ်ယူနေ ရတဲ့ငြိမ်းချမ်းရေးဖြစ်နေတာ မို့ မြန်မာ့နိုင်ငံရေးလမ်းမှားရောက်မှာကိုတော့ အလွန်ပဲစိုးရိမ်နေ
မိပါတယ်။






အောင်မိုးကျော်

၂၀၁၃ ဒီဇင်ဘာ ၁၉

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။