Thursday, September 12, 2013

TNLA တိုက်ခိုက်မှုကြောင့် အစိုးရ တပ်ဖွဲ့ အထိနာ

ကွတ်ခိုင်မြို့နယ် နမ်းဖက်ကာအုပ်စုရှိ ဖာဖိုင့်နှင့်ပါချောင် ကျေးရွာနမ့်ဟွန်းချောင်း
အနီးသို့ထိုးစစ်ဆင်လာသော အစိုး ရ ခလရ (၄၅) တပ်ဖွဲ့နှင့်ပန်ဆေးပြည်သူ့စစ်ပူးပေါင်း
တပ်ဖွဲ့ကို တအာင်းအမျိုးသားလွတ်မြောက်ရေး TNLA တပ်ရင်း (၁၁၂) မှ စောင့်ပစ်ရာ
ယနေ့ နေ့လည် ၂ နာရီခန့်မှ၃ နာရီခွဲအထိ ပြင်းထန်စွာအနီးကပ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်
ဟု TNLA အထွေထွေအတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော်ကဆိုပါသည်။

“ ဒီလိုပါ၊ ဒီတပ်က မနေ့ ကတည်းက ကျနော်တို့ တပ်ဖွဲ့ နောက်ကို လိုက်နေတာ။ ဒီတော့ သူတို့ ချောင်းကူးလာတယ် ။ ချောင်းတဘက်ကမ်းမှာလည်းကျနော်တို့မိုင်းထောင်ထား
တယ်။ ရှေ့ဆုံးပွိုင့်ကမိုင်းထိတာနဲ့ ကျန်တဲ့တပ်ဖွဲ့တချို့က ချောင်းထဲမှာလေ ၊ ဒီတော့အပြင်း
အထန်ကိုကျနော်တို့တိုက်လိုက်ပါတယ်” ဟုဆိုပါသည်။

ကျနော်တို့ ကလည်းနမ့်ဟွန်း ချောင်းတဖက်ကမ်းကိုကူးပြီး စောင့်ပစ်တယ်။ ဗုံးလည်း
ထပ်ထောင်ထားတယ်။ အဲဒီတော့သူတို့ကချောင်းလည်းကူးရောစပစ်တာပေါ့။ ဒီတော့
ချောင်းထဲမှာ အတုန်းအရုံး ထိတာပါဘဲ။ ပြီးတော့ ကျနော်တို့ ကမ်းစပ် ဖက်မှာလည်း
မိုင်းထောင် ထားတော့ ကမ်းအတက်မှာပါ မိုင်းတွေ ထပ်ထိသွားတယ်” ဟု ဆိုပါသည်။


ဤတိုက်ပွဲတွင် အစိုးရဖက်မှ အနည်းဆုံး (၁၀) ဦး ထက်မနဲ ကျပြီး (၂၀)ကျော် ပြင်းထန်
စွာ ဒါဏ်ရာ ရခဲ့သည်ဟု TNLA က ဆိုပါသည်။ အင်အား (၁၀၀) ခန့်ရှိသည့်အစိုးရတပ်
များသည်မူးယစ်ဆေးဝါးတိုက်ဖျက်ရန်လှုပ်ရှားနေသော TNLA တပ်ရင်း(၁၁၂) နောက်
ကို စစ်ဆင် နေသည့်အတွက်တိုက်ခိုက်လိုက်ခြင်း ဖြစ်ကြောင်း တပ်ရင်း (၁၁၂)မှူး
ဗိုလ်ကြီး တာခွန်ဆာက ဆိုပါသည်။

TNLA တပ်ရင်း ၁၁၂သည်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအစီအစဉ်အရ မူးယစ်ဆေး ၀ါး ရောင်းဝယ်နေသည့် လော့ခူန် ပြည်သူ့စစ်တပ်ဖွဲ့ကို ပြီးခဲ့သည့် စက်တင်ဘာလ
၈ ရက်နေ့တွင် ဝင်ရောက် စီးနင်း ခဲ့ပါသည်။ ပြည်သူ့စစ် ဆက်မလုပ်ရန်လည်း ပြင်း
ထန်စွာသတိပေးပြီး လက်နက်များ ဖြုတ်သိမ်း ခဲ့ပါသည်။

ထိုကဲ့သို့ လက်နက် ဖြုတ်သိမ်း ခဲ့သည်ကို မကျေနပ် သဖြင့် ခလရ ၄၅ နှင့် ပန်ဆေး
ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းကအပြင်းအထန်ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်ပါသည်။သို့သော်
တိုက်ပွဲကြောင့်ထိခိုက်ဒါဏ်ရာရရှိသူများသဖြင့်လူနာများသယ်ဆောင်ရန်ထိုနေရာတွင်
နေရာ ယူထား ရဆဲ ဖြစ်ပါသည်။

ဤအခြေ အနေကြောင့် နောက်ထပ် တိုက်ပွဲများ ဖြစ်ပွား လာစရာ ရှိနေသဖြင့် TNLA
နှင့်အစိုးရတို့၏အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအလားအလာမှာမသေချာသေးကြောင်း
အထွေအထွေအတွင်းရေးမှူး တာဘုန်းကျော်က ဆိုပါသည်။

TNLA သည်အပစ်အခတ်ရပ်စဲရန် ပြီးခဲ့သည့်ဇူလိုင်လအကုန်ပိုင်းတွင်ရှမ်းပြည်မြောက်ပိုင်း
မူဆယ် မြို့၌ တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ သြဂုတ် လဆန်းတွင် ထပ်မံ တွေ့ဆုံရန် မူလက
စီစဉ်ထားသော်လည်း အစိုးရမှ ယုံကြည်မှု မတည်ဆောက် နိုင်သဖြင့် ယနေ့ တွေ့ဆုံရန် မဖြစ်နိုင်သေးကြောင်း TNLA က ဆိုပါသည်။

Written by တအာင်းသားလေး
ရွှေဟင်္သာသတင်းဌာန

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။