Monday, August 27, 2012

NLD ရဲ့ ၂၀၁၅ ခုနှစ် မျှော်လင့်ချက် စိတ်ကူးယဉ်အိပ်မက်

NLD ရဲ့ ၂၀၁၅ ခုနှစ် မျှော်လင့်ချက်စိတ်ကူးယဉ်အိပ်မက်တစ်ခုပဲ ဖြစ်လိမ့်မယ်
အခုတလောလွှတ်တော်ထဲမှာဒုတိယအကြီးဆုံးပါတီကြီးတစ်ခုဖြစ်တဲ့အမျိုးသား
ဒီမိုကရေစီအဖွဲ့ချ
ုပ်နဲ့ပတ်သက်တဲ့ပါတီတွင်းမကျေနပ်မှုသတင်းတွေဆက်တိုက်
ဆိုသလို ကြားနေရတယ်။ ကော့သောင်း၊ မြောင်းမြ၊ တွံတေးနဲ့ဂန့်ဂေါ်တို့မှာပါတီ
တွင်းမကျေနပ်မှုတွေ ဖြစ်လို့ဆန္ဒဖော်ထုတ်မှုတွေ ဖြစ်ပေါ်လာခဲ့တယ်။

“ မြို့နယ်က (၁၅)ဦး ခရိုင်က (၁၅)ဦး ပါဝင်တဲ့ ခရိုင်နဲ့ မြို့နယ်ညီလာခံကျင်းပရေး
ကော်မရှင်ကိုဇူလိုင် (၁၅) ရက်နေ့က ကော့သောင်းမြို့ဝေလရိပ်စားသောက်ဆိုင်
မှာဖွဲ့စည်းခဲ့တာဟာဒီမိုကရေစီနည်းလမ်းမကျလို့ ပြန်လည်ဖျက်သိမ်းဖို့ တောင်းဆို ဆန္ဒပြတာပါလို့” ကော့သောင်းမှာ ဖြစ်ခဲ့တဲ့ ပါတီတွင်းမကျေနပ်မှုအခြေအနေနဲ့
ဆန္ဒဖော်ထုတ်မှုအခြေအနေကို မြို့နယ်ဥက္ကဌဟောင်းလည်းဖြစ်
မြို့နယ်လူမှု
အထောက်အကူပြုအဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးမြင့်မောင်ကပြောဆိုပါတယ်“။ဒီသတင်း
ကို သြဂုတ်လ(၁၉)ရက်နေ့မှာအာရ်အက်ဖ်အေသတင်းဌာနကလည်းထုတ်လွှင့်သွား
တာနားထောင်လိုက်ရပါတယ်။ Facebook တွေမှာလည်းဖတ်ရပါတယ်။


“မြောင်းမြမြို့က အန်အယ်ဒီ ပါတီဝင် (၁၀၀) ကျော်က မြို့နယ် ကော်မရှင် အဖွဲ့နဲ့
ခရိုင်ကော်မရှင်အဖွဲ့တွေ ဖွဲ့စည်းရာမှာ ဒီမိုကရေစီနည်းကျ မရွေးချယ်ဘဲ နီးစပ်ရာ လူကိုသာ ရွေးချယ်ခန့်ထားတယ်ဆိုပြီး ပြီးခဲ့တဲ့ သြဂုတ်လ(၁၂)ရက်နေ့က မြောင်းမြ
အန်အယ်လ်ဒီရုံးရှေ့မှာဆန္ဒပြခဲ့ကြတယ် “ဆိုတဲ့သတင်းကိုလည်းသစ်ထူးလွင်အင်တာ
နက်စာမျက်နှာမှာ ဖတ်လိုက်ရပြန်တယ်။

၂၀၁၂ ခုနှစ် မကုန်ခင်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အန်အယ်လ်ဒီ ညီလာခံတွေ ကျင်းပပြီးစီးနိုင်ဖို့ မျှော်လင့်ထားပေမယ့်ရပ်/ကျေးအဆင့်ညီလာခံကျင်းပရေး ကော်မ
ရှင်တွေဖွဲ့စည်းမပြီးသေးတဲ့အတွက်အခုချိန်ထိညီလာခံတွေစတင်ကျင်းပနိုင်ခြင်းမရှိသေး
ဘူးလို့အန်အယ်လ်ဒီပါတီကတော့ထုတ်ဖော်ပြောဆိုထားပါတယ်။ အခု ကော်မရှင်တွေ
စတင်ဖွဲ့စည်းစဉ်မှာဒီမိုကရေစီနည်းကျ ရွေးချယ်ခြင်း မရှိတာကြောင့်ပါတီတွင်းမကျေနပ်
မှုတွေဖြစ်ပြီးအခုလိုဆန္ဒဖော်ထုတ်မှုတွေ ဖြစ်လာတာလို့အမည်မဖော်လိုတဲ့ပါတီဝင်တစ်ဦး
ကထုတ်ဖော် ပြောဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာဧပြီလ(၁)ရက်နေ့မှာကျင်းပခဲ့တဲ့ကြားဖြတ်ရွေးကောက်
ပွဲမှာအမတ်နေရာ(၄၅) နေရာမှာ(၄၃)နေရာနဲ့အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ပ
ါတီလည်း
ဖြစ်ပါတယ်။ ရွေးကောက်ပွဲကာလမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေ
စိုးမိုးရေး( Rule of Law )၊အလုပ်အကိုင်အခွင့်အလမ်းဖန်တီရေးစတဲ့ ကြွေးကြော်သံတွေနဲ့ စည်းရုံးလှုပ်ရှားခဲ့တဲ့ပါတီ
လည်း ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်း
ရဲ့ထင်ပေါ် ကျော်ကြားမှုအပေါ်မှာသာမှီခိုနေပြီး ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်နိုင်ခြင်း မရှိတော့တဲ့ နောက်မှာလုံးဝပြိုကွဲသွားမယ့်ပါတီတစ်ခုဖြစ်တယ်လို့ ပြည်တွင်းနိုင်ငံရေးသမား အသိုင်းအဝန်းကတော့သုံးသပ်နေကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချု
ပ်လို့ဆိုပေမယ့်
ပါတီတွင်းမှာဒီမိုကရေစီမရှိဘူးဆိုပြီးပါတီဝင် တွေကိုယ်တိုင်က ပြောဆိုနေကြပါပြီ။

ကော်မရှင်ဖွဲ့တဲ့နေရာမှာခရိုင်နဲ့မြို့နယ်ကို ရွေးချယ်တဲ့စနစ်နဲ့ညွန်ကြားတာမဟုတ်ဘဲအဖွဲ့ချုပ်
အပေါ်သစ္စာရှိရှိနဲ့တာဝန်ယူနိုင်မယ့်သူကို ရွေးချယ်ရမယ်ဆိုပြီးဗဟိုကနေညွန်ကြားလာ
တာကြောင့်အခုလိုပါတီတွင်းဆန္ဒဖော်ထုတ်မှုတွေ ဖြစ်လာရတာပါ၊ ပါတီအပေါ်သစ္စာမရှိဘူး၊
ရှိတယ်ဆိုတာ ဘာနဲ့တိုင်းတာမှာလဲ၊ ဒီမိုကရေစီနည်းလမ်းမကျဘဲနီးစပ်ရာကိုရွေးသွား တယ်၊ပါတီတွင်းအာဏာရှင်ဆန်ဆန်လုပ်သွားတာကြောင့်အခုလိုပါတီ တွင်း ဆန္ဒဖော် ထုတ်မှုတွေ ဖြစ်လာရတာလို့ပါတီဝင်တွေကသုံးသပ်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုနဲ့ NLD ပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ
အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ ဒီအတိုင်းဆက်သွားရင်၂၀၁၅ မှာကျင်းပ မယ့်ရွေးကောက်ပွဲ မှာလည်း နေရာအများစု အနိုင် ရရှိပြီး လွှတ်တော်ထဲမှာ အင်အားအကြီးဆုံးပါတီဖြစ်လာ
ိမ့်မယ်လို့ နိုင်ငံရေးသုံးသပ်သူတစ်ချို့က ဆိုပါတယ်။ ဒါပေမယ့် အခုချိန်ထိ ရွေးကောက်ပွဲ မဲဆွဲစဉ်ကာလက ပေးခဲ့တဲ့ ကတိကဝတ်တွေ ဘာတစ်ခုမှ မယ်မယ်ရရ မလုပ်နိုင်သေးတဲ့ အပြင်
ပါတီတွင်း ဒီမိုကရေစီနည်းမကျမှုတွေ၊ ပါတီတွင်း အာဏာရှင်ဆန် မှုတွေကြောင့် ပါတီတွင်း မကျေနပ်မှုတွေ ဖြစ်လာပြီး ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်လာခဲ့ရပါပြီ။ ပါတီဝင်တစ်ချို့ နှုတ်ထွက်ပြီး ပြိုင်ဘက်ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့
ဖွံ့ဖြိုးရေးပါတီကို ပြောင်းသွားတာတွေတောင်
တွေ့နေရပါပြီ။ ဒီအတိုင်းသာဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချ
ုပ် (NLD)ရဲ့ ၂၀၁၅ မျှော်လင့်ချက်
ဆိုတာဟာ စိတ်ကူးယဉ် အိပ်မက်တစ်ခုပဲ ဖြစ်ပါလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ချင်ပါတယ်

မိုးနိုင်

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။