နေပြည်တော်မြို့မဈေးတွင်
ဆီးဂိမ်းပြိုင်ပွဲကာလ၌ အဖျက်အမှောင့်လုပ်ငန်းများလုပ်ကိုင်
ရန်အကြမ်းဖက်သမားသုံးဦးရန်ကုန်မြို့သို့ထွက်ခွာသွားကြောင်း
နေပြည်တော်မြို့မဈေး
တာဝန်ခံအမည်ဖြင့် ဗီနိုင်းများကပ်ထားသည် ဟုသတင်းရရှိသည်။
အဆိုပါကြေညာချက်တွင်ကေအိုင်အေကချင်အဖွဲ့မှ
အကြမ်းဖက်သမားသုံးဦးအစ္စလာမ် အစွန်းရောက်များနှင့် ဆက်သွယ်ပြီး အဖျက်လုပ်ငန်းလုပ်မည်ဟုဖော်ပြထားသည်။
အကြမ်းဖက်သမားသုံးဦးဆိုသူ၏ အမည်၊အသက်၊ ရာထူးအဆင့်များဖော်ပြထား၍ မီဒီယာအချို့က ကေအိုင်အေပြောရေးဆိုခွင့်ရှိသူထံ
မေးမြန်းရာ၎င်းသတင်း
မမှန်ကြောင်းငြင်းဆိုသည်။ ထို့အပြင်နေပြည်တော်ရဲချုပ်ရုံးမှလည်းကောင်း၊ နိုင်ငံတော်
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်မှလည်းကောင်း၊ ထိုကိစ္စကို
မသိရှိကြောင်းငြင်းဆိုသည်။
မမှန်ကြောင်းငြင်းဆိုသည်။ ထို့အပြင်နေပြည်တော်ရဲချုပ်ရုံးမှလည်းကောင်း၊ နိုင်ငံတော်
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်မှလည်းကောင်း၊ ထိုကိစ္စကို
မသိရှိကြောင်းငြင်းဆိုသည်။
၎င်းကြေညာချက်ပါသော
ဗီနိုင်းများကို နေပြည်တော်မြို့မဈေးဝင်းနှင့် ဘောဂသီရိအဝေးပြေး
ကားများတွင် ဒီဇင်ဘာ၆ရက်နေ့ကစတင်ကပ်ထားသည်ကိုမြင်ရကြောင်း ဈေး သူဈေးသား များကပြောကြသည်။
ယင်းကြေညာချက်ပါဆီးဂိမ်းပြိုင်ပွဲကာလ၌အဖျက်အမှောင့်လုပ်ငန်းများလုပ်ကိုင်ရန်ကေ
အိုင်အေအကြမ်းဖက်သမားသုံးဦးရန်ကုန်မြို့သို့ထွက်ခွာလာသောသတင်းမှာမဟုတ်မမှန်
ခဲ့လျှင်ထိုကြေညာချက်ဗီနိုင်းကပ်သူများသည်အများပြည်သူကိုထိတ်လန့်ခြောက်ခြားစေရန် ကြံရွယ်ဆောင်ရွက်ခြင်းဖြစ်၍တာဝန်ရှိသူများက ကြေညာချက်ကပ်သူကို အမြန်ဆုံးဖော်
ထုတ်ပြီးအရေးယူပေးရန်နေပြည်တော်မြို့မဈေးဝင်း၏ ဈေးသူဈေးသားများကတောင်း
ဆိုကြောင်းသတင်းရရှိသည်။

ပုလဲသီ
လူမှုကွန်ယက်ဟစ်တိုင်သတင်းဂျာနယ်
၁၈-၁၂-၂၀၁၃
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။