Saturday, November 30, 2013

တက္ကသိုလ်ရိပ်သာလမ်းက ဗမာမိန်းကလေးများ၏ အသုံးချခံဘဝ





နီးစပ်ရာက သူတွေ အကူအညီပေးစေလိုပါတယ်။ အခုဖြစ်နေတာက ဗမာ
မိန်းကလေးတွေ
အနိုင်ကျင့် အစော်ကားခံနေရပါတယ်။ ငွေကြေးနှင့် အရောင်းစား
ခံနေရပါတယ်။
ငွေဝယ်ကျွန်ဘဝကိုရောက်နေကြတယ်။ လူတကာသုံးတဲ့
သောက်ရေအိုးလိုဖြစ်နေတယ်။
ဟိုဘာသာဝင်ကစော်ကား၊ ဒီဘာသာဝင်
ကစော်ကားနဲ့
အဖတ်ဆယ်မရအောင် ဖြစ်နေပါပြီ။ ဟိုလူမျိုးကစော်ကား၊ ဒီလူမျိုး
ကစော်ကား၊
အသုံချဘဝနဲ့ ကြားနေရ မြင်နေရတာ အတော့်ကို စိတ်မချမ်းသာ
စရာဖြစ်နေပါတယ်
ဝါသနာကြောင့်လား စားဝတ်နေရေးကြောင်းလား။ ဘာကြောင့်
လည်းတော့မသိ၊
အခုတစ်ခါလာပြန်ပြီ။ ကိုရီးယားနိုင်ငံသားတစ်ယောက် ဗမာ
မိန်းကလေးတွေကို
ဗန်းပြပြီး နိုင်ငံခြားသားများနှင့် စီးပွားရှာနေတယ်ဆိုတာကို
သတင်းပို့ထားပါတယ်။
အဲဒီသတင်းလေးကို အားလုံးအတွက်မျှဝေလိုက်ပါတယ်။
သိသူများ နီးစပ်ရာကလူများ ညှိနှိုင်းတိုင်ပင်ပြီး အမြန်ဆုံး ဆောင်ရွတ်ပေးဖို့ မေတ္တာ
ရပ်ခံချင်ပါတယ်။
(ဦးဇင်းဘုရား တပည့်တော် ဒကာမဒေါ်........ပါ။ တစ်ခုလောက်ကူညီပါဘုရား။ တက္ကသိုလ်ရိပ်သာလမ်းအိမ်အမှတ်(၄၂) အောက်ထပ်က စုစုပေါင်း()ခန်းကို
ငှားပြီး
ကိုရီးယားနိုင်ငံသားတစ်ယောက်က မြန်မာမိန်းကလေးအယောက်(၅၀)
လာက်ကို
ဗန်းပြပြီး နိုင်ငံခြားသားများနှင့် စီးပွားရှာစားနေပါတယ်ဘုရား နေ့ဘက်
တွင်
မိန်းကလေးများကို အပြင်သို့ ပေးမထွက်ဘဲ ညဘက်ကျမှ တရုန်းရုန်းနှင့် ကာရာ
အိုကေ
အနှိပ်ခန်းအပြင် တခြားမဖွယ်မရာများ လုပ်စားနေသည်ဟု သိရှိရပါသည်။ ဦးဇင်းမပြန်မှီတပည့်တော်ကု တစ်ရက်လောက်ပေးတွေ့တော်မူပါဘုရား။)

အထက်ပါစာများက ဦးဇင်းနှင့်ရင်းနှီးသူဒကာမကြီးတစ်ယောက်မှပေးပို့သော စာဖြစ်
ပါတယ်။
နီးစပ်ရာမှ မျိုးချစ်ပုဂ္ဂိုလ်များ အကူအညီပေးစေလိုပါတယ်။ ဦးဇင်းအဝေးရောက်နေ
ပါသောကြောင့်
ဘယ်လိုမှ မတတ်နိုင်ပါ။ တတ်နိုင်သူများကူညီပေးစေလိုပါသည်။ အသုံးချခံဘဝရောက်နေသော ဗမာမိန်းကများအား ကြိုးစား၍ ကူညီပေးရန် မေတ္တာရပ်ခံ
အပ်ပါသည်။
ဓမျွမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝ
တည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။