စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အထက (၃) ကျောင်းအုပ် ဆရာမကြီး၊
ကျောင်းစာရေးကြီးနှင့် ဟိန္ဒူ ဆရာ မတို့ (၃) ဦးပူးပေါင်း၍ S.A.T များ
လုံလောက်စွာရှိပါလျက် J.A.T များကို အထက်တန်းသင်စေ၍ လာဘ်စား သည်။
Time Table များလိမ်ညာဆွဲ၍ အထက်ကိုတင်သည်။လုပ်ဖော်ကိုင်ဖက် ဆရာ ဆရာမ များအပေါ် အတန်း ခွဲမှု နှင့်ပတ်သတ်၍ ငွေယူလာဘ်စားသည်။ မဆိုင်သောနယ်မြေမှ လာရောက်အပ်နှံသော ကျောင်းသားများ ကို လက်ခံငွေယူ လာဘ်စားသည်။မနှစ်က ကျောင်းသား ၁ ယောက် ၅သောင်း ၊ ၃ သောင်း လာဘ်စားသဖြင့် မိဘများက မကျေနပ်၍ တိုင်သော်လည်း ပေါ်အောင် မစစ်နိုင်ပါ။
Form ကြေး ၁၀၀ ကျပ်ကောက်တာပေါ်သွားပေမယ့်ဘာမှ အပြစ် မပေးပါ။ ကျောင်းအုပ်ကိုယ်တိုင်က "" မနှစ် က Form ကြေး ၁၀၀ကောက်တာရတာမှငါ့မှာ ၂ သိန်းပဲရတယ် ပြဿနာ ဖြစ်လို့ အထက်ကိုပြန်ပေး လိုက်ရ တာက ၃ သိန်းကုန်တယ်ဟု လျှောက်ပြော နေပါသည်။
ဆရာမကြီးရဲ့တိုက်အသစ်ကြီးပြီးလုပြီ။လာဘ်စားတာထင်ရှားနေပါပြီ။ဒီနှစ်တော့ လာဘ်စားမှုတွေ ပေါ်အောင် စစ်ပေးပါတော့။
အမှန်တရားကိုလိုလားတဲ့
၃၆ ဦး

No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။