Friday, August 10, 2012

မြန်မာသံအမတ်ကိုနှင်ထုတ်ရန်အင်ဒိုနီးရှားဆန္ဒပြသူများ ကတောင်းဆို

အင်ဒိုနီးရှားရှိမြန်မာသံရုံးရှေ့ဆန္ဒပြနေသူများ

မူစလင်ရိုဟင်ဂျာများအားမြန်မာနိုင်ငံတွင်ဆက်ဆံမှုနှင့်ပတ်သက်ပြီးမြန်မာသံအမတ်အားအင်ဒိုနီးရှားနိုင်ငံ မှနှင်ထုတ်ရန် အင်ဒိုနီးရှားမြို့တော်ရှိမြန်မာသံရုံးပြင်ပ၌ ဆန္ဒပြ ခဲ့သူလူ ၁ဝဝခန့်တောင်းဆိုခဲ့သည်။ ဆန္ဒပြသူ များ သည် အနီရောင်ဖြင့် Save the Rohingya ဟုရေးသားထားသည့်အဖြူရောင်ခေါင်းစည်း များဝတ်ဆင်ခဲ့ကာ Stop the violence ဟုရေးသားထားသည့်ဆိုင်းဘုတ်များကိုကိုင်ဆောင်ခဲ့ကြသည်။

အဆိုပါဆန္ဒပြပွဲကို Rohingya Solidarity Society  ဟုခေါ်သည့်အုပ်စုတစ်ခုကစီစဉ်ခဲ့ကာ မြန်မာအစိုးရကရိုဟင်ဂျာများကိုမြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြုရန်သတင်းထုတ်ပြန်
ချက်၌တောင်းဆိုခဲ့သည်။ဆန္ဒပြသူများအနက်မှအချို့ကသံရုံးအတွင်းသို့ကြက်ဥများဖြင့်ပစ်
ပေါက်ခဲ့ကာ၂ဝ၁၄ခုနှစ်တွင်မြန်မာနိုင်ငံအားအာဆီယံဥက္ကဋ္ဌရာထူးအတွက်ထောက်ခံပေး
ခြင်းအားရုပ်သိမ်းပေးရန်နှင့်မြန်မာသံအမတ်အားနိုင်ငံမှနှင်ထုတ်ရန်အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono သို့တောင်းဆို ခဲ့သည်။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။