(ပါချုပ်ဆရာတော်ဘုရားကြီး၏စင်္ကာပူ တရားပွဲ(ပ) နေ့တွင် ဖြေကြားသော မေးခွန်း
အဖြေလွှာမှ)
မေး ။……….။ တပည့်တော် ရိုသေစွာမေးလျှောက်အပ်ပါသည်ဘုရား၊ ရဟန်းတော်
များလမ်းပေါ်ထွက်၍ဆန္ဒပြခြင်းသည်မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။
( ကိုမြင့်သိန်း (စင်္ကာပူ))
ဖြေ။…………။ ဒီမိုကရေစီ မေးခွန်းဖြစ်တယ်။ (ရယ်သံများ)
ပက္ကာသနိယကံလုပ်တာအခုရှင်းပြမယ်။ မြို့ထဲမှာ ဆန္ဒပြတယ်ဆိုတဲ့အခါမှာသင်္ကန်းရုံပြီး
ဝိနည်း သိက္ခာပုဒ် မဖောက်ဖျက်ရင်တော့ ဆန္ဒပြတယ်ဆိုတာနဲ့ သိ က္ခာပုဒ်ငြိစွန်းစရာ
အကြောင်းမရှိဘူး။ ဆန္ဒ ကိုထုတ်ဖော်တာ အများကို သိအောင် လုပ်တယ်ဆိုတဲ့နေရာမှာ တစ်ခုတော့မှတ်ရမယ်… Strike နဲ့ Riot ကိုကွဲအောင် ကြည့်ရမယ်။ Strike လုပ်တာလား
Riot လား Riot ဆိုတာအကြမ်းဖက်တဲ့အ ဓိကရုဏ်းလုပ်တာဖျက်စီးတာဟိုဟာဒီဟာတွေ
ဖျက်စီးတယ် အဲဒါဆိုရင်Riot လို့ခေါ်တယ်၊ Riot မဟုတ်ဘဲ Strike ဆိုတာ ကိုယ့်ဆန္ဒကို
ထုတ်ဖော်ပြတာပဲ။ ဥပမာ Hungier Strike ဆိုရင်သူ့ဟာသူအိပ်နေတာပဲလေအဲဒီတော့
Strike ဆိုရင် အပြစ်ဖြစ်စရာ အကြောင်းမရှိပါဘူး။ ...
ဥပမာတစ်ခု ပြောပြရမယ် ဆိုရင် ဆန္ဒပြတယ်လို့ ခုခေတ်လို ခေါ်ရင်ခေါ်ရမှာပေါ့ ဆန္ဒ
ထုတ်ဖော် တယ်လို့ ထုတ်ဖော်တာနဲ့ ပြတာ ဘယ်ကွဲတယ် ထင်သလဲ… (ရယ်သံများ)
စကားကလည်း ယဉ်ယဉ် ကျေးကျေးလေး သုံးတဲ့အခါ မှာ တစ်မျိုး ပေါ့နော်…အဲဒီတော့
ဒေဝဒတ်ပြဿနာ ပေါ်လာခါနီးမှာရှင်သာရိပုတ္တရာနဲ့ ရဟန်းတွေဟာရာဇဂြိုဟ် မြို့ထဲ
မှာဆန္ဒပြတယ်။ (ကြားဖူးကြလား) (မကြားဖူးပါဘုရား)
မကြားဖူးဆိုရင် ပြော ပြမယ်။ ဒေဝဒတ်က မြတ်စွာ ဘုရားကိုဆန့်ကျင်ပြီးတော့ သူရာဇ
ဝတ်အမှုမကင်းတဲ့အလုပ်တွေကိုလုပ်တော့မယ်ဆိုတာဘုရားကသိတယ်။သိတဲ့အခါ
ကြတော့ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို ဦးဆောင်ခိုင်းပြီးတော့ ပကာသနိ ယကံဆိုတာကို ပြုခိုင်းတယ်။ ပကာသနိယရဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုတော့ ဒေဝဒတ်ရဲ့
သဘော ထားနဲ့ ဘုရားသာသနာမှာ ကျန်တဲ့ရဟန်းတွေရဲ့ သဘောထားမတူ တာကို
ထုတ်ဖော်ပြတာ ဒါလည်း ဆန္ဒပြတာပါပဲ။ ဒီလိုထုတ်ဖော်တာကို ရာဇဂြိုဟ်မြို့ထဲမှာရှင်
သာရိ ပုတ္တရာ ခေါင်းဆောင်ပြီးတော့ လိုက်ပြောရတယ်။ ဒေဝဒတ်ရဲ့ သဘောထားဟာ အရင်တုန်းကတစ်မျိုး အခုတစ်မျိုး ဖြစ်နေပြီ။ ဒေဝဒတ်လုပ်သမျှကိစ္စတွေဟာ သာသနာ
နဲ့မဆိုင်ဘူး။ ကျန်တဲ့ရဟန်းတွေနဲ့ မဆိုင်ဘူး။ ဒေဝဒတ်နဲ့သာဆိုင်တယ်ဆိုတာကို
ထုတ်ဖော်ကြေငြာပြီး မြို့ထဲမှာ လှည့်လည် ပြောတာရှိတယ်။ အဲဒါကို တစ် နည်း
အားဖြင့်ပြောရရင် ဒါဆန္ဒပြတာပါပဲ။ အဲဒီလို ပြသင့်တဲ့ အချိန်မှာပြတာ အကောင်းဘက်
ကို ဦး တည်ပြီးတော့ ပြတာ၊ အပြစ်ရယ်လို့ပြောစရာအကြောင်းမရှိဘူးပေါ့။
ခုနလို Riot လိုမျိုးဆိုရင်တော့ မီးရှို့မယ်၊ ဖျက်စီးမယ်ဆိုရင် မီးရှို့တယ် ဖျက်စီးတယ်ဆို
တဲ့ အပြစ် တော့ ရှိတယ်ပေါ့။ ဒါကို Riot လို့ ခေါ်တယ်။ Strike ဆိုတာကြတော့ ကိုယ့်
ဆန္ဒကိုထုတ်ဖော်တာအများသိအောင် ကြေငြာတာတော့လုပ်ရတာအဲလိုလုပ်ခြင်းကြောင့် မည်သည့်သိက္ခပုဒ်နဲ့ ငြိစွန်းပါ သနည်းလို့ဆိုရင် ...
မြတ်စွာဘုရားက “ချစ်သား ရဟန်းတို့ ဆန္ဒမပြရဘူး ဆန္ဒပြရင် အာပတ်သင့်စေ”ဆိုတာ
မရှိဘူး အဲဒီတော့ ဥပဒေမရှိသည့်အတွက်ကြောင့် ဘယ်သိက္ခပုဒ်နဲ့မှ ငြိစွန်းစရာ မရှိဘူး။
သို့သော် ငြိစွန်းနိုင်စရာ ဆိုလို့ မြို့ထဲရွာထဲသွာရင် သင်္ကန်းရုံသွားရမယ်၊ မျက်လွှာချပြီး သွားရမယ်ဆိုတဲ့ သေက္ခိယ သိက္ခပုဒ် မှာ လိုက်နာရမယ့် ဟာလေးတွေ ရှိတယ်။ အဲဒီအ
တိုင်း လိုက်နာရင်တော့ ဒါဟာဆန္ဒပြတာနဲ့ မဆိုင် ဘူး သွားတာလာတာနဲ့ ဆိုင်တယ်ပေါ့။ အဲဒီလိုသာရှိတယ် ဒီတော့ ဒီမေးခွန်းက အဲဒီလိုသာ မှတ်ရမယ်။
ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ
“ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ” ၏သီလဂုဏ်,သမာဓိဂုဏ်,ပညာဂုဏ် ,တို့ကို ပူဇော်ကြည်ညိုသောအားဖြင့်,ဆရာတော်ရေးသားသည့်တရားတော်တစ်ပုဒ်ကိုပြန်လည်မျှဝေဓမ္မဒါနပြု
ခြင်းဖြစ်ပါသည်)
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလာ
(ည.ည.တ)

No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။