Tuesday, May 29, 2012

အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ ဆုံ

အိန္ဒိယ၀န်ကြီးချုပ်မန်မိုဟန်ဆင်းနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်တို့ အိန္ဒိယ သံရုံးတွင်တွေ့ ဆုံခဲ့ရာ မြန်မာဒီမိုကရေးစီပြုပြင်ပြောင်းလဲရေးတွင် အဓိကအရေးပါသောအတိုက်အခံ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

အစိုးရ၀န်ကြီးအဖွဲ့ တွင် ပါဝင်နိုင်ရေး ဆောင်ရွက်ပေးသင့်သည်ဟု ပြောဆိုကာ မြန်မာနိုင်ငံတွင် ထွန်းလင်း ထောက်ပနေသော ဒီမိုကရေစီ ပန်းတစ်ပွင့်ဖြစ်သည်ဟုဆိုကာ တိုင်းပြည်ဖွင့်ဖြိုးတိုးတက်ရေးနှင့် အမျို သား ပြန်လည်သင့်မြတ်ရေးတို့ ကို အကောင်းဆုံးအကောင်အထည်ဖေါ်ပေးနိုင်သော ခေါင်းဆောင်တစ်ဦးဖြစ် လိမ့်မည်ဟု ယုံကြည်သည်။

ဒီမိုကရေစီနိုင်ငံကြီးဖြစ်သော အိန္ဒိယအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးတွင် ကျွန်တော်တို့ တတွေဟာ ဒီမို ကရေစီဖွံ့ ဖြိုးရေးအတွက်ဆောင်ရွက်ပေးနိုင်သောကိစ္စများကိုပူးပေါင်းဆောင်ရွက်ရန်ကတိပြုခဲ့ပြီး သံတမန် ဆက်ဆံရေးအလေးထားကာ ဒီမိုကရေစီဖွံ့ ဖြိုးရေး အစရှိသည်တို့ ကို ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့်  အိန္ဒိယ အနေဖြင့်လွတ်လပ်စွာကူညီဆောင်ရွက်သွားမည်။အိန္ဒိယနိုင်ငံတွင် ပညာသင်ယူခဲ့ဘူးပြီး ၁၉၉၁ ခုနှစ်တွင် နိုလ်ဘလ် ဆုကို ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအပြောင်းအလဲများကို တနှစ်အတွင်း သမ္မတဦးသိန်းစိန်နှင့် တွေ့ ဆုံဆွေးနွေးမှုများပြုလုပ်ကာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ခဲ့သူ လည်း ဖြစ်သည်။ အိန္ဒိယနိုင်ငံခေါင်းဆောင်များကအစိုးရရော အတိုက်အခံပါ ဆက်ဆံရေး ကျိုးစား ခဲ့ပေမဲ့ နေအိမ် အကျယ်ချုပ်ကျခံနေရသော  ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံမှုမရရှိခဲ့ပါ။

စစ်အစိုးရလက်ထက် အိန္ဒိယနိုင်ငံဆက်ဆံရေးကို နိုင်ငံတကာမှ ကန့် ကွက်မှုများရှိခဲ့သောကြောင့်ဒီမို ကရေစီ ခေါင်းဆောင်များနှင့် ပြန်လည်ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်သောအနေအထား လည်းဖြစ်သည်။

တနလာင်္နေ့ကအိန္ဒိယ-မြန်မာနှစ်နိုင်ငံဆက်ဆံရေးအောင်မြင်ရန်အတူတကွပူးပေါင်းဆောင်ရွက်မည်ဖြစ် ပြီး ခရီးသွားဖေါ်အသစ်ကိုပြန်လည်ထူထောင်သောနေ့အဖြစ်လေကြောင်းသဘောတူညီမှုအပါအ၀င် အကျိုး တူ စီးပွားရေး ၁၂ ခုကို အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့သော နေ့ တနေ့ လည်းဖြစ်သည်။မြန်မာ့ ဒီမို ကရေစီပြုပြင်ပြောင်းလဲရေးအတွက် အတိုးသက်သက်သာသာဖြင့် ချေးငွေအမေရိကန်ဒေါ်လာ သန်း ၅၀၀ ကို  ကူညီမည်ဖြစ်သည်။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။