ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဦးဂွမ်ဂရောင်အောင်ခမ်း (Salang Gumgrawng
Awng Hkam) ဦးဆောင်သော ကချင်ဒီမိုကရက်တစ်ပါတီ (Kachin Democratic
Party) ပါတီကို ယနေ့ နေပြည်တော်ရွေးကောက်ပွဲကော်မရှင်မှ တရားဝင်ပါတီ တည်ထောင်ခွင့်ပေးလိုက်ကြောင်းသိရသည်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ရွေးကောက်ပွဲကော်မရှင် နေပြည်တော်
သံအမတ်မှ နိုဝင်ဘာ ၂၉ ရက်စွဲဖြင့် ဦးဂွမ်ဂရောင်အောင်ခမ်း (Salang Gumgrawng
Awng Hkam) အား ကချင်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခွင့်ပြုရန် လျှေက်ထား
ချက်ကို ခွင့်ပြုလိုက်သည်ဟု အကြောင်းပြန်ကြားခဲ့ခြင်းဖြစ်သည်။
၎င်းကို ရန်ကုန်မြို့ရှိ ကချင်ဒီမိုကရေတစ်ပါတီအဖွဲ့ဝင် ၁ ဦးဖြစ်သူ ဆလန်ဇော်ဘန်
(Salang Zau Ban) အား ယနေ့ နံနက် အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး အတွင်းရေးမှူး
ကိုယ်စား ဇေယျာဇော် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပေးပို့သော ၎င်းပါတီနှင့် ပတ်
သက်သောအချက် (၄) ချက်ကို မြစ်ကြီးနားတွင် လက်ခံရရှိခဲ့သည်ဟု ဦးဂွမ်ဂရောင်
အောင်ခမ်း KNG ကချင်သတင်းဌာန သို့ပြောသည်။
ကချင်ဒီမိုကရေတစ်ပါတီ “ကချင်ပြည်သူလူထုအတွက် ခိုင်မာစွာရပ်တည်ရန်ဖြစ်ပြီး၊ ကချင်ပြည်သူလူထုများ၏အကျိုးနှင့်ကချင်ပြည်သူလူထုနှင့်အတူလက်တွဲလုပ်ဆောင်သွား မည့်ပါတီ ဖြစ်ကြောင်း” အသက် ၄၅ နှစ်အရွယ်ရှိ ဦးဂွမ်ဂရောင်အောင်ခမ်း ကပြောသည်။
ပါတီရရှိသောကြောင့် ၀မ်းမြောက်ကြောင်းနှင့် ကချင်ဒီမိုကရက်တစ်ပါတီမှ ၂၀၁၄
ဇွန်လနောက်ပိုင်းမှ စည်းရုံးရေးများပြုလုပ်ရန် စီစဉ်ထားကြောင်းသိရသည်။
ယခုလအတွင်း ပါတီ ဖွဲ့စည်းပုံများနှင့် ပါတီ အမှတ်တံဆိပ် များကိုပြုလုပ်ကာ ၁ လ
အတွင်းပါတီခေါင်ဆောင်နှင့်ဒုအတွင်းရေးမှူး နေပြည်တော်တို့ပြန်လည်တင်ပြလျှောက်ထား မည်ဖြစ်ကြောင်း သိရသည်။
ကချင်ဒီမိုကရေတစ်ပါတီ (Kachin Democratic Party) မှ ပါတီတည်ထောင်ခွင့်ရရန်
စက်တင်ဘာလ ၄ ရက် ၂၀၁၃ တွင် နေပြည်တော်ရွေးကောက်ပွဲကော်မရှင်သို့
လျှောက်ထားခဲ့ခြင်းဖြစ်ရာယနေ့ မှတ်ပုံတင်ချပေးခဲ့ခြင်းဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှ လူထုကိုယ်စား ပါဝင်
ယှဉ်ပြိုင်သော ပါတီများအနည်းအကျဉ်းသာဖြစ်သော်လည်း ယခုနှစ်အတွင်းမူ ၃ ပါတီ
အထက်ကချင်လူထုများထဲမှပါတီဖွဲ့စည်းကာ လျှောက်ထားခဲ့ရာ ရွေးကောက်ပွဲကော်
မရှင်မှအသီးသီးချပေးခဲ့ခြင်းဖြစ်သည်။
By KNG
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။