Thursday, September 5, 2013

အိုဗာစတေးသမားတစ်ယောက်မှ သေနတ်ဖြင့်ခုခံ

စက်တင်ဘာ ၄ရက် အိုဗာစတေး သမားများ ကို ဖမ်းဆီးတဲ့ OPS 6P အစီအစဉ်ရဲ့ ၄ ရက်နေ့မြောက်အနေဖြင့် မလေးရှားအစိုးရရဲ့ ကြော်ငြာချက်ကို  Thestar သတင်းစာ
မှ ဖော်ပြသွားသည် ။

ပြီးခဲ့သည့်တနင်္ဂနွေနေ့ က Negri Sem­bilan ရှိ ဆောက်လုပ်ရေးတစ်ခုအားဝင်ရောက်
စီးနင်းမှု့တွင်အဆိုပါဆိုဒ်ရှိ တရားမဝင်နေထိုင်သူတစ်ဦး မှ ရုတ်တရက် ပစ္စတို သေနတ်
တစ်လက်ထုတ်ကာ ဖမ်းဆီးသည့် အရာရှိအားချိန်၍ ပစ်ရန်ကြံစည်မှု့တစ်ခု ကို အမှတ် မထင်တွေ့ကြုံရကြောင်း မလေးရှား လဝက အရာရှိ ဒါတွတ် အလီယတ် အာမက်က
ယနေ့ သတင်းစာတွင်ပြောကြားကြောင်းသိရသ
ည် ။

အရာရှိ၏ ပြောကြားချက်တွင် ဖမ်းဆီးရေး အဖွဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ရောက်
ရှိချိန်တ
ွင် အလုပ်သမားများ မှဆောက်လုပ်ရေး လုပ်ငန်းခွင် နောက်ဘက်တောင်ခြေအ
ထိ သွားရောက် ပုန်အောင်းနေကြသည်ကိုတွေ့ရှိကြေ
ာင်း ။

အဆိုပါ သူများအား ဖမ်းဆီးရေး သမားများမှ သွားရောက်စီးနင်း ဖမ်းဆီးချိန်တွင် အိုဗာ
စတေး သမားတစ်ဦးမှ ရုတ်တရက် ပစ်စတို သေနတ်တစ်လက်အားထုတ်ကာ ဖမ်းဆီး
သည့် အရာရှိအား ပစ်ရန်ကြံရွယ်ကြောင်း ။

အရာရှိမှ ထိုသူ၏နောက်သို့ ပြေးဝင်ပြီး လက်ထဲမှသေနတ်အား အရယူနိုင်ခဲ့ကြောင်း ။
ယမာန်နေ့ သတင်းစာရှင်းလင်းပွဲတွင်ပြောကြာ
းသွားခဲ့သည် ။

တစ်ဖန် အရာရှိ အလီယတ်မှ
" ဒါက ကျွန်တော်တို့အတွက် ရှော့ရစေပါတယ် ၊ ပုံမှန်အားဖြင့် ဓားမြှောင် ၊ ဓားမ တွေ
ကိုသာ ပုံမှန်အားဖြင့်ရင်ဆိုင်ရတာပါ ၊ ခုတော့ သေနတ်ပါတွေ့နေရပြီ " ဟုဆိုသည်။

“ကျွန်တောို့မှာ ဒီ့အတွက် အထူးအဖွဲ့ဝင်နဲ့ တိုက်ခိုက်ရေးသမားတွေကိုပါ ပြင်ဆင်ထား
ပါတယ် ၊ ဒီတစ်ယောက်ကိုတော့ ရဲမှုခင်း တစ်ခုအနေနဲ့ ကျွန်တော်တို့ အမှုဖွင့်အရေး
ယူသွားမှာဖြစ်တယ်" လို့အရာရှိက ရှင်းလင်းသွားခဲ့သည် ။

OPS 6P အော်ပရေးရှင်းမှာ ယနေ့အထိ တရားမဝင် 2,586ဦသာလျှင် ဖမ်ဆီးရမိ
ထားသေကြောင်း ၊ ယနေ့အထိ အင်ဒိုနီးရှား ၇၇၁ ဦး ၊ မြန်မာ ၅၇၉ ဦး ၊ ဘင်္ဂလားဒေ့ရှ်
၃၈၉ ဦး နှင့် နီပေါ ၂၄၃ ဦး ပါဝင်ကြောင်း ၊ အခြား ကမ္ဘောဒီးယား ၊ ဗီယက်နမ် ၊ အိန္ဒိယ ၊
ပါကစ်စတန် ၊ ဖိလပိုင် ၊ တရုတ် ၊ နိုင်ဂျီးယီးယား နှင့် ထိုင်းနိုင်ငံသား အနည်းငယ်ပါ
ဝင်ကြောင်း သိရသည် ။

အဆိုပါ ဖမ်းဆီးမှုများထဲမှ အင်ဒိုနီးရှားနိုင်ငံသား တော်တော်များများကို ပြန်ပို့ပြီး

ခဲ့
ပြီဖြစ်ကြောင်း အရာရှိက ပြောသည် ။
ဒါတွတ်အလီယတ်က ဆက်ပြီး ဖမ်းဆီးထားသူများကို ထားစရာ မရှိသည့်အတွက်
အစိုးရထံ ယာယီထိမ်းသိမ်းရေးစခန်းများ ဆောက်ပေးရန် အကြောင်းကြားထားပြီး ၊
လူ ၄၀၀၀ စာ ထိမ်းသိမ်းရေး စခန်းကို Selangor နှင့် ကွာလာလမ်ပူတွင် တည်ဆောက် ရန် ပြင်ဆင်ပြီးကြောင်း နှင့် ဆက်လက် ပြီးတိုးလာမည့် အရေအတွက် ရှိပါက ထားနိုင် ရန် ပြင်ဆင်ပြီး ဖြစ်ကြောင်း Thestar သတင်းစာက ယနေ့ဖော်ပြသွားသည် ။

ထိုသေနတ်ပစ်ရန် ကြံစသည်သည့် အိုဗာစတေးသမားမှာ မည်သည့် နိုင်ငံသားဖြစ်
သည်ကြောင်း ကိုမူ မဖော်ပြသွားခဲ့ပါ ။ နီးစပ်ရာ သတင်းများ အရ မည်သည့်နိုင်ငံ သားဖြစ်ကြောင်း ပြောဆိုမှုများရှိနေသော်လည်း အစိုးရမှ တရားဝင်မထုတ်ပြန်
သရွေ့ ယခု မလေးရှားရောက် မြန်မာများ စာမျက်နှာမှ ရေးသားမည်မဟုတ်ပါ ။

ယခု OPS 6P ဖမ်းဆီးမှုအတွက် အလုပ်ရှင်များ ၊ အဖွဲ့အစည်များ ၊ NGO များမှ အစိုးရ
အား ရပ်ပစ်ရန် ဖိအားများစတင်ပေးထားသော်လည် လဝက အရာရှိ ဒါတွတ်အလီယတ်
ကမူ အစိုးရအား ယာယီ ထိမ်းသိမ်းရေးစခန်းဆောက်ရန် အကြောင်းကြားထားပြီးဖြစ်ေ ကြာင်း
သိရသည် ။

ထပ်မံပြီး ယမာန်နေ့ည မလေးရှား အလွတ်သတင်းဌာနတစ်ခုဖြစ်တဲ့ မလေးရှား ကီနီ သတင်းစာမျက်တွင်မူ အလုပ်သမားများရဲ့ ဆန္ဒ အတိုင်း ပိုက်ဆံပေးထားပြီး ပါမစ်ထွက်
မလာသော ၆P ဟု ရေးသားပေးသွားကြောင်းတွေ့ရပါသည်


ဆက်လက်ပြီး ထူးခြားသော သတင်းများ ဆောင်ရန်ရှောင်ရန်များနှင့် မြန်မာနိုင်ငံသားများ သိသင့်သိထိုက်သည်များကို ကျွန်တော်တို့ မလေးရှားရောက် မြန်မာနိုင်ငံသားများ စာ
မျက်နှာမှ ဆက်တိုက်ရေးသားပေးသွားမည်ဖြစ်သည
် ။

အဖမ်းဆီးခံ မြန်မာနိုင်ငံသားများ အား ကူညီရန်အတွက် ကျွန်တော်တို့အဖွဲ့ မှ စတင်ငွေစုဆောင်းနေပြီဖြစ်သည် ။ မြန်မာနိုင်ငံသားများ အားလုံးအတွက် ကျွန်တော်တို့ မကူညီနိုင်သော်ငြား ကျွန်တော်တို့ကူညီနိုင်မည့် ကိစ္စ အားလုံးကို တတ်စွမ်းသရွေ့ ကူညီ
မည် ။

မြန်မာနိုင်ငံသား များတင်မဟုတ်ပဲ မည်သည့်နိုင်ငံသားမဆို ဖမ်းဆီးသည်ကို ကျွန်တော်တို
သိပါသည် ။

သို့သော် အဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများအတွက်မှန်ကန် သောနည်းလမ်း ၊အမြတ် အစွန်းမပါသောစီမံမှု့များဖြင့်မိခင်မြန်မာနိုင်ငံသို့ ပြန်ဖို့စီစဉ်ပေးပါရန် နှင့် မြန်မာအစိုးရ
နှင့် မြန်မာသံရုံးအား မိမိနိုင်ငံသားများ အတွက် အရေးတယူစောင့်ရှောက်ပေးပါရန်
ကျွန်တော်တို့ မလေးရှားရောက် မြန်မာနိုင်ငံသားများမှ လေးစားစွာ မေတ္တာရပ်ခံအပ်သည် ။

www.facebook.com/mmrinmy
မလေးရှားရောက်မြန်မာများ

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။