Friday, March 14, 2014

လယ်တီဆရာတော်ုရားကြီး၏ သိမ်ကျောင်းကိုပြောင်းရွှေ့ရန် အစီအစဉ်မရှိဟုဆို

လယ်တီဆရာတော်ဘုရားကြီး၏ သိမ်ကျောင်းကိုလတ်တလော
ရွှေ့ပြောင်းရန် အစီအစဉ်မရှိသေးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး
သစ်တောနှင့် သတ္တုဝန်ကြီး ဦးသန်းထိုက်ကပြောကြားသည်။

လက်ရှိအချိန်တွင် လယ်တီဆရာတော်ဘုရားကြီး၏ ကျောင်းဆောင်
ရွှေ့ပြောင်းရေးနှင့်ပတ်သက်ပြီး ယခုလ ၂၆ရက်တွင် အပြီးပြောင်း
ရွှေ့မည်ဆိုသည့်သတင်းများ ဒေသခံများထံမှ ထွက်ပေါ်လာမှုများ
ကြောင့် ဒီမိုကရေစီတူဒေးသတင်းစာက ဆက်သွယ်မေးမြန်းမှုအပေါ်
အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“သာသနာရေးနဲ့ပတ်သက်နေတဲ့အတွက် သေချာစိစစ်ပြီးမှ ပြောင်း
ရွှေ့သွားမှာပါ။ လတ်တလောတော့ မပြောင်းနိုင်သေးပါဘူး” ဟု
စစ်ကိုင်းတိုင်းဒေသကြီး သစ်တောနှင့် သတ္တုဝန်ကြီးဦးသန်းထိုက်က
ေပြောသည်။



အဆိုပါသိမ်ကျောင်းပြောင်းရွှေ့မှုနှင့်ပတ်သက်ပြီး လက်ပံတောင်း
တောင်စုံစမ်းစစ်ဆေးရေးကော်မရှင်တွင်ပါဝင်သည့် ပညာရှင်တစ်ဦး
က “လယ်တီဆရာတော်ဘုရားကြီး၏ ကျောင်းဆောင်က မိုင်းဧရိယာ
ရဲ့ ဗဟိုချက်မှာရှိနေတယ်။ အရေးကြီးတဲ့စီမံကိန်းဖြစ်နေတဲ့အတွက်
တစ်ထစ်လျှော့စဉ်းစားရတယ်။ ကုမ္ပဏီကို ညှိတဲ့အခါမှာ ကုမ္ပဏီက
မူလအနေအထားမပျက် ရွှေ့ပေးပါမယ်လို့ ကတိပြုထားပါတယ်”ဟု
ပြောသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်တန့်ရန်အတွက် ဒေသခံ
ကျေးရွာများမှ ဒေသခံ၇၀ကျော်လောက်က ၀က်မှေးရွာဟောင်း
ရွာတော်ယဉ်နတ်နန်းတွင် ဖေဖော်ဝါရီလ ၃ရက်ကမိရိုးဖလာနတ်များ
ကို ပင့်ဖိတ်ပြီး ကျိန်စာတိုက်ဆုတောင်းမှုတစ်ခုလုပ်ခဲ့ပြီး လက်ပံတောင်း
တောင်စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာကိုဖော်ဆောင်မည့်
အကောင်အထည်ဖော်ဆောင်ရေးကော်မတီအနေဖြင့် အကောင်
အထည်ဖော်ဆောင်မှုအပိုင်းတွင်လည်း အားနည်းနေကြောင်းဒေသခံ
များကဝေဖန်ပြောသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် ၂၀၁၀ပြည့်နှစ်မှစတင်
ဆောင်ရွက်ခဲ့ပြီး ဆန္ဒပြမှုများဖြစ်ပေါ်ပြီး အကောင်အထည်ဖော်မှုကို
ခေတ္တရပ်ဆိုင်းခဲ့ရသည်။ ယင်းနောက်စုံစမ်းစစ်ဆေးရေးကော်မရှင်
တစ်ခုကိုဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး အဆိုပါကော်မ
ရှင်၏အစီရင်ခံစာအတိုင်း စာချုပ်ကို ဇူလိုင် ၂၄ရက်ကပြန်လည်ချုပ်
ဆိုခဲ့ကြောင်း၊ ယခင်စာချုပ်များတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း
ရေးဆိုင်ရာအစီအမံများ၊ အကျိုးအမြတ်ခွဲဝေမှု၊ သတ္တုတွင်းပြန်လည်
အပ်နှံရေးနှင့် သတ္တုတွင်းပိတ်သိမ်းရေး၊ လူမှုရေးတာဝန်ယူမှု CSR
လုပ်ငန်းများနှင့်ပတ်သက်ပြီး တိတိကျကျ ဖော်ပြထားခြင်းမရှိကြောင်း
လည်းသိရသည်။

Democracy Daily

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။