သီရိလင်္ကာနိုင်ငံ အရှေ့ဘက်ပင်လယ်ပြင်မှာ နစ်မြုပ်တော့မည့်လှေတစ်စင်းပေါ်က ဘင်္ဂလားဒေ့ရှ့်နှင့်မြန်မာနိုင်ငံသား ၁၀၀ကျော်ကို သီရိလင်္ကာရေတပ်ကကယ်တင်
လိုက်ခဲ့တယ်လို့ ရေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။
ရေတပ်ပြောရေးဆိုခွင့်ရှိသူ Kosala Warnakulasuriya ကဆင်ဟွာသတင်းဌာန
ကိုပြောပြရာ မှာ သောင်တင်နေတဲ့လှေတစ်စင်းနဲ့ပတ်သက်တဲ့သတင်းကို ရရှိခဲ့ပြီး တဲ့နောက်မှာ ရေတပ်သင်္ဘောတွေ ကိုစေလွှတ်ခဲ့ပြီး ရေတပ်သင်္ဘောတွေရောက်
တဲ့အခါ အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့အနေအထားနဲ့ အပြွတ်အသိပ်တင်
ထားတဲ့လှေတစ်စီးပေါ်မှာ လူ ၁၃၈ဦးကိုတွေ့ခဲ့တယ်ဆိုပါတယ်။
သိရိလင်္ကာရေတပ်ကချက်ခြင်းပဲအဲဒီလူတွေကိုရေတပ်သင်္ဘောပေါ်တင်ပြီးကမ်းခြေ ကိုခေါ်လာခဲ့တယ်လို့အဆိုပါပြောရေးဆိုခွင့်ရှိသူကပြောလိုက်ပါတယ်။ လှေပေါ်မှာတွေ့
ခဲ့ရသူအများစုဟာ ကိုယ်ခန္ဓာရေဓာတ်ကုန်ဆုံး နေတာတွေခံစားနေရတာတွေ့ရ
လို့ဒေသဆေးရုံတစ်ခုကို တင်ထားခဲ့ပါတယ်။ လှေပေါ်မှာပါလာသူတွေထဲမှာ အမျိုးသမီး နဲ့ကလေးတွေတွေ့ခဲ့ရပြီး ခိုလှုံခွင့်ရဖို့အတွက် ဘယ်နိုင်ငံသွားဖို့ဦးတည်တယ်ဆိုတာရှင်း
ရှင်းလင်း လင်းမသိရသေးပါဘူး။ မကြာခင်အချိန်တွေက သြစတြေလျနိုင်ငံကိုခိုလှုံဖို့ အတွက် လှေတွေနဲ့သွားဖို့ကြိုးစားတဲ့ သီရိလင်္ကာနိုင်ငံသားတွေကိုဖမ်းမိခဲ့ဘူးပါတယ်။
သူတို့ရဲ့ခရီးတွေမအောင်မြင်ပေမယ့်လည်း သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ့် နဲ့ အာဖဂန်နိုင်ငံ
သားတွေဟာ မကြာခဏဆိုသလိုအန္တရာယ်များလှတဲ့ခရီးကိုလှေတွေနဲ့သွားတတ်ကြပါ
တယ် ။
(Xinhua)

No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။