Friday, August 10, 2012

ဒီပဲယင်းမြို့နယ်၊ ဆင်ကျွန်ရွာမှ ကျောင်းအုပ်ဆရာကြီး၏ အဓမ္မမှု

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ဆင်ကျွန်းရွာအခြေခံပညာမူလတန်းကျောင်း မှ ကျောင်းအုပ်ဖြစ်သူဦးအောင်ကျော်ဦးသည် ကျောင်းသူကလေးငယ်များအပေါ် မဖွယ် မရာကိစ္စများ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။  ဖြစ်စဉ်မှာ ကျောင်းအုပ်ဖြစ်သူ ဦးအောင်ကျော်ဦးသည်ကျောင်းသူကလေးများကိုသူ၏ရုံးခန်းအတွင်းသို့ ခေါ်ယူကာပထမ တွင်ဆံပင်ဖြူနှုတ်ခိုင်းသည်ဟုသိရပါသည်။ထို့သို့ဆံပင်ဖြူနှုတ်ပေးနေသော ကျောင်းသူ ကလေးများအား ဘောင်းဘီ၊ စကတ်များကိုဆွဲချွတ်ကာမဖွယ်မရာကိစ္စများကိုလက်ဖြင့်ကျူး
လွန်ကြောင်း သိရပါသည်။

ထို့သို့မဖွယ်မရာလုပ်သည့်ကိစ္စများကို ပြုလုပ်ကြောင်းလူကြီးမိဘများအားတိုင်ကြားပါက --

 စာမေးပွဲချမည်၊ အိမ်ကို မီးရှို့မည် --- ဟုခြိမ်းခြောက်ကြောင်းကျောင်းသူကလေးများ၏ 
 ပြန်လည်ပြောကြားချက်အရသိရပါသည်။ ကျောင်းသူကလေးများအားမဖွယ်မရာကိစ္စ
များကိုအကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ထိုဖြစ်စဉ်ကိုဒီပဲယင်းမြို့နယ်၊ မြို့နယ်ပညာရေးမှူးထံသို့တိုင်တန်းခဲ့ရာ မြို့နယ်ပညာရေးမှူး

ကထိုကိစ္စကို29.7.2012 နေ့တွင်ဘုတ်(board)အဖွဲ့ဖွဲ့ကာစစ်ဆေးခဲ့သော်လည်းစစ်ဆေးချက်များ ကိုမူအတည်မပြုကြောင်းသိရပါသည်။မြို့နယ်ပညာရေးမှူးမှထိုကိစ္စကိုထိထိရောက်ရောက်
ဆောင်ရွက်ပေးခြင်းမရှိသဖြင့် ဒီပဲယင်းမြို့နယ်၊မူးကန်း၇ဲစခန်းသို့ တိုင်ကြားခဲ့ရာဆက်လက်
စုံစမ်းစစ်ဆေးနေကြောင်း သိရပါသည်။

ထို့သို့လူမဆန်၊သားသမီးချင်းကိုယ်ချင်းမစာနာ၊ဆရာကျင့်ဝတ်နှင့်မညီဘဲမိမိတပည့်ကလေး
များ အပေါ်အဓမ္မမှုကျူးလွန်ခဲ့သော ကျောင်းအုပ်ဆရာကြီးဦးအောင်ကျော်ဦးအားမည်သို့အရေး
ယူမည်ကိုမသိရသေးပါ။

သက်ဆိုင်ရာ ကျောင်းသားမိဘများကထိုကိစ္စကိုအမြန်ဆောင်ရွက်ပေးနိုင်ရန်တရားရုံးအဆင့်
ဆင့်သို့တိုင်ကြားသွားမည်ဖြစ်ကြောင်းသိရပါသည်။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။