Thursday, August 30, 2012

ပြည်သူတွေကလည်း မေးခွန်းတွေမေးကြပါဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောကြား၊

အမျိုးသားဒီမိုကရေစီဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည်ကျင်းပဆဲပြည်သူ့လွှတ်တော်
အစည်းအဝေးများကိုပုံမှန်တက်ရောက်ရင်းအားလပ်သောအချိန်၌ပြုလုပ်သောဥတ္တရ
သီရိမြို့နယ်ဒေသခံပြည်သူများတွေဆုံပွဲတွင်ပြည်သူများရဲ့ ကြုံတွေ့ရင်ဆိုင်နေ ရတဲ့ဒုက္ခ
များနှင့် ပက်ပြီးဤသို့ပြောကြားလိုက်သည်။ 'အားလုံးကိုဖြည့်ဆည်းပေးနိုင်မယ်လို့ ကျမတို့
မပြောပါဘူး၊ တတ်နိုင်သလောက်တော့မဖြည့်ဆည်းပေးနိုင်ရင်တောင်မှဘာကြောင့်မ
လုပ်ပေးနိုင်ဘူးဆိုတာကိုတော့ကျမတို့ပြည်သူတွေကိုရှင်းပြပါမယ်။အဲဒီတော့ဒါဟာ ပြည်သူ
ရဲ့ထောက်ခံမှုကို တောင်းခံတဲ့လူတိုင်းမှာရှိတဲ့တာဝန်ပါ။ ရှင်းပြရမယ်။



 ပြည်သူလူထုမလုပ်ပေးနိုင်တဲ့ကိစ္စ၊ ဘာလို့မလုပ်ပေးနိုင်လဲ။လုပ်တဲ့ကိစ္စကဘာလို့လုပ်လည်း
ဆိုတာကိုရှင်းပြရမယ်။အဲဒီတော့ ပြည်သူတွေကလည်းတဖက်မှာတာဝန်ရှိတာကမေး
ခွန်းမေးကြပါလို့၊ကျမကအဲတာကိုတော့အားပေးချင်ပါတယ်။မေးခွန်းမေးတယ်ဆိုတာကျမတို့တင်မဟုတ်ဘူးဘယ်သူကပဲဘာလုပ်ခိုင်းခိုင်းဘယ်သူကပဲဘယ်လိုအမိန့်ပေးပေး မေးခွန်းတော့မေးရမယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုပဲဟိုဟာလုပ်လိုက်ဆိုပြီးလက်ညှိုးထိုးပြီးတော့ခိုင်းတာမျိုးကိုလက်ခံတာဟာမကောင်းဘူး။တခါတလေလည်းမတတ်သာလို့မပြောဘဲနဲ့လုပ်ရပေမယ့်ခိုင်းတဲ့သူကိုမမေးရဲရင်တောင်မှပထမဦးစွာကိုယ့်ကိုယ်ကိုယ်မေးကြည့်ပါ။ကိုယ့်ခေါင်းထဲမှာကိုယ်စဉ်းစားကြည့်ပါ။ကိုယ်ဒီလိုလုပ်ခိုင်းတယ်ဆိုတာသင့်တော်ရဲ့လား။ကိုယ်ဒီလိုလုပ် သင့်ရဲ့လား။စပြီးတော့ကိုယ့်ကိုယ်ကိုယ်တော့မေးပါ။ နောက်တော့တဆင့်ဆင့်ပေါ့နော်၊ဒီလိုအမိန့် ပေး တဲ့သူတွေ၊ခိုင်းတဲ့သူတွေတချို့ကလည်းသူတို့မှာလုပ်ပိုင်ခွင့်လည်းမရှိပဲနဲ့ အမိန့်ပေးပိုင်ခွင့်လည်းမရှိပဲနဲ့လုပ်ခိုင်းနေတာတွေလည်းရှိတယ်။အဲဒီတော့မေးခွန်းမေးရမယ်၊ကျမခဏခဏပြောတယ်ကျမတို့ငယ်ငယ်တုန်းကသင်ခဲ့ရတဲ့ပုံလေးထဲမှာဆိုရင် မေးပါများစကားရဆိုတာဟာ လောကကြီးနဲ့ပတ်သက်တဲ့၊ကိုယ့်ဘ၀နဲ့ပတ်သက်တဲ့ အဖြေတွေကို အများကြီးမေးခွန်းထုတ်ခြင်းအားဖြင့်ရနိုင်ပါတယ်။အဲဒီတော့ကိုယ့်ကိုယ်ကိုယ်ပထမမေးခွန်းထုတ်ပါ။'' ဟုပြောကြားသွားကြောင်းသိရှိရသည်။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။