Saturday, November 30, 2013

ဦးဝင်းချိုပါ(၆)ဦးအား ထောက်ဒဏ်(၆)လအပြစ်ပေးခံရ





ပဲခူးမြို့တွင် နိုင်ငံသားအရေးဆောင်ရွက်ခဲ့သူဦးဝင်းချိုပါ(၆)ဦးအား နိုဝင်ဘာ၂၉ရက်
 နေ့လည်ပိုင်းတွင် ပဲခူးမြို့နယ်တရားရုံး၌ မြို့နယ်တရားသူကြီး ဦးကျော်စိုးမှ ဦးဝင်းချို
ပါ(၆)ဦးအနက် ပုဒ်မ ၁၈ အမှုအတွက် ဦးဝင်းချိုနှင့်ရန်ပိုင်စိုးတို့အားဒဏ်ငွေ(၃၀၀၀၀ိ/-)
စီပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ပြီး ကျန်(၄)ဦးအား ပုဒ်မ ၁၈ အတွက်ဒဏ်ငွေ
မပေးဆောင်ရဘဲ၊ပုဒ်မ ၅၀၅ (ခ)အမှုအတွက်သာ တစ်ဦးလျှင်ထောင်ဒဏ်(၆)လ
စီကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
ဦးဝင်းချိုက ထောင်ထဲမှ ပြန်လည်လွတ်မြောက်လာပါကလည်းနိုင်ငံသားအရေး
ကိစ္စများကို သာဆက်လက်ဆောင်ရွက်ဦးမည်ဖြစ်ကြောင်း နှင့်၎င်းတို့(၆)ဦး အမှု
ရင်ဆိုင်နေစဉ်ကာအတွင်း ယနေ့အထိချုပ်ရက် ပေါင်း(၉၀)ရက်ရရှိထားပြီဖြစ်ကြောင်း
လည်း ပဲခူးမြို့နယ်တရားရုံးရှေ့တွင် ပြောကြားခဲ့သည်။


သန့်စင်

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။