၂၀၁၄ခုနှစ်မတ်လတွင်ကောက်ယူမည့် သန်းခေါင်စာရင်းကောက်ယူမှုတွင် မြန်မာ
နိုင်ငံတွင်းနေထိုင်သော တိုင်းရင်းသားမျိုးနွယ် ၁၃၅မျိုးပြည့်မီအောင် ကောက်ယူနိုင်
ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်
အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်
ကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) နှင့်ညီနောင်
တိုင်းရင်းသားများဖက်ဒရေးရှင်း (NBF) ကထုတ်ပြန်ကြေညာလိုက်သည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသား၁၃၅မျိုးစလုံးပါဝင်နိုင်ရန်အတွက်
ဆွေးနွေးမည့်အပြင် တိုင်းရင်းသားဒေသများတွင် ပြည်လုံးကျွတ်သန်းကောင်စာရင်း
ကောက်ယူပါက ကြုံတွေ့ရမည့် ဒေသသုံးဘာသာစကားအခက်အခဲများ၊ နယ်မြေ
ကျွမ်းကျင်မှုစသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ဆွေးနွေးရန် ပြည်ထောင်စုဝန်ကြီး
ဦးခင်ရီကို ၂၀၁၄ခုနှစ်ဇန်န၀ါရီလအတွင်းတွင် တင်ပြသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ
၁၈ရက်နေ့တွင် UNA နှင့် NBF အဖွဲ့များကထုတ်ပြန်ထားသည်။
အဆိုပါသန်းကောင်စာရင်းကောက်ယူရေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆွေးနွေးမည့်အပြင် တိုင်းရင်းသားဒေသများတွင် ပြည်လုံးကျွတ်သန်းကောင်စာရင်း
ကောက်ယူပါက ကြုံတွေ့ရမည့် ဒေသသုံးဘာသာစကားအခက်အခဲများ၊ နယ်မြေ
ကျွမ်းကျင်မှုစသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ဆွေးနွေးရန် ပြည်ထောင်စုဝန်ကြီး
ဦးခင်ရီကို ၂၀၁၄ခုနှစ်ဇန်န၀ါရီလအတွင်းတွင် တင်ပြသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ
၁၈ရက်နေ့တွင် UNA နှင့် NBF အဖွဲ့များကထုတ်ပြန်ထားသည်။
ဝန်ကြီးဌာနကထုတ်ပြန်ထားသော ၂၀၁၄ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာသန်း
ခေါင်စာရင်းဆိုင်ရာ အိမ်ထောင်စုမေးခွန်းပုံစံ၄၁ချက်မှာ ရိုးရှင်းလွယ်ကူမှုမရှိဘဲ ရှုပ်ထွေး
နေကြောင်းတွေ့ရသဖြင့်အခက်အခဲများစွာဖြစ်လာနိုင်ကြောင်း UNA နာယက ဦးအေး
သာအောင်ကပြောကြားသည်။
`တချို့တိုင်းရင်းသားတွေကဗမာစကားကို ကောင်းကောင်းမပြောတတ်ဘူး။ အဲဒီတော့
တိုင်းရင်းသားတွေအတွက်ရိုးရှင်းတဲ့ မေးခွန်းတွေဖြစ်ဖို့လိုပါတယ်´ ဟု၎င်းကဆိုသည်။
ဒီဇင်ဘာ ၁၇ရက်နေ့တွင်ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့UNA နှင့်
ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း NBF အဖွဲ့ဝင်ပါတီများအပါအ၀င် နိုင်ငံရေး
ပါတီ၂၂ပါတီတို့သည် ၂၀၁၄ခုနှစ်လူဦးရေနှင့်အိမ်ထောင်စုအကြောင်းအရာသန်းခေါင်
စာရင်းဆိုင်ရာ (census) ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲအပြီး၌ သန်းခေါင်စာရင်းတွင် တိုင်းရင်းသားလူမျိုးနွယ်စု၁၃၅မျိုးပြည့်မီ
အောင်ကောက်ယူရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့်ဆွေးနွေးမည်ဖြစ်ကြောင်း
ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးဦးခင်ရီက နိုဝင်ဘာလအတွင်းတွင် သန်းခေါင်စာရင်းကောက်ယူရာ
၌တိုင်းရင်းသားမျိုးနွယ်စု၁၃၅မျိုးစာရင်းအပြောင်းအလဲဖြစ်ကြောင်းပြောကြားသည်။
မြန်မာနိုင်ငံတွင်ပြည်လုံးကျွတ်သန်းခေါင်စာရင်းကု ၂၀၁၄ခုနှစ်မတ်လ၃၀ရက်မှဧပြီလ
၁၀ရက်နေ့ထိကောက်ခံသွားမည်ဖြစ်ပြီး တိုင်းရင်းသားဒေသများတွင် သက်ဆိုင်ရာလက်
နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်
ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီကပြောကြားထားသည်။

The Voice Daily
18-12-13
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။