Saturday, December 28, 2013

Eleven CEO ဦးသန်းထွဋ်အောင် ၂၀၁၅ သမ္မတ ဖြစ်ချင်ဟု ဆို

မြန်မာ ရူးပတ်မားဒေါ့ ဟု ကိုယ့်ကိုယ်ကို ကြွေးကြော်ပြီးသကာလ အတွင်းလူ များ၏
အရက်ဝိုင်းတစ်ဝိုင်းမှ ထွက်ပေါ်လာသော သတင်းအရ Eleven Media Group ၏
CEO ဖြစ်သူ ဦးသန်းထွဋ်အောင်သည် ၂၀၁၅ တွင် သမ္မတလုပ်လိုသူ ဖြစ်ကြောင်း
သိရှိရသည်။

ဦးသန်းထွဋ်အောင်သည် ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦးဟုခံယူထားပြီး၎င်းပိုင်
သတင်းစာ ဂျာနယ်များတွင် ၈၈ အရေးတော်ပုံ၌အဓိကနေရာ၌ပါဝင်ခဲ့သည့် ကျောင်း
သားခေါင်းဆောင် တစ်ဦးဖြစ်ကြောင်း ၈၈ ကာလဓါတ်ပုံများကိုရှာဖွေထည့်သွင်း၍
စည်းရုံးမှုများ စတင်လုပ်ဆောင်ခဲ့ကြောင်း၊ ၈၈ မျီုးဆက်များနယ်ပယ်အသီးသီးသို့
ပြန့်နှံ့ရောက်ရှိသွားပြီး ယနေ့အချိန်တွင် နိုင်ငံရေး၊ စီးပွားရေး၊ မီဒီယာစသည်အားဖြင့်
ဘက်စုံ အင်အား ထူထောင်ထားနိုင်ပြီဟု မကြာခဏ ပြောကြားလေ့ ရှိကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။

Max ကုမ္ပဏီ အကြီးအကဲ ခရိုနီ ဦးဇော်ဇော်သည်လည်း ၈၈ မျိုးဆက် ဟု ဦးသန်း
ထွဋ်အောင်က သတ်မှတ်ထားပြီး ကျန်ခရိုနီများကို ပုတ်ခတ်မှုများ ပြုလုပ်ခဲ့သော်
လည်း ဦးဇော်ဇော်ကိုမူ ချန်လှပ်ထားခဲ့ကြောင်း သိရှိရသည်။

စစ်အစိုးရလက်ထက်တွင် သစ်ပါမစ်၊ ကားပါမစ်များဖြင့် ထားစရာမရှိအောင် ချမ်းသာ
လာခဲ့သော ဦးသန်းထွဋ်အောင်သည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကားဈေးများ
ချလိုက်ခြင်းကြောင့်တက်ဈေးမိပြီးအရှုံးများပေါ်ထွက်လာခဲ့ပြီးနောက်အညိုးဖြင့် ဝေဖန် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု စာနယ်ဇင်းသမားအချို့က ပြောဆိုသည်။

သူရဦးရွှေမန်း၏သားဖြစ်သူ ဦးတိုးနိုင်မန်းနှင့်နားလည်မှုယူကာလွှတ်တော်အတွင်း
ဆွေးနွေးနိုင်ရန်သတင်းအချက်အလက်များစုဆောင်းပေးသည့်တာဝန်ကိုယူထားကြောင်း၊ လွှတ်တော်အမတ်အချို့ကိုလည်း အိတ်ကပ်ထဲထည့်ထားနိုင်သည်ဟု ကွယ်ရာတွင်
ပြောကြားလေ့ရှိပြီး အတိုက်အခံအမတ်အချို့ကို မေးခွန်းများမေးခိုင်းခြင်း၊ အဆိုများ
တင်သွင်းခိုင်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ဦးတိုးနိုင်မန်းက ၂၀၁၅ တွင် ဦးရွှေမန်း သမ္မတ ဖြစ်လာခဲ့ပါက ဦးသန်းထွဋ်အောင်အား ၀န်ကြီးတစ်နေရာ ပေးမည် ဟုမက်လုံးပေးထားခြင်း ကြောင့် လွှတ်တော်ကိုထိခိုက်စေ မည့် ရေးသား ဖော်ပြချက်များ မလုပ်ပါ ဟု ကတိပေးခဲ့ကြောင်း၊ သို့သော်လည်း
ဦးသန်းထွဋ်အောင်သည် ၀န်ကြီးတစ်နေရာသာမက သမ္မတ ရာထူးကိုပါ ရရှိရန် အိပ်မက်
မက်နေသည်ကို အနီးဆုံးသူများသာသိရှိထား ကြောင်း Eleven သတင်းထောက်တစ်ဦး
က ပြောဆိုသည်။

မီဒီယာလွတ်လပ်ခွင့်ကို အပြည့်အ၀ရယူအသုံးချ၍ နိုင်ငံရေးတိုက်ခိုက်မှုများ ဆောင်ရွက် ရန်မျှော်မှန်းထားသော်လည်း၎င်းပိုင်မီဒီယာတွင်တစ်ဦးတည်းလက်ဝါးကြီးအုပ်ထားကြောင်း
သိရှိရသည်။ ဦးသန်းထွဋ်အောင်သည် ဦးခင်ညွန့် ခေါင်းဆောင်သောစစ်ထောက်လှမ်းရေး ကို သေမလောက် ကြောက်ရွံ့သူ ဖြစ်ပြီးစစ်ထောက်လှမ်းရေးကြီးစိုးစဉ်ကငိုကြွေး၍ ထိုင် ရှိခိုးခဲ့သူ ဖြစ်ကြောင်း၊ ယနေ့ လွတ်လပ်လာသော ခေတ်သစ်တွင် စစ်ထောက်လှမ်းရေး
မကောင်းကြောင်း တစ်ခွန်းမှ မဟရဲကြောင်း၊ လက်အောက်ရှိ တာဝန်ရှိသူများကိုလည်း စစ်ထောက်လှမ်းရေး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအသိုင်းအ၀ိုင်း၊ သူရဦးရွှေမန်းနှင့် သူ့သားများ စီးပွားရေးလက်ဝါးကြီးအုပ်မှုများ ရေးသား ဖော်ပြခြင်းမပြုရန်တိုးတိုးတိတ်တိတ် မှာကြား ထားပြီး ဖြစ်ကြောင်း သိရှိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်ဦးမင်းအောင်လှိုင်ကိုလည်း၎င်း၏အစ်ကိုဖြစ်သူ
ဒေါက်တာနိုင်ထွဋ်အောင်မှတစ်ဆင့်အပိုင်စည်းရုံးရန် ဆောင်ရွက်လျက်ရှိကြောင်း၊
ဒေါက်တာနိုင်ထွဋ်အောင်မှာ စစ်လက်နက်ဝယ်ယူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်
ရှိသူ ဖြစ်ကြောင်းသိရှိရသည်။

နောက်ဆုံး ဖြစ်ပွားခဲ့သော NLD ခရိုင်ဥက္ကဌ၏သမီးဖြစ်သူရှေ့နေအားအသရေဖျက်မှုကြောင့်
ထောင် ၃ လ ချမှတ်ခြင်းခံခဲ့ရသော Eleven သတင်းထောက်ဖြစ်စဉ်တွင် သတင်းထောက်၏ အားနည်းချက်များကို ဖော်ပြ ခြင်းမရှိဘဲမည်းမည်းမြင်ရာလိုက်ကိုက်နေသောလုပ်ဆောင်
ချက်မှာ NLD အပေါ်အငြိုးထားလာခြင်းကို ဖော်ပြေနေကြောင်း elevenသတင်းထောက်တစ်
ဦး ကပြောဆိုသည်။

ဦးသန်းထွဋ်အောင်၏ နောက်ဆုံးခြေလှမ်းမှာလူရည်ချွန်ဟောင်းများ စုစည်း၍ ခေါင်းဆောင်
အဖြစ်ရယူကာနိုင်ငံရေးစည်းရုံးလှုပ်ရှားမှုများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်းလူရည်
ချွန်ဟောင်းများစုစည်းမှုတာဝန်ခံတစ်ဦးက ပြောဆိုသည်။

Khin Nyein Chan Oo

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။