လွှတ်တော်ကိုယ်စားလှယ်များတင်ပြထားသည့် လစ်လပ်နေသည့်
မဲဆန္ဒနယ်ပေါင်း နှစ်ဆယ်ကျော်ရှိနေပြီး ယင်းနေရာများအတွက်
ကြးဖြတ်ရွေးကောက်ပွဲတစ်ခုပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်
ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါတာဝန်ရှိသူက “ကြားဖြတ်ရွေးကောက်ပွဲတွေက လုပ်ပေးဖို့
ရှိတယ်။ ကော်မရှင်ရဲ့လမ်းညွှန်မှုနဲ့အညီ သင့်တော်တဲ့အချိန်ကာလမှာ
ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ကော်မရှင်အနေနဲ့ Ready
Position မှာရှိတယ်” ဟုပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန်အစီအစဉ်ရှိ မရှိကို လွှတ်တော်
ကိုယ်စားလှယ်များကလည်း လွှတ်တော်အစည်းအဝေးတွင်မေးမြန်း
ထားကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ င်အနေဖြင့်
လွှတ်တော်တွင် တရားဝင်ဖြေကြားသွားမည်ဖြစ်ကြောင်း ဆက်လက်
ပြောသည်။
ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူးဦးဆလိုင်းကျဲအို
ဘိခ်ထောင်က “ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ခုနှစ်ဆယ့်ငါးရာခိုင်နှုန်း
ကျော်ပါဝင်ရမယ်။ ကြားထဲမှာလစ်လပ်တာတွေ အကြောင်းကြောင်း
ကြောင့် မပါဝင်နိုင်တာတွေရှိနေတဲ့အတွက် ဖွဲ့စည်းပုံမပြင်ခင်မှာ
ကြားဖြတ်ရွေးကောက်ပွဲက လုပ်ကိုလုပ်ပေးသင့်ပါတယ်” ဟုပြော
သည်။
ချင်းပြည်နယ်ဟားခါးမြို့တွင်လည်း လစ်လပ်တစ်နေရာရှိနေပြီး
ယင်းအတွက် ၀င်ပြိုင်ရန်ကိုလည်း အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း
ယင်းကဆက်လက်ပြောသည်။
ရွေးကောက်ပွဲတစ်ခုကျင်းပရန်အတွက် မဲဆန္ဒရှင်များကို အသိပညာ
ပေးခြင်းအပြင် အခြားလုပ်ငန်းများလည်းရှိသည့်အတွက် ရွေးကောက်
ပွဲပြုလုပ်မည်ဆိုပါက သုံးလခန့်ကြိုတင်ကြေညာမည်ဖြစ်သည်။
ယခင်အချိန်များကလည်း နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စား
လှယ်များမှ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ပေး ရန် အစီအစဉ်ရှိမရှိ
ပြည်တွင်းပြည်ပမီဒီယာများမှ မေးမြန်းမှုများရှိခဲ့ပြီး နိုင်ငံရေးပါတီများ
နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ င်ဥက္ကဋ္ဌတို့ တွေ့ဆုံစဉ်များတွင်
မေးမြန်းမှုများရှိခဲ့သော်လည်း ထိုအချိန်များက ကော်မရှင်ဥက္ကဋ္ဌ
၂၀၁၄ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း ဆီးဂိမ်းကျင်းပရန်ရှိခြင်း၊
အာဆီယံဥက္ကဋ္ဌနေရာရယူရန်ရှိခြင်းနှ င့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း
ကောက်ယူရန်ရှိခြင်းတို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရန်
အစီအစဉ်မရှိကြောင်း ဖြေကြားထားမှုများရှိသည်။
Democracy Daily
မဲဆန္ဒနယ်ပေါင်း နှစ်ဆယ်ကျော်ရှိနေပြီး ယင်းနေရာများအတွက်
ကြးဖြတ်ရွေးကောက်ပွဲတစ်ခုပြုလုပ
ထောင်စုရွေးကောက်ပွဲကော်မရှင်မှ
အဆိုပါတာဝန်ရှိသူက “ကြားဖြတ်ရွေးကောက်ပွဲတွေက လုပ်ပေးဖို့
ရှိတယ်။ ကော်မရှင်ရဲ့လမ်းညွှန်မှုနဲ့အညီ သင့်တော်တဲ့အချိန်ကာလမှာ
ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ကော်မရှင်အနေနဲ့ Ready
Position မှာရှိတယ်” ဟုပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန်အစီအစဉ်ရှိ မရှိကို လွှတ်တော်
ကိုယ်စားလှယ်များကလည်း လွှတ်တော်အစည်းအဝေးတွင်မေးမြန်း
ထားကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ
လွှတ်တော်တွင် တရားဝင်ဖြေကြားသွားမည်ဖြစ်ကြောင
ပြောသည်။
ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ
ဘိခ်ထောင်က “ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ခုနှစ်ဆယ့်ငါးရာခိုင်နှုန်း
ကျော်ပါဝင်ရမယ်။ ကြားထဲမှာလစ်လပ်တာတွေ အကြောင်းကြောင်း
ကြောင့် မပါဝင်နိုင်တာတွေရှိနေတဲ့အတွက် ဖွဲ့စည်းပုံမပြင်ခင်မှာ
ကြားဖြတ်ရွေးကောက်ပွဲက လုပ်ကိုလုပ်ပေးသင့်ပါတယ်” ဟုပြော
သည်။
ချင်းပြည်နယ်ဟားခါးမြို့တွင်လည်
ယင်းအတွက် ၀င်ပြိုင်ရန်ကိုလည်း အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း
ယင်းကဆက်လက်ပြောသည်။
ရွေးကောက်ပွဲတစ်ခုကျင်းပရန်အတွက
ပေးခြင်းအပြင် အခြားလုပ်ငန်းများလည်းရှိသည့်အတ
ပွဲပြုလုပ်မည်ဆိုပါက သုံးလခန့်ကြိုတင်ကြေညာမည်ဖြစ်သည
ယခင်အချိန်များကလည်း နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စား
လှယ်များမှ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ပေး
ပြည်တွင်းပြည်ပမီဒီယာများမှ မေးမြန်းမှုများရှိခဲ့ပြီး နိုင်ငံရေးပါတီများ
နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ
မေးမြန်းမှုများရှိခဲ့သော်လည်း ထိုအချိန်များက ကော်မရှင်ဥက္ကဋ္ဌ
၂၀၁၄ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း ဆီးဂိမ်းကျင်းပရန်ရှိခြင်း၊
အာဆီယံဥက္ကဋ္ဌနေရာရယူရန်ရှိခြင်းနှ
ကောက်ယူရန်ရှိခြင်းတို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရန်
အစီအစဉ်မရှိကြောင်း ဖြေကြားထားမှုများရှိသည်။
Democracy Daily
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။