Thursday, December 19, 2013

KIO/KIA ကိုဆန္ဒပြရန် ခွင့်ပြုချက်တောင်းခံမှု မြစ်ကြီးနားရဲစခန်းပယ်ချ

ကချင်ပြည်နယ် မန်စီမြို့အတွင်းနေထိုင်သော ရှမ်းနီတိုင်းရင်းသား ၁၀၀ကျော်ကို
KIO/KIA အဖွဲ့ကဖမ်းဆီးထားသည်ဟုဆိုကာ KIO/KIA အဖွဲ့ကိုဆန္ဒဖော်ထုတ်
ရန် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)က မြစ်ကြီးနားရဲစခန်းတွင် ငြိမ်းချမ်း
စွာစီတန်းလှည့်လည်ခွင့်လျှောက်ထားသော်လည်း ပယ်ချခံရကြောင်း မြစ်ကြီးနား
ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ကချင်ပြည်နယ်အခြေစိုက် ရှမ်းမျိုးစုရေးရာအဖွဲ့က ဒီဇင်ဘာလ၂၀ရက်နေ့တွင်
မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်းတိုက်မှ KIO/KIA ငြိမ်းချမ်းရေးနည်းပညာအထောက်
အကူပြု ရုံးရှေ့အထိ လူဦးရေ ၄၀,၀၀၀ခန့်လမ်းလျှောက်ဆန္ဒပြရန် မြစ်ကြီးနားရဲ
စခန်းသို့လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်အခြေစိုက်ရှမ်းမျိုးနွယ်စု
များအရေးလှုပ်ရှားသူဦးစိုင်းထိန်လင်းကပြောကြားသည်။
``ဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုမိန့်တင်တဲ့အခါ လူအင်အားကလေးသောင်းဖြစ်နေတဲ့
အတွက် လုံခြုံရေးအရ ငြင်းပယ်လိုက်ပါတယ်´´ဟုမြစ်ကြီးနားရဲစခန်းမှ တာဝန်ရှိ
သူတစ်ဦးကဆိုသည်။

ယင်းသို့ငြင်းပယ်လိုက်ခြင်းကို ဆန္ဒထုတ်ဖော်ရန်လျှောက်ထားခဲ့သည့် ရှမ်းမျိုးနွယ်
စုရေးရာအဖွဲ့(ကချင်ပြည်နယ်)သို့ မြစ်ကြီးနားရဲစခန်းက အကြောင်းကြားခြင်းမရှိ
သေးကြောင်း အဆိုပါအဖွဲ့၏ ဒုတိယခေါင်းဆောင်ဦးစန်းဝေက ပြောကြားသည်။
`ခွင့်ပြုမိန့်လျှောက်တုန်းက ဆန္ဒပြခွင့်ကို ၂၀ရက်ကနေ ၂၃ရက်နေ့ကိုရွှေ့ပေးဖို့
ပဲရဲမှူးကပြောတယ်။ ဆန္ဒပြခွင့်ငြင်းတဲ့စာက တရားဝင်တော့မလာသေးဘူး။ ဆန္ဒ
ပြပွဲကိုဖြစ်မြောက်အောင်လုပ်သွားမယ်´ ဟု၎င်းကဆိုသည်။
ရှမ်းနီလူမျိုးများကိုယခုလအတွင်း ဖမ်းဆီးထားခြင်းမရှိကြောင်း မြစ်ကြီးနားမြို့ရှိ
KIO/KIA နည်းပညာအထောက်အကူပြုအဖွဲ့က ဒီဇင်ဘာ ၁၂ရက်နေ့တွင်ငြင်း
ဆိုထားသည်။
ကချင်ပြည်နယ် မန်စီမြို့တွင်းနေထိုင်သော ရှမ်းနီလူမျိုး ၆၀ကျော်ကို ဒီဇင်ဘာလ
ပထမပတ်အတွင်း KIA တပ်မဟာ(၃)က စစ်သားစုဆောင်းရန်အတွက် ဖမ်းဆီး
ခေါ်ဆောင်သွားကြောင်း နိုဝင်ဘာလနှင့်ဒီဇင်ဘာလအတွင်း စစ်သားစုဆောင်း
ရန် ဖမ်းဆီးခံရသည့် ရှမ်းနီလူမျိုး ၁၀၀ကျော်ရှိပြီဖြစ်ကြောင်း ရှမ်းနီ(တိုင်းလိုင်)
တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်ကဆိုထားသည်။

The Voice Daily
19-12-2013

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။