Thursday, March 13, 2014

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံပြီးနောက် လွှတ်တော် ဥက္ကဋ္ဌ၊ ကာချုပ်၊ ပြည်ခိုင်ဖြိုးပါတီ အကြံပေးများနှင့် သမ္မတ တွေ့ဆုံ


နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်
တို့တွေ့ဆုံဆွေးနွေးပြီး နှစ်ရက်အကြာ သမ္မတဦးသိန်းစိန်
လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
နှင့် ပြည်ခိုင်ဖြိုးပါတီမှ အကြံပေးများဖြစ်သော ဦးအောင်သောင်း၊
ဦးစိုးသာတို့ မတ်လ ၁၂ရက်ကတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသတင်း
ရရှိသည်။

“ပြီးခဲ့တဲ့အပတ်က ကာလုံမလုပ်ဖြစ်လို့ တွေ့တဲ့သဘောပါပဲ” ဟု
ပြည်ထောင်စုလွှတ်တော်ရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးကပြော
သည်။



ပုံမှန်အားဖြင့် လွှတ်တော်အစည်းအဝေးများကို ယခင်က နံနက်
၁၀နာရီတွင် ကျင်းပလေ့ရှိသော်လည်း မတ်လ ၁၂ရက်လွှတ်တော်
အစည်းအဝေးကို နေ့လည် ၁နာရီမှ ကျင်းပခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဆွေးနွေးအပြီး နှစ်ရက်အကြာ
တွင် ပြည်ခိုင်ဖြိုးပါတီမှ အကြံပေးများဖြစ်သည့် ဦးအောင်သောင်း၊
ဦးစိုးသာတို့အပါအ၀် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်
ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းသည် နိုင်ငံရေးအရထူးခြား
ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်
ခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့်လေးပွင့်ဆိုင်တွေ့ဆုံဆွေ
နွေးပွဲပြုလုပ်ပေးရန် နိုင်ငံတော်သမ္မတထံတောင်းဆိုမှုမှာ အဆင်
မပြေဘဲ ပြီးခဲ့သည့်မတ်လ ၁၀ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့်
နိုင်ငံတော်သမ္မတတို့သာ တွေ့ဆုံဆွေးနွေးခဲ့သည်။

7 Day Daily

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။