Sunday, February 3, 2013

ကချင်လက်နက်ကိုင်များနှင့်တရုတ်ပြည်တွင်ငြိမ်းချမ်းရေးဆွေးနွေးရန်မြန်မာအစိုးရသဘောတူ

လွန်ခဲ့သည့်နှစ်လအတွင်း မြန်မာစစ်တပ်နှင့်ဖြစ်ပွားခဲ့သည့်ပဋိပက္ခများအဆုံးသတ်
ရန်ကြိုးစားသည့်အနေ ဖြင့် လာမည့်အပတ်တွင်မြန်မာအစိုးရနှင့် တရုတ်ပြည် တွင်ဆွေးနွေးရန်သဘောတူခဲ့ကြောင်း KIA က ပြောခဲ့သည်။

KIA ၏ကြေညာချက်၌ တရုတ်အစိုးရကအစည်းအဝေးတွင်သက်သေတစ်ယောက်
အနေဖြင့်ပါဝင်ပြီးပြေ လည်အောင်ဝင်ရောက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းဖော်ပြ
ထားခဲ့ကာ ကျွန်ုပ်တို့၏ခေါင်းဆောင်များအ တွက် ကမ္ဘာတစ်ဝန်းလုံးရှိမိတ်ဆွေများ
နှင့် ထောက်ခံသူများ၊ ကချင်အသိုင်းအဝိုင်းတို့ကဆုတောင်းပေးကြရန်လည်းတိုက်
တွန်းခဲ့သည်။


၂ဝ၁၁ခုနှစ် ဇွန်လမှစ၍ ၁၇နှစ်ကြာအပစ်အခတ်ရပ်စဲခြင်းကိုချိုးဖောက်ခဲ့ချိန်မှစ၍
ဆွေးနွေးပွဲ၃ကြိမ်တိုင်ကျင်းပခဲ့သည့်တရုတ်နယ်စပ်မြို့ရွှေလီတွင်တနင်းလာနေ့
တွင်ဆွေးနွေးပွဲကိုပြုလုပ်မည်ဖြစ်သည်။
 

နှစ်ဖက်စလုံးသည်အနည်းဆုံး၈ကြိမ်တိုင်တွေ့ဆုံခဲ့ကြသော်လည်းထာဝရအပစ်အခတ်
ရပ်စဲရေးအတွက်သ ဘောတူညီမှုကိုမရရှိခဲ့ကြဟုဆိုသည်။တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်စိတ်များတိုးပွားနေသည့်နယ်စပ်ပဋိပက္ခများကို ယခုဆွေးနွေးပွဲမှလျှော့ချနိုင်
လိမ့်မည်ဖြစ်သည်။ ထာဝရအပစ်အခတ်ရပ်စဲရေးအတွက်ခက်ခဲနိုင်မည်ဖြစ်သော်
လည်းမည်သို့ပင်ဖြစ်စေအနည်းဆုံးတစ်ဖက်ဖက်က၄င်းတို့၏ရပ်တည်ချက်ကိုလျော့ပေး
ရမည်ဖြစ်သည်။ မြန်မာအစိုးရသည်ကနဦးကအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်
ကိုလက်မှတ်ရေးထိုးရန်ဆန္ဒရှိခဲ့သော်လည်းKIAတို့ကခိုင်မာသည့်နိုင်ငံရေးကမ်းလှမ်း
ချက်များရရှိမှသာပြုလုပ်နိုင်မည်ဟုဆိုကာငြင်းဆန်ခဲ့သည်။

တိုက်ပွဲများကြောင့် သမ္မတဦးသိန်းစိန်သည် မြန်မာစစ်တပ်အပေါ်ထိန်းချုပ်နိုင်ခြင်းရှိ-မရှိသံသယများပေါ် ပေါက်ခဲ့ရသည်။ ၄င်းက KIA တို့အားတိုက်ခိုက်ခြင်းမပြုရန်
မြန်မာတပ်ဖွဲ့များအား အကြိမ်ကြိမ်တောင်း ဆိုချက်များထုတ်ခဲ့သော်လည်း မျက်မြင်
သက်သေများနှင့်လွတ်လပ်သောစာနယ်ဇင်းသမားများကမြန်မာစစ်တပ်ကဂရုမစိုက်
ဘဲနေခဲ့သည်ဟုပြောကြသည်။

နိုင်ငံပိုင်မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်က မြန်မာအစိုးရသည် KIA, KIO တို့နှင့်တွေ့
ဆုံဆွေးနွေးရန်ပြင်ဆင်နေကြောင်းသောကြာနေ့ကထုတ်ပြန်ခဲ့သည်။အပစ်အခတ်ရပ်
စဲထားပြီးဖြစ်သည့်အခြားတိုင်းရင်းသားအုပ်စုများကလည်းဆွေးနွေးပွဲဖြစ်မြောက်ရေး
အတွက်ကူညီရန်သဘောတူထားခဲ့ပြီးဖြစ်သည်။

၂ဝ၁၁ခုနှစ်နှောင်းပိုင်းမှစ၍ မြန်မာအစိုးရသည် ကရင်အမျိုးသားအစည်းအရုံး (KNU)
အပါအဝင်တိုင်း ရင်းသားလက်နက်ကိုင်အုပ်စု ၁ဝခုနှင့်အပစ်အခတ်ရပ်စဲရန်သဘော
တူခဲ့ပြီးဖြစ်ရာအဆိုပါအုပ်စုများအနက်မှအဖွဲ့၂ခုကကိုယ်စားလှယ်များသည်တွေ့ဆုံ
ဆွေးနွေးပွဲအတွက်ကူညီလိမ့်မည်ဖြစ်ကြောင်းအစိုးရဖက်မှညှိနှိုင်းသူတစ်ဦးကပြော
ခဲ့သော်လည်းမည်သည့်အဖွဲ့မှဖြစ်မည်ကိုမူဖော်ပြခဲ့ခြင်းမရှိဟုဆိုသည်။

(Reuter)

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။