Saturday, December 28, 2013

အငြင်းပွားဖွယ်ရာ မြစ်ဆုံစီမံကိန်း လူမှုတာဝန်ဆောင်ရွက်မှု CSR အစီရင်ခံစာ CPI ထုတ်ပြန်

မြန်မာပြည်သူများအကြား အကြီးအကျယ်အငြင်းပွားဖွယ်ဖြစ်ခဲ့ရသည့် မြစ်ဆုံရေကာတာ တည်ဆောက်ရေးကို သမ္မတဦးသိန်းစိန်က၎င်း၏အစိုးရသက်တမ်းအတွင်းရပ်ဆိုင်းထား
ခဲ့သော်လည်း ၂နှစ်အကြာတွင် တရုတ်အစိုးရပိုင် CPI ကုမ္ပဏီက စီမံကိန်းပြန်လည်စတင်
ရန်ဒီဇင်ဘာ ၂၆ရက်နေ့၌သတိပေးလိုက်သည်။

တရုတ်အစိုးရပိုင် CPI က ၈ဝ%၊ မြန်မာအစိုးရက ၁၅%နှင့် အေးရှဝေါလ်ကုမ္ပဏီက ၅% ရှယ်ယာအသီးသီး ပိုင်ဆိုင်ပြီးလုပ်ကိုင်နေသော ရေကာတာ ၈ခုအနက်အကြီးဆုံးဖြစ် သည့် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ၂ဝ၁ဝ-၂ဝ၁၂ လူမှုရေးဆိုင်ရာ တာဝန်ယူဆောင်
ရွက်မှု အစီရင်ခံစာ (Corporate Social Responsibility CSR) ကို ထုတ်ပြန်လိုက်ခဲ့သည်။


စာမျက်နှာ ၅၆မျက်နှာပါ အစီရင်ခံစာအတွင်း စီမံကိန်းအစီအစဉ်၊ ဒေသစီးပွားရေးဖွံ့ဖြိုးမှု၊
ဇီဝပတ်ဝန်းကျင် ကာကွယ်မှု၊ ဘေးကင်းသော ရေအားလျှပ်စစ်ထုတ်လုပ်မှု၊ ရပ်ရွာဖွံ့ဖြိုးရေး
ကို အားပေးမှု၊ ဝန်ထမ်းများကိုကုမ္ပဏီနှင့်တူ ကြီးထွားစေမှုစသည့်ခေါင်းစဉ်များဖြင့် ဖော်ပြ
ထားသော်လည်းအကဲဆတ်ဖွယ်ရာအချက်အလက်များကိုမူပွင့်လင်းမြင်သာမှုရှိရှိ အသေး စိတ်ဖော်ပြထားခြင်းမရှိပေ။

ရေလှောင်တမံအတွင်း ရေလှောင်ခြင်းကြောင့်ရှားပါးအပင်အချို့နစ်မြုပ်စေမည်၊ ဘင်္ဂ လားဒေ့ရှ်မြွေဟောက်၊ မြွေဟောက်ဘုရင်နှင့် ကျောကုန်းချွန်းလိပ်ကြီးများ ထိခိုက်မှု အနည်းငယ်ရှိမည်၊ မောရီငါးရှဥ့်နှင့်ဘင်္ဂလားငါးရှဥ့် ထိခိုက်မှုအနည်းငယ်ရှိမည်စ သဖြင့် ယေဘူယျသဘောများကို ဖော်ပြထားသည်။

ဒေသခံပြည်သူများကို ငွေလှူဒါန်းခြင်း၊ ဆေးရုံနှင့်ကျောင်းများ ဆောက်လုပ်ပေးခြင်းများ
ကို ဝေဝေဆာဆာ ဖော်ပြထားပြီး နိုင်ငံတကာအသိအမှတ်ပြု ဖွဲ့ ၃ဖွဲ့၏ ထောက်ခံချက် များကို ဖော်ပြထားသည်။ မြန်မာအစိုးရ၏အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကယင်း အစီရင်ခံစာကိုထောက်ခံကြိုဆိုထားသည့်အချက်ကို ဖော်ပြထားပြီး မြန်မာပြည်သူတို့၏
ထောက်ခံမှုကိုရရှိနိုင်မှာဖြစ်ပြီး မြစ်ဆုံစီမံကိန်းမှနေစီးပွားရေးဖွံ့ဖြိုးမှုရနိုင်သည်ဟုဆိုသည်။

မြစ်ဆုံအပါအဝင် လာဆာ၊ ရီနန်၊ ခေါင်လံဖူး၊ ဖီဇော၊ ဝူဆောက်၊ ချီဖွေ၊ ချီဖွေငယ် စသည့်
နေရာ ၈ခုတွင်ရေကာတာနှင့်လျှပ်စစ်ထုတ်လုပ်ရေးစက်ရုံများတည်ဆောက်ရာမှ မြန်မာနိုင်ငံ
အတွက်လျှပ်စစ်ဖူလုံအောင် ဖြည့်ဆည်းခြင်း၊ပိုလျှံပြီးသုံးမကုန်သောလျှပ်စစ်များကို
တရုတ်နိုင်ငံသို့တင်ပို့ခြင်းများ ပြုလုပ်မည်ဖြစ်ပြီး မြန်မာအစိုးရကတည်ဆောက်ရေး
၁၅နှစ်နှင့်လုပ်ငန်းလည်ပတ်သော နှစ် ၅ဝအတွင်းအမြတ်ငွေ ဒေါ်လာ ၅၄ ဘီလီယံ
(၆ဝ%)ရရှိမည်ဖြစ်ပြီး CPI ကုမ္ပဏီကမူ ဒေါ်လာ ၃၅ ဘီလီယံ (၄ဝ%) ရရှိမည်ဟုဖော်ပြ
ထားသည်။


Kamayut Media

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။