ပါတီတည်ထောင်ခွင့်ကျပြီးဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စုပါတီ၏
ဗဟိုအလုပ်
အမှုဆောင်အဖွဲ့အား ဒီဇင်ဘာ ပထမပတ်အတွင်း ရွေးချယ်ရန် စီစဉ်ထားသည်ဟု
ပါတီ၏ယာယီဥက္ကဋ္ဌ ဒေါက်တာဂမ်ဂျန်ဒါးက နိုဝင်ဘာ ၂၈ ရက်တွင်မဇိ္ဈမကို ပြောသည်။

“မှတ်ပုံတင် ကျလာတော့မှာပဲလေ၊ အဲ့ဒါကြောင့် ပထမအပတ်ကို ဗဟိုအလုပ်မှုဆောင်တွေ
စရွေးတော့ မယ်”ဟု ပြောသည်။
အဆိုပါပါတီကို ညီနောင်တိုင်းရင်းသားပါတီများအဖွဲ့ဝင် ၁၆ ပါတီမှ ကိုယ်စားလှယ်
အချို့ထုတ်နုတ်၍ ဖွဲ့ စည်းရန် စီစဉ်ထားခြင်းဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၂၀ ရက်တွင် တည်ထောင်ခွင့်ပြု
ခဲ့ပြီးနောက်ပါတီ၏အမှတ်တံဆိပ်များအပေါ်သတ်မှတ်ချိန် ၇ ရက်အတွင်းကန့်ကွက်မည်
သူမရှိသဖြင့်မှတ်ပုံတင်ခြင်း ဆောင်ရွက်ရန်သာကျန်ရှိတော့သည်။
မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ပထမပတ်အတွင်း ဆောင်ရွက်ရန် လျာထား
သည်ဟုလည်း ပါ တီ၏ ယာယီဥက္ကဋ္ဌက ဆိုသည်။
လက်ရှိတွင် ယာယီဗဟိုအလုပ်အမှုဆောင် ၁၆ ဦးထဲမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှစ်ဦး၊
အတွင်းရေးမှူး တစ် ဦးနှင့် တွဲဖက်အတွင်းရေးမှူး နှစ်ဦးတို့ကို ရွေးချယ်ပြီး လုပ်ငန်း များ ဆောင်ရွက်နေခြင်း ဖြစ်သည်။
ပါတီ၏ အဓိကရည်ရွယ်ချက်၊ရပ်တည်ချက်မှာ ပြည်ထောင်စုဆန်သည့်စနစ် ဖြစ်ပေါ်
လာရန်၊ ပြည် ထောင်စု တိုင်းရင်းသားများအားလုံးတို့ တစ်သားတည်း စုပေါင်း စွာ နေထိုင်နိုင်ရန် ဖြစ်သည်ဟု ပါတီ၏ ဒု-ဥက္ကဋ္ဌ ဦးစောသန်းမြင့်က ပြောသည်။
“တိုင်းရင်းသားဆိုရင် ဗမာမပါဘူးလို့ မြင်ကြတယ်၊ ကျွန်တော်တို့ဆိုလိုတဲ့ တိုင်းရင်း
သားဆိုတာက ဗမာတွေလည်းပါတယ်၊ အားလုံး တစ်စုတစ်စည်းတည်း နေ
ထိုင်နိုင်အောင်ပါ၊ အားလုံးအကျိုးကိုလည်း ဆောင်ရွက်သွားမှာပါ”ဟု ၎င်းက ဆိုသည်။
ပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သွားရန် ရည်မှန်းထားပြီး
လွှတ်တော်တွင်း ကိုယ်စားပြုနိုင်ခဲ့ပါက ကျန်းမာရေးကဏ္ဍကို အဓိက အလေးပေး
လုပ်ဆောင်ရန် ရည်မှန်းထားခြင်း ဖြစ်သည်။
ပါတီအနေဖြင့် ငှက်ဖျားရောဂါနှင့် AIDS ဝေဒနာရှင်များကို ဆေးဝါးများ အခမဲ့ကူညီ
ရန် စီစဉ်နေသည်ဟု တာဝန်ရှိသူတို့က ပြောသည်။
Written by နန်းလွင်နှင်းပွင့်
Mizzima

No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။