Monday, January 28, 2013

ကချင်ဒေသတွင်းခံစစ်စခန်းများ ဆုံးရှုံးခဲ့သော်လည်း လက်နက်သစ်များထပ်မံရရှိနေသော ကေအိုင်အေနှင့် နောက်ကွယ်မှအထောက်အပံ့များ

၂၀၁၃ဇန်န၀ါရီလ၂၆ ရက်နေ့၌ ကေအိုင်အေတို့၏ကချင်ဒေသအတွင်း နောက်ဆုံး
ခံစစ်စခန်းဟုဆိုနိုင်သည့်ခယာဘွမ် တောင်ကုန်းအားသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
သို့သော်လည်း ကေအိုင်အေဖွဲ့များသို့ချပ်ဝတ်ကျည်ကာဝတ်စုံများ၊ ပေါက်ကွဲအား
ပြင်းထန် သောလက်နက်များ၊ လေယာဉ်ပစ်ဒုံးလက်နက်သစ်များထပ်မံ ရောက်
ရှိနေကြောင်းစုံစမ်းသိရှိခဲ့ရသည်။ယခင်ကABSDF မြောက်ပိုင်းအဖွဲ့များသာဝတ်ဆင်
ခဲ့သည့်ကျည်ကာဝတ်စုံနှင့်ကျည်ကာဦးထုပ်များကိုယခု ကေအိုင်အေအဖွဲ့များတွင်ပါ
တွေ့မြင်လာရသည့်အပြင်လက်နက်သစ်များကိုလည်း ရွှေ့ပြောင်းမှုများ ပြုလုပ်နေ
သည့်သတင်းများရရှိနေကြောင်းလည်းသတင်းများအရသိရှိရပါသည်။


အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်မှစစ်ဘက်ရာထူးကြီးပုဂ္ဂိုလ်တစ်ဦးနှင့်
တွေ့ဆုံစဉ် မေးမြန်းခဲ့ရာဒါက ဖြစ်နိုင်ပါတယ်။တရုတ်ကတော့ဝနဲ့ ကေအိုင်အေအဖွဲ့ကို
သူ့ရဲ့ဝှက်ဖဲလိုအသုံးချမှာပဲ။ မြန်မာနိုင်ငံနဲ့နယ်စပ်တရုတ်ပြည်ယူနန်ဆိုတာတရုတ်ပြည်
မအစိုးရနဲ့အုပ်ချုပ်မှုပုံစံမတူဘူး။ ပြည်မကြီးကတစ်မျိုး ပြောနေ ပေမယ့်ယူနန်အစိုးရက
ယူနန်ကတရုတ်စီးပွားရေးသမားရဲ့လုပ်ငန်းတွေကိုအပြည့်အ၀အကာအကွယ်ပေးလိမ့်
မည် ဖြစ်ကြောင်းသိရသည်။ကိုးကန့် ပြဿနာ ဖြစ်ခဲ့စဉ်ကတရုတ်ပြည်ယူနန်တပ်များ စစ်ရေး ပြင်ဆင်ခဲ့ဖူးသည်ဟုလည်း၎င်းမှရှင်းပြခဲ့သည်။ကျောက်စိမ်း၊ရွှေ၊သစ်အကုန်ထုတ်
ယူ ပြီးသွားပြီ။ဒါတင်မကဘူး။ရှမ်းဘက်က ကေအိုင်အေပိုင်တဲ့ဘိန်းခင်း တွေပါထိလာပြီဆို
ရင်တော့တိုက်ရိုက်ပါဝင်ပတ်သက်မှုတွေရှိလာနိုင်တယ်ဟုလည်း၎င်းမှသုံးသပ်ခဲ့သည်။

ထို့ပြင်၎င်းမှတရုတ်ဒုတိယစစ်ဦးစီးချုပ်လာရောက်သည့်ခရီးစဉ်အတွင်းအပစ်အခတ်ရပ်
ခဲ့ခြင်း၊တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်မှမိမိတို့မှအပစ်အခတ်ရပ်စဲကြောင်းတစ်ဖက်
သက်ကြေငြာပေးခြင်းများသည်အဆိုပါတရုတ်ဒုတိယစစ်ဦးစီးချုပ်၏ခရီးစဉ်နှင့်ဆက်စပ်
မှုရှိနိုင်သည်ဟုသုံးသပ်ခဲ့သည်။အတိအကျမဖော် ပြနိုင်သည့်သတင်းများအရ မြန်မာစစ်
ဘက်အကြီးအကဲများနှင့်တရုတ်စစ်ဦးစီးချုပ်တို့ တွေ့ဆုံစဉ်က ကချင် ဒေသအတွင်းစစ်ပွဲ
များသည်နယ်စပ်ဒေသရှိ နှစ်နိုင်ငံတပ်မတော်တို့၏ချစ်ကြည်ရေးကိုထိခိုက်လာနိုင်သဖြင့်၊
အမြန်ဆုံးရပ်ဆိုင်းရန်တွန်းအားပေးခဲ့သည်ဟုသိရသည်။

မြန်မာနိုင်ငံအနေဖြင့်အနောက်နိုင်ငံများနှင့်သင့်မြတ်အဆင်ပြေပြီးနည်းပညာ ၊ငွေကြေး
ထောက်ပံ့မှုများရရှိလာချိန်တွင်တရုတ်အနေဖြင့် နှစ်နိုင်ငံအကြား သောင်းကျန်းသူများထား
ရှိခြင်းဖြင့်၎င်းတို့နိုင်ငံအားကာကွယ်လိုပုံရကြောင်းသုံးသပ်သူများလည်းရှိကြသည်။အရပ်
ဘက်ဝန်ကြီးဌာနအရာရှိတစ်ဦးမှသတင်းစာမှာတော့တရုတ်ကနယ်စပ်ဒေသအကြမ်းဖက်
မှုတွေ၊လက်နက်ကိုင် သောင်းကျန်းသူတွေကိုလက်မခံဖူးဆိုပြီးကာချုပ်ကို ပြောတဲ့သတင်း
ကို ဖတ်လိုက်ရတယ်။ချစ်ကြည်ရေးလည်းအပျက်မခံနိုင်၊ဂရုမစိုက်ဘဲလဲ နေလို့မရအခြေ
အနေမျိုးမှာမီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် နေမယ်ထင်တယ်။သမ္မတရုံးဝန်ကြီး ဦးအောင်
မင်း ပြောဖူးတဲ့တရုတ်ကို ကြောက်ရတယ်ဆိုတာဒီအခြေအနေမျိုးပေါ့။ဟုဆိုသည်။

ယနေ့၂၈-၁-၂၀၁၃တွင်တရုတ်နိုင်ငံသံရုံး၏သတင်းထုတ်ပြန်ချက်အရ၀တပ်ဖွဲ့များကိုလည်း
တရုတ်နိုင်ငံမှလက်နက်ထောက်ပံ့ပေးမှုကြောင်းအနောက်အုပ်စုအစီရင်ခံစာကိုကန့်ကွက်
လိုက်သည်ဟုသိရသည်။ထိုသို့တရုတ်မှ ငြင်းပယ်နေသော်လည်းလက်နက်စက်ရုံ၊သံချပ်ကာ တိုက်ခိုက်ရေးယာဉ်များ၊ လေယာဉ်ပစ်စက်သေနတ်များမှာ ငြင်းပယ်မရသောသက်သေများ ပင် ဖြစ်နေသည်။

နောက်ဆုံးသိရသောသတင်းများအရလတ်တလောလိုင်ဇာဝန်းကျင်တွင်တိုက်ပွဲများ ငြိမ်
သက်နေပြီးရာနှင့်ချီသော ကေအိုင်အေတပ်ဖွဲ့များ၏တပ်လှုပ်ရှားမှုများရှိနေကြောင်း ၊မကြာမီ
တိုက်ပွဲကြီးတစ်ပွဲ ကေအိုင်အေမှ ပြည်လည်စတင်တိုက်ခိုက်နိုင်ကြောင်းသိရသည်။


Opposite Eye

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။