ကျွန်တော်တို့ကျောင်းဟာ
တာချီလိတ်မြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) မိုင်းကိုးဖြစ်ပါသည်။
ကျွန်တော်တို့ကျောင်းအပါအ၀င်မိုင်းကိုးကျေးရွာအုပ်စုတွင်ကျောင်းပေါင်း(၁၅)ကျောင်းရှိပါသည်။ထိုကျောင်းများ မှာမူလတန်းနှင့်မူလတန်း(လွန်)ကျောင်းများဖြစ်ပါသည်။ထိုကျောင်း(၁၄)ကျောင်းမှမိုင်းကိုးအခြေခံအထက်တန်း ကျောင်း(ခွဲ)သို့တတ်ရောက်လိုသောကျောင်းသား/သူအသစ်များကိုကျောင်းအုပ်ကြီးဦးအေးသိန်းမှာထိုင်းဘတ် ငွေ (၁၀၀၀)ကောက်ခံနေပါသည်။
(၁၄)ကျောင်းမှကျောင်းသား/သူများသည်မိုင်းကိုးကျောင်းတွင်မနေပဲတာချီလိတ်၊ကျိုင်းတုံကျောင်းသို့ပြောင်းရွေ့ လိုပါကမိမိကျောင်းနှင့်မဆိုင်သော်လည်းဘတ်ငွေ(၁၀၀၀)၊မိမိကျောင်းမှကျောင်းသူ/သားများကျောင်းပြောင်း လက်မှတ်ယူလျှင်လည်းဘတ်ငွေ(၁၀၀၀) ပေးမှရမည်ဟုဆိုသည်။ ငွေကြေး မတတ်နိုင် သောမိဘများအား သဲ (၁)စီး၊ကျောက်(၁)စီး၊
အုတ်(၁)စီး၊ ဘိလပ်မြေ စသည်တို့ကို ကြိုက်နှစ် သက်ရာ လှူဒါန်းနိုင်သည်။ မပေး လျှင် မရဟုပြောသည်။ကျောင်းအပ်နှုန်းများမှာအစိုးရမှတရားဝင်ကျပ်ငွေဖြင့်သတ်မှတ်ထားသောလည်း
ကျပ်ငွေဖြင့် ကျောင်း အပ်လျှင် လက်မခံ၊ ဘတ်ငွေဖြင့်သာ လက်ခံသည်။ ပညာရေးမှူးရုံးမှ
ခိုင်းသည်ဟုဆိုပါသည်။ ကျောင်းအပ်နှုန်းများမှာ ပဉ္စမတန်း (၁၅၀)ဘတ်၊ ဆဌမတန်း(၁၆၀)ဘတ်၊
သတ္တမတန်း(၁၇၀)ဘတ်၊ အဌမ တန်း(၁၈၀)ဘတ်၊ န၀မတန်းကို(၁၉၀)ဘတ်၊ ဒဿမတန်း (၂၀၀)ဘတ်
ကောက်ခံသည်။ ကျောင်းသား မိဘ များအနေဖြင့်ကျောင်းသူ/သား(ညီကိုမောင်နှမ)များပါကအခက်အခဲများနှင့်ကြုံတွေ့နေရပါသည်။ ကျောင်းအုပ် ဆရာကြိး ဦးအေးသိန်းသည် ပင်စင်ယူရန်
(၇)နှစ်သာကျန်သဖြင့် အုပ်လည်းအုပ်၊လုပ်လည်း လုပ်ဟု ဆိုကာ
အခြားအုပ်စုကျောင်းမှဆရာများအား ဘတ်ငွေ(၁၀၀၀) ကောက်ခံခိုင်း၍ ဆရာကြီးအား ပေးအပ်စေသည်။
သက်ဆိုင်ရာလူကြီးများ အနေဖြင့် လာရောက် စစ်ဆေးပေးပါရန်
တောင်းခံအပ်ပါသည်။
မှတ်ချက်.....လာရောက်စစ်ဆေးရာတွင်ဆရာ/မများကိုတစ်ဦးချင်းဆီစစ်ဆေးပေးစေချင်ပါသည်။ကျောင်းအုပ် ကြီး အားကြောက်ရသောကြောင့်ဖြစ်ပါသည်။ ကျောင်းအုပ်ကြီးရှေ့တွင်
မပြောရဲသော ကြောင့်ဖြစ်ပါသည်။
အခက်အခဲနှင့်ရင်ဆိုင်နေရသောကျောင်းသားမိဘများ
အခက်အခဲနှင့်ရင်ဆိုင်နေရသောကျောင်းသားမိဘများ
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။