Saturday, March 22, 2014

စစ်တွေနှင့်မောင်တောတွင် ခရိုင်မီးယားကဲ့သို့ ဆန္ဒခံယူပွဲပြုလုပ်ပြီး ဘင်္ဂလားဒေ့ရှ့်နိုင်ငံ စစ်တကောင်း နှင့်ပူးပေါင်းသင့်ကြောင်း ဘင်္ဂလားဒေ့ရှ့်သတင်းစာတစ်စောင်၏တာဝန်မဲ့ရေးသားမှုအား မြန်မာအစိုးရ ပြင်းထန်စွာ ကန့်ကွက်


စစ်တွေနှင့်မောင်တောတို့တွင် ခရိုင်မီးယားကဲ့သို့ ပြည်သူ့
ဆန္ဒခံယူပြီး ရခိုင်ပြည်နယ်အစား ဘင်္ဂလားဒေ့ရှ့်နိုင်ငံ၊ စစ်
တကောင်းပြည်နယ်အောက်သို့ ထိုဒေသများပူးပေါင်းသင့်
ကြောင်း ဘင်္ဂလားဒေ့ရှ့်နိုင်ငံထုတ် ဒါကာထရိုင်ဗျူးသတင်းစာ
၏ ရေးသားချက်နှင့်ပတ်သက်ပြီး မြန်မာအစိုးရက ပြင်းထန်စွာ
ကန့်ကွက်လိုက်ကြောင်း သိရှိရသည်။

“ဒီလိုတာဝန်မဲ့ရေးသားချက်ဟာ နှစ်နိုင်ငံချစ်ကြည်ရေးကို ပျက်
ပြားစေတဲ့အတွက် မြန်မာအစိုးရအနေနဲ့ ဒီလိုရေးသားချက်ကို
လုံးဝလက်သင့်မခံနိုင်ပါဘူး။ ဒီလိုရေးသားလိုက်ခြင်းကြောင့်
မလိုလားအပ်တဲ့ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်တဲ့အတွက် လုံးဝ
ကန့်ကွက်ရှုတ်ချပါတယ်” ဟုနိုင်ငံတော်သမ္မတရုံးမှ အကြီးတန်း
အရာရှိတစ်ဦးက ဒီမိုကရေစီတူဒေးသတင်းစာ၏ မေးမြန်းချက်
ကိုဖြေကြားသည်။



သတင်းစာဆရာ ဇီးဟန်းခန်က ရခိုင်ပြည်နယ်မှာ ဆန္ဒခံယူပွဲလား
A Refrendum in Rakhine State ခေါင်းစဉ်ဖြင့် ရေးသားထား
သောသတင်းဆောင်းပါးတွင် ဘင်္ဂလားဒေ့ရှ့်နှင့် နယ်နိမိတ်ချင်း
ထိစပ်နေသော ရခိုင်ပြည်နယ်၌ နေထိုင်ကြသူများ၏ ၄၂ရာခိုင်နှုန်း
သည် တောင်အာရှမျိုးနွယ်စုများဖြစ်ပြီး ဘင်္ဂါလီစကားပြောနေကြ
ကြောင်း၊ စစ်တွေနှင့်မောင်တောတို့တွင် ၉၅ရာခိုင်နှုန်းရှိနေ
ကြောင်း၊ လက်ရှိခရိုင်မီးယားတွင်ဆန္ဒခံယူပြီး ဦးစားပေးနယ်မြေ
ရွေးချယ်လိုက်ကြခြင်းသည်(ယူကရိန်းလက်အောက်မှရုရှားလက်
အောက်သို့ပူးပေါင်းခြင်းကိုဆိုလိုသည်-အယ်ဒီတာ)လွန်စွာဆွဲ
ဆောင်မှုရှိလှပြီး အံဝင်လှသော အဖြေများထဲက တစ်ခုဖြစ်နေ
ကြောင်းဖြင့် ရေးသားထားသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ့်နိုင်ငံ
သံအမတ်ကြီးကိုဆင့်ခေါ်ပြီး မြန်မာအစိုးရက တရားဝင်ကန့်ကွက်
မှုပြုလုပ်သွားပါမယ်။ ပြီးတော့ဒါကာမျာရှိနေတဲ့ မြန်မာသံအမတ်ကြီး
ကိုလဲ ဟိုကဘင်္ဂလားဒရှေ့်အစိုးရကို တရားဝင်ကန့်ကွက်မှု ပြု
လုပ်သွားဖို့ ပြောဆိုထားပြီးဖြစ်ပါတယ်” ဟုအဆိုပါမြန်မာအရာရှိ
ကြီးက ဆက်လက်ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ့်သည်လည်း ရုရှားကဲ့သို့ပင် နိုင်ငံတကာနယ်နိမိတ်များ
ဖြတ်သန်းနေကြသော အတိဒုက္ခရောက်နေသည့် ပြည်သူများအတွက်
ဆိုလျှင်ခြားနားမှုမရှိသင့်ကြောင်း၊ ခရိုင်မီးယားကဲ့သို့ပင် သူတို့သည်
မြန်မာနှင့်ဘင်္ဂလားဒေ့ရှ့်အကြား လွတ်လပ်သောနိုင်င့တစ်ခုတည်
ထောင်ခွင့်ရှိသင့်ကြောင်း အဆိုပါဆောင်းပါးတွင် အဆုံးသတ်ရေး
သားထားသည်။

ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က “သူတို့နဲ့
ပူးပေါင်းဖို့ဘာဆိုင်လို့လဲ။ လူမျိုးလဲမတူ၊ ဘာသာလဲမတူ၊ ဓလေ့စရိုက်
လဲမတူဘဲ ဘာလို့ပူးပေါင်းရမှာလဲ။ တကယ်ဆိုဘင်္ဂလားဒေ့ရှ့်ကပဲ ကျွန်တော်တို့ကို စစ်တကောင်းတိုကကို ပြန်ပေးရမှာ။ ပြီးတော့ခုလို
ရေးသားချက်သတင်းကို မဖတ်ရသေးတဲ့အတွက် ကျွန်တော့်အနေနဲ့
သိပ်ပြီးတော့ comment မပေးချင်ပါဘူး”

ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်ခင်စောဝေ က “ကျွန်မတို့က သူတို့နဲ့ပတ်သက်ပြီး အစစ
အရာရာခံစားနေရသူတွေပါ။ ဒါလောက်အတူနေဖို့အတွက်ကိုတောင်
မှ ဆွေးနွေးမရဘူးဖြစ်နေတာ ပူးပေါင်းဖို့ဆိုတာက လုံးဝမဖြစ်နိုင်ပါ
ဘူး။ မြန်မာအစိုးရကတောင်မှ ခုလိုပြင်းပြင်းထန်ထန် ကန့်ကွက်
ရှုတ်ချရလောက်တယ်ဆိုမှတော့ ကျွန်မတို့အတွက်က ပြောစရာမလို
တော့ပါဘူး” ဟုပြောသည်။

မောင်တောဒေသခံ ဦးလှရွှေက “ကျွန်တော်တို့ဒေသမှာ ဘင်္ဂါလီတွေ
ဘယ်လောက်ပင်များလာပါစေ။ ကျွန်တော်တို့လုံးဝမပူးပေါင်းဘူး။
သူတို့ကတော့ အခြေအနေအရ သူတို့လူဦးရေတိုးပွားလာလို့ ပူး
ပေါင်းဖို့တောင်းမှာပါပဲ။ အရင်လဲတောင်းခဲ့တယ်။ ခုလဲတောင်းနေတယ်။
နောင်လဲဆက်တောင်းဥိးမှာပဲ။ သူတို့က အစတော့ပါးစပ်နဲ့တောင်းဆို
မယ်။ နောက်တစ်ဖြည်းဖြည်းကြမ်းလာမယ်။နောက်ဆုံးအကြမ်းဖက်တိုက်
ခိုက်မယ်။ သူတို့အကြောင်းတေါကျွန်တော်တို့သိနေတာပဲ။ သေတဲ့အထိ
ုံလုံးဝမပူးပေါင်းဘူး” ဟုပြောသည်။

Democracy Daily
22-3-2014

မူရင်းလင့်ခ် -http://www.dhakatribune.com/op-ed/2014/mar/20/referendum-rakhine-state

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။