Wednesday, September 11, 2013

ဓမ္မစကူးလ်အကြောင်းသိစေဖို့

ယနေ့ ဗုဒ္ဓဘာသာဝင် ကလေးငယ်တို့သည် ဥပုသ်နေ့တိုင်း ကျောင်းကန်ဘုရား
မသွားကြတော့ပါ။ ကျောင်းကန်ဘုရားနှင့်စိမ်းလာကြသဖြင့်ဘာသာတရားတော်နှင့်
လည်း တိမ်းလာကြပါတော့ သည်။ ယင်းသို့ ဥပုသ်နေ့မှန်း မသိခြင်း၊ ကျောင်းကန်
ဘုရားတို့နှင့် စိမ်းလာခြင်းတို့သည် မည်သူတို့၏ တာဝန်ပါနည်းဟု မေးခဲ့သော်
ယနေ့ လူကြီးမိဘတို့၏ တာဝန်ဖြစ်ပါသည်ဟု အမှန်အတိုင်း ဖြေရမည် ဖြစ်ပါသည်။
ယနေ့ ဗုဒ္ဓဘာသာဝင် လူကြီးမိဘအများစုတို့သည် ကျောင်းကန်ဘုရားသွားဖို့ကို
ကျူရှင် သွားဖို့လောက် အရေးမကြီးဟု ထင်မြင်ယူဆ လက်ခံလာကြပါသည်။ ဤ
သို့ဖြင့် ဘုရားဝေး တရားဝေး ရသော လူငယ်လူမိုက် ကလေးတို့ ပေါများလာရပါ
သည်။ သားသမီးများ မနိုင်လောက်အောင် ဆိုးသွမ်းလာမှ အရပ်ကယ်ပါ၊ လူဝိုင်း
ပါဟု အသံပြာလာကြပါသည်။



    ထို့ကြောင့် လူငယ်များ အပတ်စဉ် ကျောင်းကန်ဘုရားသို့ ရောက်ရှိနိုင်မည့်
အသင့်တော်ဆုံး နည်းလမ်းမှာ သီရိလင်္ကာနိုင်ငံမှာကဲ့သို့ (Dhamma school)
ဓမ္မစကူးလ်များအမြို့မြို့အနယ်နယ်တိုင်းတွင်ဖွင့်လှစ်ပေးနိုင်ရေးပင် ဖြစ်ပေတော့
သည်။


    သီရိလင်္ကာ နိုင်ငံသားများ၏ မြတ်ဗုဒ္ဓအပေါ် တလေးတစား တန်ဖိုးထားသည့်
စိတ်ကို အားရ ကျေနပ်မိပါသည်။
    အစိုးရ ရုံးများ၌လည်း ရဟန်းတော်များကို အထူးဦးစားပေး၍ လုပ်ပေးကြ၏။
တစ်ခါတရံ အစိုးရရုံးသို့ နေ့ဆွမ်းစားချိန်ရောက်သွားလျှင် ဆွမ်းတောင် ကပ်လှူ
လိုက်ပါသေးသည်။ ဘတ်စ်ကား များ၌လည်း ရဟန်းသံဃာတော်များအတွက်
အမြဲတမ်း နှစ်နေရာပေးထားသည် ကို တွေ့ရပြန်၏။ ဂိတ်စောင့်ရဲဘော်များသည် ဘုန်းကြီးရဟန်းတော်များကိုတွေ့လျှင် ပရိတ်ချည်ကို တောင်းလေ့ရှိ၏။


    ရဟန်းတော်များပါဝင်သောကားများကိုစစ်ဆေးမေးမြန်းခြင်းမလုပ်ဘဲအလွယ်
တကူပင် ခွင့်ပြု၏။ အစိုးရရုံးများကလည်း ဗုဒ္ဓဘာသာဝင်များကို ဦးစားပေး နေရာ
ချ၏။ဥပုသ်စောင့်ချင်သူများ ဥပုသ်စောင့်နိုင်ရန်အတွက် လပြည့်နေ့တိုင်း အစိုးရ
ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထား၏။ ညနေခင်း ဆိုလျှင် ဘုန်းကြီးကျောင်းများ၌
ဗောဓိပင်ကို ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြ၏။ `


    ဤသည့် ဖြစ်စဉ်များက သီရိလင်္ကာနိုင်ငံ၏ မြတ်ဗုဒ္ဓအပေါ် အလေးအနက်
ထားကြောင်းဖော်ပြ လျှက်ရှိပေသည်။
    “ အရင်းစစ်လျှင် အမြစ်မြေက” ဆိုသကဲ့သို့ ယင်းသို့လျှင် နိုင်ငံ တစ်နိုင်ငံလုံး
ကမိမိတို့ ဗုဒ္ဓဘာသာကိုအသက်တမျှတန်ဖိုးထားခြင်း၏အကြောင်းမှာသီရိလင်္ကာ
နိုင်ငံ အစိုးရ၏ (Sunday school)များကြောင့်ပင် ဖြစ်ပေသည်။


    (Sunday School) ဟူသည်မှာ
တနင်္ဂနွေနေ့တိုင်း ဗုဒ္ဓ၀င်၊ ရာဇ၀င်၊ ယဉ်ကျေးမှု စသည်များကို အထူးသင်ပေးသော
ကျောင်းဖြစ်ပေသည်။ ယင်းကျောင်းများသည် ပုဂ္ဂလိကပိုင် မဟုတ်ကြ၊ နိုင်ငံတော်
အစိုးရကိုယ်တိုင်ကပညာရေးစနစ်ကိုသတ်မှတ်ပေးပြီးစည်းမျဉ်းဥပဒေနှင့်အညီဖွင့်
လှစ်ပေးထားသော ကျောင်းများဖြစ်ပေ သည်။ နေရာကား ဘုန်းကြီးကျောင်းပင်
တည်း။အချို့ဘုန်းကြီးကျောင်းများ၌စွမ်းဆောင်နိုင် သောကျောင်းထိုင်ဘုန်းကြီး
များသည်(Sunday school)၏ ကျောင်းအုပ်များ ဖြစ်ပြီး၊အနည်းငယ် သော ကျောင်း
များမှာတော့ကျောင်းထိုင်ဘုန်းကြီးများကပံ့ပိုးမှုအပိုင်းလောက်သာတာဝန်ယူကြပါ
သည်။


    သီရိလင်္ကာရှိ ကလေးများသည် ဤကဲ့သို့ ဘုရားရှိခိုး သြ၀ါဒခံယူ ဗုဒ္ဓစာပေများကို
သင်ကြားရသည်မှာ တစ်ပတ်မဟုတ် တစ်နှစ်မဟုတ်၊ နှစ်ပေါင်း (၁၃)နှစ်၊ ယင်း
ကဲ့သို့နှစ်ပေါင်းများစွာ ဗုဒ္ဓတရားနှင့် ထိတွေ့နေကြရကား ကလေးများ၏ ဘာသာ
ကို ချစ်တဲ့စိတ် လူမျိုးကို ချစ်တဲ့စိတ်မှာ ဦခေါင်းထဲမှာ သံမှိုနှက်သကဲ့သို့ စွဲမြဲသွား
ပါတော့သည်။


    ဗုဒ္ဓ၀ါဒ၏ အခြေခံအုတ်မြစ်မှာလည်း ခိုင်မာသွားပါတော့သည်။ ကလေးသူငယ်
များ၏ဘာသာသွေးကားရဲရဲတောက်နေပေပြီ။အဘယ်ကဲ့သို့သောသူမှဘာသာ
ကူးပြောင်းအောင်မစွမ်းနိုင်တော့ပေ။


    ထို့ကြောင့် သီရိလင်္ကာ၌ နှစ်ပေါင်းများစွာ နေဖူးသော မြန်မာဘုန်းကြီးတစ်ပါး
က ဤကဲ့သို့ပြော ဖူးသည် “သီရိလင်္ကာရှိ ဗုဒ္ဓဘာသာဝင် ကလေးသူငယ်များဟာ
ဘာသာ ပြောင်းတယ်ဆိုတာမရှိဘူး။ဘာကြောင့်လဲဆိုရင်ကလေးဘ၀ကစတင်ပြီး
အခြေခံဗုဒ္ဓစာပေများကိုစနစ်တကျသင်ယူခဲ့ရသည့်အတွက်ဗုဒ္ဓဘာသာရဲ့တန်ဖိုး
ကို ကိုယ်တိုင်သိရှိနေကြပြီလေ။ ဒီတော့ကိုယ့်ဘာသာကိုဘယ်သောအခါမှကျော
မခိုင်းတော့ဘူး” တဲ့။

    “လှည်းဝင်ရိုးသံ တညံညံ၊ ဓမ္မစကူးလ်ပေါင်း”

 လှည်းဝင်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်း” ကြွေးကြော်နေသည့် အမိမြန်မာပြည်ကြီး
၌ စနစ်တကျ ပို့ချနေသော ဓမ္မသင်တန်းကျောင်းများ မည်မျှလောက် ရှိပါသနည်း။
အကဲခတ်ကြည့်စေ ချင်ပါသည်။ တချို့နေရာများ၌ ရက်တိုသင်တန်း ကျောင်းများ
ကတော့ ထင်ထင်ရှားရှားရှိပေသည်။ သို့သော် ရက်ရှည်သင်တန်းကျောင်းများကား
နည်းပါးလှ၏။ ယင်းသို့ နည်းပါးလှသည့်အတွက် တချို့ ဗုဒ္ဓဘာသာဝင် ရင်သွေးငယ်
များသည် ဘာသာရေး အခြေခံအားနည်းကြရကား ဘာသာခြားနှင့် အိမ်ထောင်ပြုပြီး
ဘာသာခြားဘက်သို့ ကူပြောင်းသွားကြသည်ကို ၀မ်းနည်းဖွယ် တွေ့ခဲ့ဘူးပါသည်။


    စေတီပုထိုးများ၌ ညောင်ပင်ပေါက်လျှင် စေတီပုထိုးများ ပြိုပျက်ကြသကဲ့သို့
မိမိတို့ မြန်မာပြည်ကြီး၌ ဘာသာခြားများ တိုးပွားလာလျှင်၊ စေတီပုထိုးများ
မျက်နှာတော်ညှိုးတော်မူရမည့် အခြေအနေနှင့် ရင်ဆိုင်ရပေမည်။ ဤဖြစ်စဉ်ကို
အစဉ်တွေးလျက် ယခု အချိန်မှစပြီး ဓမ္မသင်တန်း ကျောင်း(သို့) ဓမ္မစကူးလ်များကို
မိမိတို့ တတ်စွမ်းသမျှ ဖွင့်လှစ်တည်ထောင် သင့်လှပေသည်။
အကြင်အခါ၌ မြန်မာပြည်အ၀န်းမှာ “လှည်းဝင်ရိုးသံ တညံညံ၊ ဓမ္မစကူးလ်ပေါင်း”
ဟု ကြွေးကြော်နိုင်၏။ ထိုအခါ၌ နတ်ရွာစံသွားလေပြီဖြစ်သော ဘုရင်မင်းမြတ်
အနော်ရထာက အထက် ကောင်းကင်ယံ နတ်ပြည်မှ တဆင့် ဗြဟ္မာ့ပြည်တိုင်အောင်
“ အို သူတော်ကောင်းတို့ မြန်မာပြည်ကြီး ကို ကြည့်ကြကုန်လော့၊ အရှင်အရဟံရဲ့
သြ၀ါဒကို ခံယူပြီး ငါကိုယ်တော်တိုင် ချခဲ့တဲ့ ဓမ္မအုတ်မြစ်ပေါ်မှာ ရဟန်းရှင်လူပြည်
သူများဟာ ကြီးမားသော ဓမ္မအဆောက်အအုံကြီးကို အဆင့်ဆင့် တည်ဆောက်နေ
ကြတယ်ကွယ်၊ ငါကိုယ်တော်အားရကျေနပ်လှပါဘိ၊ ဒါမှဒို့တိုင်း၊ဒို့ပြည်၊ဒို့မြန်မာပြည်
ဖြစ်ပေသကွယ်” ဟု အားရပါးရ ကောင်းချီးနုမော် သာဓုခေါ်နေမည်မှာ မြေကြီး
လက်ခတ် မလွဲသာတည်း။

ထို့ကြောင့် မြန်မာပြည်တွင် ယခုလက်ရှိ အကောင်အထည်ဖော် အုတ်မြစ်ချ
သင်ကြားပေးနေသည့် ဓမ္မစကူးလ်သင်တန်းကျောင်းများသို့ မိမိတို့၏ ရင်သွေးငယ်
များအား ပို့ဖြစ်အောင်ပို့ပေးခြင်းဖြင့် နှလုံးသားဝယ် ဘုရားတည်ခြင်းအမှုကို ပြုကြပါ
ကုန်လော့။

 အရှင်ဒေ၀ိန္ဒာဘိဝံသ
  သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။