Thursday, August 30, 2012

ကချင်ပြည်နယ်၊ ဟူးကောင်းဒေသက ယုဇနကုမ္ပဏီက သိမ်းထားသည့်လယ်မြေများ အကုန် ပြန်ပေးမည်

ယုဇနကုမ္ပဏီကသိမ်းထားသည့်ကချင်ပြည်နယ်ဟူးကောင်း ဒေသမှတရားစွဲဆိုထားသည့်
လယ်မြေများကိုအလုံးစုံပြန်လည် ပေးမည်ဟုကုမ္ပဏီဥက္ကဋ္ဌ ဦးဌေးမြင့်က ပြောကြောင်းသိ
ရသည်။

ဩဂုတ်၃ဝရက်နေ့တွင်ရန်ကုန်မြို့အဆိုပါ ကုမ္ပဏီရုံးချုပ်ရှေ့တွင်ဟူးကောင်းဒေသခံ
တောင်သူများဆန္ဒပြရန်စီစဉ်ထားစဉ်ဦးဌေးမြင့်ကယင်းတောင်သူများအားခေါ်ယူညှိုနှိုင်း
ခဲ့ခြင်းဖြစ်သည့်အတွက်ဆန္ဒပြပွဲမဖြစ် မြောက်ခဲ့ခြင်း ဖြစ်ကြောင်းဦးဆောင်သူ ဒေါ်ဘောက်
ဂျာကပြောသည်။



''ကျွန်မတို့ကိုဦးဌေးမြင့်ကနေပြည်တော်ခေါ်ပြီးညှိုပေးတယ်။ဒါကြောင့်ဆန္ဒပြပွဲလည်းပျက်
သွားတာပါ။ သူပြောတာကတော့ ကုမ္ပဏီကို တရားစွဲထားတဲ့လယ်မြေတွေအကုန်လုံး
ကိုပြန်ပေးပါ့ မယ်လို့ ပြောတယ်။ အခုတရားရုံးမှာတိုင်ထားတဲ့တောင်သူတွေ ရဲ့လယ်ဧက သုံးထောင်လောက်ကို လယ် ပြန်စိုက်လို့ရတဲ့ အခြေအနေထိ လုပ်ပေး ပါ့မယ်လို့နှုတ်
ကတိတော့ ရလာပါပြီ။ အရင်က ဒီလယ်မြေပေါ်မှာ အကျိုးအမြတ် ကို တစ်ဝက်စီယူ မယ်လို့ပြောပေမယ့် တောင်သူတွေဘက်က လက်မခံကြ ပါဘူး။

လယ်မြေတွေပျက်စီးသွားတဲ့အတွက်လျော်ကြေးငွေတွေကိုလည်းပြန်တောင်းထားပါတယ်''
ဟုယင်းကဆိုသည်။ယုဇနကုမ္ပဏီမှသိမ်းထားသည့်လယ်မြေပေါင်း နှစ်သိန်းကျော်ရှိရာတွင်
တရားစွဲဆိုထားသည့်လယ်ပိုင်ရှင်များ၏ဆန္ဒအတိုင်းလယ်ပြန်စိုက်နိုင်သည့်အခြေ
အနေရောက်သည်အထိ ပြန်လည် ပြုပြင်ပေးရန်အတွက် ရှေ့နေများနှင့်အတူစာချုပ်ချုပ်ဆို
သွားမည်ဖြစ်ကြောင်းလည်း ဒေါ်ဘောက်ဂျာကပြောသည်။

''ဦးဌေးမြင့်ကနေပြည်တော်မှာလွှတ်တော်တက်နေရတဲ့အတွက် နောက်တစ်ပတ်မှာကျွန်မ တို့နဲ့ တွေ့မယ်လို့ပြောတယ်။တရားရုံးမှာ တိုင်ကြားထားတဲ့ အတွက် လယ်တွေကိုလည်း တရားရုံးဆုံး ဖြတ်တဲ့ အတိုင်း လုပ်ပေးဖို့ကို တောင်းဆို ထားတယ်။သူကလည်း ညှိုပေးပါမယ်လို့ ပြောတယ်'' ဟုဒေါ်ဘောက်ဂျာ ကဆွေးနွေး ချက်များကိုရှင်းပြသည်။

အဆိုပါလယ်မြေများကို၂၀၀၇ခုနှစ်တွင်ယုဇနကုမ္ပဏီကသိမ်းယူထားကာအဓိကပီလောပီ
နံနှင့် ကြံတို့စိုက်ပျိုးထားကြောင်းသိရသည်။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။