ယခုတလော မြန်မာပြည်သူပြည်သားများအားလုံး စိတ်ဝင်စားနေကြသည်က ၂၀၀၈ခုနှစ်
ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြင်မလား၊ အသစ်ရေးမလားဆိုသည့်ကိစ္စဖြစ်
သည်။ ဒါကိုကြည့်ခြင်းအားဖြင့် ယခုလက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူအများလက်
မခံကြခြင်းကိုသိနိုင်သည်။ ၉၀%ထောက်ခံခဲ့သည်တို့၊ နှစ်ပေါင်းများစွာရေးဆွဲပြီး အတည်
ပြုခဲ့သည်တို့ကို ဘယ်လောက်ပဲအော်နေနေ ဒါတွေသည်သေနတ်ကိုကြောက်၍သာ
ထောက်ခံခဲ့ကြခြင်း၊ မထောက်ခံသည့်မဲကိုလည်း ထောက်ခံပုံးထဲသို့ ပေါ်တင်လိမ်လည်
ထည့်ခဲ့ခြင်းတို့ကို အများပြည်သူသိကြသည်။ လွတ်လပ်ခြင်း၊ တရားမျှတခြင်းလုံးဝမရှိခဲ့
သည့် စစ်အစိုးရ၏ စစ်တပ်ဦးစားပေးဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်သည်။
ယခုတော့ ပြည်သူအများကပွင့်အန်ထွက်လာကြပြီး သမ္မတကအစ ဒေါ်အောင်ဆန်းစုကြည်ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြင်မလား၊ အသစ်ရေးမလားဆိုသည့်ကိစ္စဖြစ်
သည်။ ဒါကိုကြည့်ခြင်းအားဖြင့် ယခုလက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူအများလက်
မခံကြခြင်းကိုသိနိုင်သည်။ ၉၀%ထောက်ခံခဲ့သည်တို့၊ နှစ်ပေါင်းများစွာရေးဆွဲပြီး အတည်
ပြုခဲ့သည်တို့ကို ဘယ်လောက်ပဲအော်နေနေ ဒါတွေသည်သေနတ်ကိုကြောက်၍သာ
ထောက်ခံခဲ့ကြခြင်း၊ မထောက်ခံသည့်မဲကိုလည်း ထောက်ခံပုံးထဲသို့ ပေါ်တင်လိမ်လည်
ထည့်ခဲ့ခြင်းတို့ကို အများပြည်သူသိကြသည်။ လွတ်လပ်ခြင်း၊ တရားမျှတခြင်းလုံးဝမရှိခဲ့
သည့် စစ်အစိုးရ၏ စစ်တပ်ဦးစားပေးဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်သည်။
ဝင်အရွေးမခံရအောင် ရေးဆွဲထားသည့် စစ်အာဏာရှင်များ ရေးဆွဲသည့် အခြေခံဥပဒေကို
ပြန်ပြင်ရေး၊ အသစ်ရေးဆွဲရေးကိစ္စပေါ်လာပြီး ဆရာဦးဝင်းတင်(ဟံသာဝတီ)ကတော့
“ဒီဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို ဆွဲဆုတ်ပစ်ဖို့ပဲကောင်းတယ်။ အသစ်ပြင်မှသာလျှင်
ပြည်သူအများ၏ အရေးကိစ္စများကိုဦးစားပေးမည့် ဥပဒေထွက်လာမှာ” ဟုဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း မြို့နယ်၊ ပြည်နယ်အလိုက်ဟောပြောပြီး ဖွဲ့စည်းပုံ
ပြန်ပြင်ရေးပြည်သူကိုတင်ပြနေသည်။ ဖွဲ့စည်းပုံကို ပြန်ပြင်ရေးမှာ အလုပ်သမား၊ လယ်သမား၊
ကျောင်းသား၊ မိဘပြည်သူများအားလုံး ညီညွတ်စွာ တင်ပြတောင်းဆိုရမည်ဖြစ်သည်။
ပညာတတ် ပညာရှင်အလွှာကတော့ အကျိုးအကြောင်းသိပြီးဖြစ်သည်။ အောက်ခြေလူတန်း
စားကို ပညာတတ် ပညာရှင်များက လက်တွဲခေါ်ရမည်ဖြစ်သည်။ အခွင့်အရေးအဆုံးရှုံးရဆုံး
မှာလည်း အောက်ခြေလူတန်းစားပင် မဟုတ်ပါလား၊ ယခုအခါ ပညာရှင်များထဲမှ ဆရာ
စံဇာဏီဘိုက သူ၏ဟောကိန်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စကို ပြည်သူအများသို့တင်ပြ
လိုက်သည်။

သူ၏ဟောကိန်းကတော့ “ဗေဒင်စကားနဲ့ပြောရရင်တော့ ဒါပြင်ရမှာပဲရှိတယ်။ အသစ်ရေးဆွဲ
စရာအကြောင်းမရှိဘူး။ ၂၀၁၃-၂၀၁၄အတွက် ကြည့်မယ်ဆိုရင် ဒီဥပဒေကိုပြင်တာပဲရှိတယ်။
ပြင်မယ်လို့ပဲမြင်တယ်။ ပြောင်းတာမရှိဘူး။ ဥပဒေကြီးတစ်ခုလုံး ပြောင်းမယ်ဆိုရင်တော့၂၀၁၆
ခုနှစ်မှာ ၇၀ရာခိုင်နှုန်း၊ ၂၀၂၀ခုနှစ်မှာ ရာနှုန်းပြည့် ပြောင်းရလိမ့်မယ်။ ကျွန်တော်ကတော့အဲဒီ
လိုမြင်ပါတယ်” ဟုဟောကိန်းထုတ်ခဲ့သည်။

News Watch Weekly
24-12-2013
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။