Thursday, September 12, 2013

လွယ်ဂျယ်မြို့၏မူးယစ်ဆေးဝါးအန္တရာယ်တစ်စေ့တစ်စောင်း ကို လေ့လာတင်ပြခြင်း



မူးယစ်ထုံထိုင်းဘေးဖြစ်စေတတ်သော ဆေးဝါးများး၏အန္တရာယ်မှာလူသားတစ်ရပ်လုံး
ကို လူညွန့်တုံး စေသည်သာမကအသက်၊ အိုးအိမ်စည်းစိမ်များကိုပါထိပါးစေသည်။

မူးယစ်ဆးဝါးသည်သုံးစွဲမိပါကတစ်ဦးတစ်ယောက်မှမိသားစု၊ မိသားစုမှရပ်ရွာ၊ ရပ်ရွာ
မှ မြို့၊ မြို့ရွာမှသည် နိုင်ငံတော်အထိလူ့အဖွဲ့အစည်းတစ်ရပ်လုံးကိုအဆုံးအစမရှိထိခိုက် ပျက်စီးသွားနိုင်သည်။ ထိုဆေးဝါးများကိုလူသားတို့၏အဓိကရန်သူကြီးသဖွယ်သတ်မှတ်
ကာတားဆီးပိတ်ပင်ခြင်း၊အမြစ်ပြတ်ချေမှုန်းခြင်းမပြုလုပ်ပါက ဒေသတစ်ခုလုံးပါပျက်ပြုန်း
သွား မည်ဖြစ်သည်။

လွယ်ဂျယ်မြို့တည်နေရာ
လွယ်ဂျယ်မြို့သည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ မြို့နယ်ခွဲ
တစ်ခု ဖြစ်သည်။ တရုတ်နယ်စပ်နှင့်ထိစပ်လျက်ရှိသော မြို့လည်းဖြစ်သည်။လွယ်ဂျယ်မြို့
သည် တရုတ်နိုင်ငံ၊ ယူနန်ပြည် နယ်၊ လုံးချွန်ခရိုင်၊ ကျန်းဖုံးမြို့၊ လိုင်းယိင်းရွာနှင့် ထိစပ်
လျက် ရှိသည်။ လွယ်ဂျယ်မြို့မှ စိန်လုံ၊ မိုးမောက်၊ ဗန်းမော်မြို့များသို့ မော်တော်ကား
လမ်းဖြင့် သွားလာနိုင်သည်။


မူးယစ်ဆေးဝါးရောင်းချပုံ တစ်စေ့တစ်စောင်း
လွယ်ဂျယ်မြို့အနှံ့အပြားတွင်မူးယစ်ဆေးဝါးလက်လီလက်ကား ရောင်းဝယ်သူမရေမ
တွက်နိုင်အောင် ရှိကြောင်း သိရသည်။ ဖော်ပြပါ ဓါတ်ပုံနှင့် မြေပုံပါ အထောက်အထား
များအရ ယာယီတဲများထိုးကာမူးယစ် ဆေးဝါးရောင်းချသောအဆိုပါနေရာသည်လွယ်ဂျယ်
မြို့မှအကြီးဆုံးဖြစ်သည်။

ထိုနေရာသည် လွယ်ဂျယ်မြို့ တောင်ဘက်ရှိ ရပ်ကွက် (၁) အစွန်၊ ကြံခင်းသွားလမ်းပေါ်ရှိ
ညောင်ပင်ကြီး တလျှောက်တွင် ယာယီတဲများ ထိုး ကာ မူးယစ်ဆေးဝါးရောင်းချနေသော
နေရာဖြစ်သည်။

၎င်းမူးယစ်ဆေးဝါးဈေးတန်းသည် အမှတ် ၁၂၁ ခြေလျင် တပ်ရင်း (၄င်းတပ်ရင်းသည်
မိုးမိတ် အခြေပြုစစ်ဗျူဟာ လက်အောက်ရှိ ငအိုးမြို့ အခြေစိုက်တပ်ရင်းဖြစ်သည်။) နှင့်
ကိုက် ၁၆၀ ကျော်အကွာနှင့် တရုတ်မြန်မာ ချစ်ကြည်ရေးဂိတ်(တရုတ်ရဲကင်း)နှင့် ကိုက်
၄၃၀ ကျော် အကွာ အဝေးတွင် တည်ရှိသည်။

၎င်းဈေးတန်းတွင် မူးယစ်ဆေးဝါး ရောင်းချသူ ၂၀ ဦး (အမျိုးသမီး)အပါအဝင် သုံးစွဲသူ
နေ့စဉ် ၆၀၀ မှ ၇၀၀ ဦးခန့် ရှိကြောင်း ထိုသူများအနက် အမျိုးသမီးဦးရေမှာ ၅၀ ဦးခန့် ပါဝင်ကြောင်းသိရသည်။ ဒေသခံ ကချင်၊ ရှမ်းနှင့် တရုတ်လူမျိုးများ အများဆုံးဖြစ်သည်။ ၄င်းမူးယစ်ဆေးဝါးဈေးတန်းတွင် မူးယစ်ဆေးရောင်းချနေသော မိုးမောက်မြို့မှ ယခု
လွယ်ဂျယ်မြို့ရပ်ကွက် ၃ တွင် နေထိုင်သော တရုတ်လူမျိုးတစ်ဦး၏အဆိုအရ၄င်းတစ်ဦး
တည်းပင် နေ့စဉ် ရာမဆေး ပြား ၂၀၀ ပါ တစ်ထုပ်နှင့် ဘိန်းဖြူ ပုလင်း (တရုတ်မက်
ကလောင်ဆေးပုလင်း) ၂၀ ရောင်းချရကြောင်း၊ ရာမဆေးပြားဈေးနှုန်းမှာ တရုတ်ယွမ်ငွေ
ရ-၁၀-၂၀နှင့် ဘိန်းဖြူ တစ်ပုလင်း ဈေးနှုန်းမှာ လက်လီ တရုတ်ယွမ် ၁၀၀၊ လက်ကားဈေး
မှာ ၉၀ ရှိကြောင်း သိရသည်။

ထိုသူတစ်ဦးတည်း လတ်တလော ရောင်းချခဲ့သော ရာမဆေးပြားပေါင်း ၁၆၀ ထုပ်(တစ်
ထုပ်လျှင် ၂၀၀ ပြား)နှင့် ဘိန်းဖြူ အလေးချိန်မှာ ဆပ်ပြာ ခွက် ၂၀ ရှိသွားပြီဖြစ်ကြောင်း
ပြောပြခဲ့သည်။ ထိုဈေးတန်းတွင် နေ့စဉ်ဆက်ကြေးသဖွယ် လာတောင်းရာတွင် စည်ပင်
သာယာမှ ဝန်ထမ်းနှင့် စစ်ဝတ်စုံဝတ်ထားသူကို မူးယစ်ဆေးရောင်းသူတစ်ဦးလျှင် နေ့စဉ်
တရုတ်ယွမ် ၂၀- ၃၀ စီ ပေးဆောင်ရကြောင်း သိရသည်။

၎င်းတို့ရောင်းချသောရာမဆေးပြားနှင့်ဘိန်းဖြူကိုနယ်စပ်စည်းမျဉ်း၊ မြန်မာပြည်ဘက်ခြမ်း
တွင်ဝယ်ယူရကြောင်းနှင့်အဆိုပါ မူးယစ်ဆေးဝါးများသည် ဘယ်အရပ်ကဝင်လာသည်ကို
၎င်းတို့ကိုယ်တိုင် မသိကြောင်း ပြောပြသည်။
ပို၍ ဝမ်းနည်းဖွယ်ကောင်းသည်မှာ မျိုးချစ်၊ တိုင်းပြည်ချစ် မြန်မာစစ်တပ်နှင့် တရုတ်ရဲကင်း
တို့ ထင်ထင် ရှားရှားမြင်သာသော နေရာတွင် မင်းမဲ့တိုင်းပြည်ကဲ့သို့ မူးယစ်ဆေးဝါးကို ဟင်းသီးဟင်းရွက် ရောင်းဝယ်ဖောက် ကားသလို ရောင်းချနေသည်ကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူခြင်းမရှိခဲ့ဟု သိရသည်။

သက်ဆိုင်ရာကဖမ်းဆီးပြန်လျှင်လည်းမူးယစ်ဆေးဝါးရောင်းဝယ်သူများကိုကြိုတင်
သတင်းပေးတိမ်းရှောင်ခိုင်းပြီးဟန်ဆောင်ဖမ်းဆီးပြလေ့ရှိကြောင်းထပ်မံသိရှိရသည်။

တိုင်းချစ်ပြည်ချစ်စိတ်ဖြင်
လွယ်ဂျယ်မြို့ခံတစ်ဦး
၀၆.၀၉.၂၀၁၃

မူရင်း - ( https://www.facebook.com/hkun.li/posts/316837001794713 )

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။