Saturday, December 21, 2013

မျိုးချစ်မြန်မာ ဆရာတော် ၏ နှစ်ကူး မေတ္တာလက်ဆောင်

“ ပွင့်သောပန်းများ လန်းစေချင် “
ယနေ.ခေတ်အခါ၏ လူငယ်များကို တစေ့တစောင်း ကြည့်လိုက်မည်ဆိုပါက
လက်ဖက်ရည်ဆိုင်၊ ဂိမ်းဆိုင်၊ အင်တာနက်ဆိုင်၊ ဘီယာဆိုင်တွေမှာ အချိန်
ကုန်နေ ဖြုန်းနေကြတဲ့ လူငယ်တွေရှိသလို၊ အရွယ်မတိုင်ပဲ အလုပ်ခွင်တွေ
ကျောင်းတွေ နိုင်ငံခြားတွေမှာ သုတ်သုတ် သုတ်သုတ်နဲ့ တကယ်အလုပ်လုပ်
နေကြတဲ့ လူငယ်တွေကလည်း အများကြီးပါ။

လူငယ်တော်တော်များများက သူတို့လေးတွေရဲ့ ဘဝ အောင်မြင်ရေး အတွက်
နည်းလမ်းအမျိုးမျိုး ရှာကြံကာ ကြိုးစားနေလျက် လုပ်ဆောင်လျက် နေကြတဲ့ကြား
က အောင်မြင်မှုနဲ့ လွဲတဲ့အခါ စိတ်အနှောင့် အယှက် ဖြစ်ပြီး လမ်းဘေးကိုချော်
သွားတတ်ကြတယ်။ တစ်ချို့က အရက်သမားဘ၀နဲ့ အဆုံးသတ်သွားကြတယ်။
အလုပ်ကို ကြိုးစားလုပ်ကိုင်နေစဉ် နှလုံးသား ရေးရာကိစ္စများကြောင့် လမ်းချော်
သွားကြတာလဲ ဒုနဲ့ဒေး။

စိတ်အနှောင့် အယှက်တွေ စိတ်ဖိစီးမှုတွေကြောင့် ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ်
မရှိတော့ပဲ အောင်မြင်မှု အညွှန့်အဖူးလေးတွေ ပျက်သုဉ်းသွားကြတဲ့ လူငယ်လေး
တွေကလည်း မနည်း။
ကိုယ်လုပ်သလို မဖြစ်လို့ ဖြစ်သလိုလုပ်လိုက်ကြရတဲ့အခါမှာလည်း ကိုယ်စိတ်ကူး
ထားသလို ထင်ထားသလို ဖြစ်မလာလို့ စိတ်ဓာတ်တွေကျ ဒေါသ တွေထွက်ပြီး
လောကကြီးကို ခါးစောင်းတင်က အကောင်းမြင်ဝါဒတွေ ပျောက် အဆိုးမြင်ဝါဒ
တွေရောက်လို့ လူကြီးသူမတွေရဲ့ လုပ်တိုင်းမဖြစ် စိတ်မညစ်နဲ့ဆိုတဲ့ ဆုံးမသြ၀ါဒ
နဲ့ လမ်းညွှန်မှုတွေကို မထေမဲ့မြင်ပြုကာ ထင်ရာစိုင်းပြီးအရိုင်းဘ၀ရောက်သွားကြ
တဲ့ မျိုးဆက်သစ်တွေကလည်း လက်ညိုးထိုးမလွဲ။
တကယ်လို့ ရတာမလို - လိုတာ မရလို့ ဒေါသတွေဖြစ်ရာက အရာရာကို အ
ကောင်းမမြင် အဆိုးမြင်ဝါဒတွေ များလာရင်တော့ မျှော်လင့်မထားတဲ့ အမှားတွေ
လုပ်-အလုပ်တွေမှားပြီး အလုပ်ကိစ္စဖြစ်စေ၊ ဆက်ဆံရေးဖြစ်စေ၊ ကျမ္မာရေးဖြစ်စေ၊
လူမှုရေးဖြစ်စေ တစ်ခုမဟုတ်တစ်ခု ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။

စိတ်ဖိစီးမှုတွေများလာပြီဆိုရင် စိတ်ဖိစီးမှုတွေကို ဖြေလျှော့ဖို့ အပြစ်ကင်းတဲ့ နည်း
လမ်းရှာကြံရပါမယ်၊ အရက်သောက်စား အပျော်အပါးတွေနဲ့ မဟုတ်ပဲ ဘုရားဂုဏ်
တော် တရားဂုဏ်တော် သံဃာ့ဂုဏ်တော်တွေ ၂၄-ပဋ္ဌာန်းပါဠိ တော်လေးတွေကို
ရွတ်ဖတ် သရာဇ္ဈာယ်ရင်လည်း စိတ်တွေ နူးညံ့ပျော့ပျောင်းလာကာ စိတ်ဖိစီးမှုတွေ သိသိသာသာကြီး လျှော့ကျသွားနိုင်ပါတယ်။

ဂုဏ်တော်တွေပွားများလို့မှ စိတ်ဖိစီးမှု မလျှော့သေးရင် သမထအလုပ်ဖြစ်တဲ့ နာသီး
ဖျားမှာ သိစိတ်လေးထားပြီး ၀င်လေ-ထွက်လေကိုဖြစ်စေ၊ အသက်ရှူသွင်း ရှူထုတ်
ချိန်မှာ ၀မ်းဗိုက်မှာ ဖြစ်ပေါ်လာတတ်တဲ့ ဖောင်းတဲ့သဘော- ပိန်တဲ့သဘောလေးကို
အာရုံစိုက်ပြီး ဖောင်းတယ် ပိန်တယ်လို့ ၅ - မိနစ် လောက် ရှုမှတ်လိုက်ရင်လည်း

စိတ်ဖိစီးမှု လျှော့သွားနိုင်ပါတယ်။
အဲ့ဒီလိုမှ မရရင်တော့ တရားစခန်း ၁ ပတ်လောက် ၀င်နိုင်ရင် အကောင်း ဆုံးပေါ့။
တရားစခန်းဝင်ပြီး တရားအားထုတ်လိုက်တဲ့အခါ ၂ - ရက် ၃ -ရက်လောက်တော့
ခန္ဒာကိုယ်ရဲ့ ပင်ပန်းမှုဒဏ်ကို အနည်းငယ် ခံစားရနိုင်ပေမယ့် စိတ်၏ ငြိမ်းအေးမှုကို
လက်တွေ့ ခံစားရနိုင်ပါတယ်။ တရားထိုင် တရားရှုမှတ်နေတဲ့ နာရီပိုင်းလေးမှာပဲ ပြင်
ပမှာ ကြုံတွေ့ခဲ့ရတဲ့ အဆင်မ ပြေစရာ ဒေါသထွက်စရာ အလိုမကျစရာလေးတွေက
ခေတ္တခဏ ပျောက် ကွယ်သွားတာမို့ တကယ်တရားမတွေ့သေးသော်လည်း စိတ်
၏ငြိမ်းအေးမှု ကိုတော့ ခံစားနေရပါတယ်။

စိတ်ဖိစီးမှု-စိတ်ဆင်းရင်းမှု-စိတ်ညှစ်မှု အလိုမကျမှုတွေဖြစ်လာခဲ့ပြီဆိုလျင် တစ်ယောက်
တည်းတိတ်ဆိတ်ငြိမ်သက်ရာ နေရာလေးကိုသွားပြီး သမထအလုပ်ဖြစ်တဲ့ အာနာပါန-
ဝင်လေထွက်လေလေးကို ရှုမှတ်လိုက်ရင်ပဲ မိမိရဲ့ စိတ်ဖိစီးမှုကိုအလွယ်ဆုံးမေ့ ပျောက်
စေတဲ့ သဘောကိုတွေ့ရပါတယ်။ ဒါကတော့ ဘာသာရေးနဲ့သက်ဆိုင်တာကိုပြောတာပါ။
ကိုယ်လက်လှုပ်ရှားမှုတွေလုပ်၊ အာရုံပြောင်းအောင် သီချင်းနားထောင်၊ အသံထွက်ပြီး
သီချင်းဆို၊ စိတ်ပြေလက်ပျောက် အပန်းဖြေခရီးထွက်လျင်လည်း စိတ်ဖိစီးမှု-မောပန်းမှု
တွေ-အလိုမကျမှုတွေကို လျော့နည်းစေပါတယ်။

စိတ်ဓာတ်ကျမှုတွေ-စိတ်ဖိစီးမှုတွေ-စိတ်ပင်ပန်းမှုတွေ-အလိုမကျမှုတွေကြောင့် ငါ့လှေ
ငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက် ရောက်ဆိုပြီး ထင်ရာစိုင်းနေ
မယ်ဆိုရင်တော့ စိတ်ဓာတ်ကျမှု စိတ်ဖိစီးမှုတွေ မပြေပျောက်တဲ့အပြင် အသိဥာဏ်
မကြည်လင်ပဲ- စဉ်စားဆင်ခြင်မှုမရှိပဲ လုပ်လိုက်တဲ့အတွက်ကြောင့် အမှားများပါကာ
ပိုပြီးဒုက္ခရောက်က စိတ်ဆင်းရဲမှု ပိုများလာနိုင်ပါသေးတယ်။

စိတ်ကျစရာကြောင်းကိစ္စတွေပေါ်လာပြီဆိုရင် အတတ်နိုင်ဆုံးအာရုံထဲကထုတ်-အလုပ်
များများလုပ် ၊ လှုပ်ရှားမှု များများလုပ် ၊ ဘာသာတရားအရ တရားထိုင်ဖို့ ဆိုတာအ
သာထားကာ စိတ်ဓာတ်တွေ မြင့်တက်လာဖို့ ယုံကြည်ချက်တွေ ခိုင်မာလာဖို့ မျှော်လင့်

ချက်တွေ ပြန်ရှင်သန်လာဖို့ စိတ်ဓာတ်တွေ ပြန်လည်နိုးကြားလာအောင် စာပေ
တွေလေ့လာ၊ ပညာရှင်စာရေးဆရာကြီးများရဲ့ စာပေဟောပြောပွဲလေးတွေ နားထောင်၊
ဆရာတော်ကြီးများရဲ့ ပရိတ်တရားလေး နာလိုက်ရင်လည်း စိတ်ဖိစီးမှုတွေ ပြေလျှော့
သွားစေနိုင်ပါတယ်။

စိတ္တေန နီယတိ လောကော- လောကကြီးကို စိတ်က ဆောင်ပါတယ်။ စိတ်ညှစ်နေ
လျှင် စိတ်ဓာတ်ကျနေလျင် စိတ်ဖိစီးမှုများနေလျင် စိတ်တွေထိုင်းမှိုင်းကာ လုပ်ချင်ကိုင်ချင်
စိတ်မရှိပဲ တွန့်ဆုတ်- တွန့်ဆုတ်နဲ့ ဖြစ်နေတာပါတယ်။ စိတ်ဖိစီးမှု စိတ်ဓာတ်ကျမှုတွေ

ခံစားနေရပြီဆိုလျင်တော့ အထက်ကဖော်ပြခဲ့ပြီးသော နည်းများဖြင့် အတတ်နိုင်ဆုံးဖြေ
လျှော့ပါ။ စိတ်ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ထားနိုင်လျှင် စိတ်ဓာတ်ခိုင်မာမှု ရှိနေလျှင်

အောင်မြင်ကြီးပွားချင်သော စိတ်ဆန္ဒရှိသေးလျှင် ကြိုးစားချင်စိတ်တွေ ရှိနေသေး
လျှင် အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဘန်ပိုင်းခြားတတ်သာ အသိဥာဏ် ရှိ
နေသေးလျှင် လောကမှာ မဖြစ်နိုင်ဘူးဆိုတာမရှိနိုင်ပါဘူး၊ မဖြစ်သေးတာပဲရှိသေးတာပါ။
“ကြိုးစားလျှင် ဘုရားဖြစ်နိုင်သေးတာပဲ“ တဲ့ ၊ ဒ့ါကြောင့် စိတ်ဓာတ်ကျကာ စိတ်ဖိစီးမှု
ရှိလာသူများ ဤစာစုကိုဖတ်၍ အောင်မြင်မှု သရဖူ ဆွတ်လှမ်းနိုင်ကြကာ “ပွင့်သောပန်း
ကလေးများ ထာဝရ လန်းဆန်းနိုင်ကြပါစေ
“ ။

အရှင်သီဟဥာဏ(မူကြို)
   

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။