ကျွန်တော်တို့သည်တာမွေမြို့နယ်၊ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်တွင် နေထိုင်သူများဖြစ်ပါသည်။ကျွန်တော်တို့ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင်ကြံ့ခိုင်ရေးပါတီလူလည်ကြပုံ များကိုတင်ပြတိုင်ကြားလိုပါသည်။
ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင်လက်ရှိအုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်သည်ရပ်ကွက်စာရေးမနှင့်ပူးပေါင်းပြီးဆယ်အိမ်စုမဲစာရင်းများခွဲရာတွင်၎င်းတို့လိုအပ်သလိုဆယ်စုမှူးများဖွဲ့ပြီး ပြုလုပ်ပါသည်။ နောက်ဆုံးတွင်ဆယ်စုမှူးအလိုက် ဖွဲ့စည်းနိုင်ခြင်းမရှိသည့်အခါအိမ်ထောင်စု(၆)ဦး(၇)ဦးတို့ဖြင့်ဖွဲ့ပြီးဆယ်စူမှူးများ ရွေးချယ်ခဲ့ပါသည်။လက်ရှိအုပ်ချုပ်ရေးမှူး“ဦးမြင့်ကျော်”သည်ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီးဆယ်စုမှူး များရွေးချယ်ရာတွင်ကြံ့ခိုင်ရေးပါတီဝင်များအများစုပါဝင်အောင်စီစဉ်ကာထိုဆယ်အိမ်စုမှူး များအားမဲဆွယ်စည်းရုံးပြီးအုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်နေရာရရန်စီစဉ်ဆောင်ရွက်သွားသည်ကိုတွေ့ရှိရပါသည်။ကျွန်တော်တို့်ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်တွင်ဆယ်အိမ်စုမှူး (၆၄)ဦး ရွေးချယ်ခဲ့ရာ (၅၀)ဦးသည် ကြံ့ခိုင်ရေးပါတီဝင်များ
ဖြစ်ကြပါသည်။
ရွေးချယ်ထားသောဆယ်စုမှူးများထဲတွင်ဒုစရိုက်မှုဖြင့် ထောင်ဒဏ်ကျခံခဲ့သူများပါဝင်ပြီးယခုလက်ရှိဒုစရိုက် မှု့များ ပြုလုပ်နေသူများလည်းပါဝင်နေပါသည်။ထိုသူများမှာ -
(၁)။ဦးကြူလွင်(ခ)ရဲခေါင်သည်ပုဒ်မ(၁၅က)ချဲထီလောင်းကစားမှုဖြင့်ထောင်ဒဏ်(၃) နှစ်ကျခံဘူးသူဖြစ်ပြီးယခုအခါရပ်ကွက်ကြံ့ခိုင်ရေးပါတီတွင်စည်းရုံးရေးမှူးတာဝန်ယူထားသူနာမည်ပျက်ရှိသူ ဖြစ်ပါသည်။ ၄င်းသည်ဆယ်စုမှူးအဖြစ်ဝင်ရောက်အရွေးချယ်ခံနိုင်ရန်ရပ်ကွက်နေ ပြည်သူများအားပါတီမှ ချေးငွေများကို(၁)ဦးလျှင်အတိုး(၈၀၀၀)ကျပ်လျော့ပေးမည်ဟုပြောပြီးမဲဆွယ်စည်းရုံးကာ လက်ရှိအုပ်ချုပ်ရေးမှူး မြင့်ကျော် အား
ပြန်လည်ရွေးချယ်မဲပေးရန် လိုက်လံစည်းရုံးခဲ့ပါသည်။
(၂)။
ဦးညွန့်ရှိန်သည် အိုးပိုင်အိမ်ပိုင်မရှိဘဲ အိမ်ငှားဖြင့် နေထိုင်ပြီး
ရပ်ကွက်ကြံ့ခိုင်ရေးပါတီတွင် အမှုဆောင် တာဝန်ယူထားသူ ဖြစ်ပါသည်။ ၄င်းသည်
ကားစပယ်ယာတစ်ဦးဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် အချုပ်ခံခဲ့ဘူး သူတစ်ဦး
ဖြစ်ပါသည်။
(၃)။ ဦးချိုအေး(ခ) ရေခဲသည်ဆယ်စုမှူးအဖြစ်
အရွေးချယ်ခံရရန် လက်ရှိ အုပ်ချုပ်ရေးမှူး မြင့်ကျော်မှ မဲဆွယ် စည်းရုံးပြီး
ရေခဲမှတစ်ဆင့်၎င်းအုပ်ချုပ်ရေးမှူး ပြန်လည်ရရှိအောင် ဆောင်ရွက်ခဲ့ပါသည်။ချိုအေး(ခ) ရေခဲသည် ရပ်ကွက်ထဲတွင်ယခုအချိန်အထိချဲဒိုင်ခံနေသူတစ်ဦးဖြစ်ပြီးရပ်ကွက်ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးလည်း
ဖြစ်ပါ သည်။
(၄)။ဦးခင်မြင့်ဆိုသူမှာလည်းပုဒ်မ(၁၅က)နှင့်လည်းကောင်း၊ ပြည့်တန်ဆာခေါင်းပုဒ်မဖြင့်လည်းကောင်း ထောင် (၂)ကြိမ်ကျဘူးသူတစ်ဦးဖြစ်ပြီးရပ်ကွက်၏နယ်နှင်ဒဏ်ခံထားရသူတစ်ဦး ဖြစ်ပါသည်။၎င်းကိုလည်း မြင့်ကျော်မှ ဆယ်စုမှူးဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးပြီး သူ့ 
(မြင့်ကျော်) အား အုပ်ချုပ်ရေးမှူး ပြန်ဖြစ်အောင် မဲပေးစေ ခဲ့ပါသည်။
လက်ရှိအုပ်ချုပ်ရေးမှူး မြင့်ကျော်အား အုပ်ချုပ်ရေးမှူးအဖြစ်
ပြန်လည်ရွေးချယ်နိုင်ရန်အတွက် “ရဲခေါင် (ခ) ကြူလွင်” နှင့်“ညွန့်ရှိန်”တို့သည်ဆယ်စုမှူးများထဲတွင်၎င်းတို့ကြံ့ခိုင်ရေးပါတီဝင်များအများစုပါဝင်အောင်
ဆောင်ရွက်ပြီးမသမာမှု့များဖြင့်” မြင့်ကျော်”မဲရရှိအောင် ဆောင်ရွက်ခဲ့သည်ကိုရပ်ကွက်နေပြည်သူများအား လုံးအသိဖြစ်ပါသည်။
အုပ်ချုပ်ရေးမှူး “မြင့်ကျော်” သည် အုပ်ချုပ်ရေးမှူးအင်္ဂါရပ်များနှင့်
ပြည့်စုံသူ မဟုတ်ပါ။ သူသည် ၄င်း၏ မိန်းမ မသေဆုံးခင် မယားပြိုင်အဖြစ်
“စန်းစန်းဦး” ဆိုသူ မိန်းကလေးကို လက်ထပ်ပေါင်းသင်းယူထားပါသည်။ ယခုအခါတွင်
“မရီ” ဆိုသော မိန်းကလေးကို တရားဝင်ယူပြီး ၄င်း၏ နေအိမ်တွင်
အတိအလင်းနေထိုင်နေ သူ ဖြစ်ပါသည်။ “စန်းစန်းဦး” ဆိုသည့် မိန်းကလေးနှင့်
“မြင့်ကျော်” သည် သာကေတ ရှု့ခင်းသာအိမ်ရာ တိုက်(အေ)အခန်းအမှတ်(၅၀၈)တွင်
ယာယီသန်းခေါင်စာရင်းဖြင့် နေထိုင်နေပါသည်။ ၄င်းယာယီ သန်းခေါင် စာရင်းအား
အပိုင်ဆယ်အိမ်မှူး တိုက် (အေ) အခန်းအမှတ် (၁၀၄)နေ “ဦးမျိုးသန့်ဇင်”
ဆိုသူမှ ထုတ်ပေး ထားသည်ဟုစုံစမ်းသိရှိရပါသည်။“စန်းစန်းဦး”သည်ကျွန်တော်တို့ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်၊ အောင် ချမ်းသာလမ်း၊တိုက်အမှတ်(၁၅)တွင်လက်ရှိနေထိုင်နေသူ ဖြစ်ပါသည်။ မြင့်ကျော်နှင့်စန်းစန်းဦးတို့အကြောင်း ကို လည်း ပတ်ဝန်းကျင်ရှိသူများ အားလုံးအသိဖြစ်ပြီး
စုံစမ်းမေးမြန်းကြည့်နိုင်ပါသည်။
ထိုအကြောင်းအရာများကို
ရပ်ကွက်ကော်မရှင်ထံ တင်ပြတိုင်ကြားခဲ့သော်လည်းရပ်ကွက်ကော်မရှင်မှလည်း
မည်သို့မျှ အရေးမယူဘဲ မြင့်ကျော်အား အတည်ပြုလိုက်သည်ကို တွေ့ရှိရပါသည်။
ထိုကော်မရှင်ထဲတွင်ပါသူ (၅)ဦးအနက်(၃)ဦးသည်ဆယ်စုမှူးအဖြစ်
ရွေးချယ်ခံပြီး မြင့်ကျော်ကိုပင်မဲပေးခဲ့သည်ကိုစုံစမ်းသိရှိရပါသည်။
နောင်မှသိရသည်မှာထိုရပ်မိရပ်ဖ (၃)ဦးသည်လည်း မြင့်ကျော်မှ
စည်းရုံးထားသည့်သူများ ဖြစ်ကြောင်း သိရှိ ရ ပါသည်။
သို့ဖြစ်ပါသဖြင့်
ထိုတရားမျှတမှု မရှိသည့် ရွေးကောက်ပွဲအား အသိအမှတ် မပြုပါရန်နှင့်
မသမာမှုပြုခဲ့သည့် ရပ်ကွက်ရပ်မိရပ်ဖများ၊ နာမည်ပျက်ရှိသည့်
ကြံ့ခိုင်ရေးပါတီမှ လူများအား အရေးယူပေးပါရန် လူကြီးမင်းတို့ ထံမှတဆင့်တင်ပြတောင်းဆိုအပ်ပါသည်။
(သတင်း/ဓါတ်ပုံ - ကေကေတီ)။
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။