ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင်ရခိုင်နှင့်မွတ်ဆလင်များအကြားးတဘက်နှင့်တစ်ဘက်အပြန် အလှန် မီးရှို့မူ များ ပေါ်ပေါက်နေကြောင်း သတင်း ရရှိသည်။
ထိုကဲ့သို့ မီးရှို့မူများ ဖြစ်နေသော ကျေးရွာများးမှာ ဂုတ်ပီထောင့်၊ အပေါက်ဝ၊ ရွှေလိုင်နှင့် တောင်ပေါက်ရွာ တို့တွင် ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ အပြန်အလှန်မီးရှို့မူများ ဖြစ်ပွားလာခဲ့ခြင်းမှာဒေသအတွင်းတာဝန်ကျနေသော စစ်ဘက်ဆိုင်ရာ အရာရှိကြီများ၏ လာဒ်ပေး လာဒ်ယူမူများနှင့် ပြဿနာများ ဖြစ်ပေါ်တိုင်း အရေးယူရန် ပျက်ကွက်ခြင်း များကြောင့် ဖြစ်ကြောင်း ကျောက်တော် ဒေသခံ တစ်ဦးက ပြောသည်။
ထိုကဲ့သို့ မီးရှို့မူများ ဖြစ်နေသော ကျေးရွာများးမှာ ဂုတ်ပီထောင့်၊ အပေါက်ဝ၊ ရွှေလိုင်နှင့် တောင်ပေါက်ရွာ တို့တွင် ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ အပြန်အလှန်မီးရှို့မူများ ဖြစ်ပွားလာခဲ့ခြင်းမှာဒေသအတွင်းတာဝန်ကျနေသော စစ်ဘက်ဆိုင်ရာ အရာရှိကြီများ၏ လာဒ်ပေး လာဒ်ယူမူများနှင့် ပြဿနာများ ဖြစ်ပေါ်တိုင်း အရေးယူရန် ပျက်ကွက်ခြင်း များကြောင့် ဖြစ်ကြောင်း ကျောက်တော် ဒေသခံ တစ်ဦးက ပြောသည်။
“ ကျွန်တော်ကျောက်တော်မြို့ ကားဂိတ်ကို သြဂတ်စ်လ ၂ ရက်နေ့ ၀ါဆိုလပြည့်နေ့ မှာပိုက်သည် ရွာက မွတ်ဆလင် လူအုပ်က ညဥ့် ၂ နာရီတီး မှာ ၀င်ရောက် ဖျက်ဆီးတယ်။ ရွှေပြည်သစ် ကားးဂိတ် အပါအ၀င် တခြား အဆောက်အဦးတွေ ပြူတင်းတွေ ဖျက်ဆီးခြင်းကို ခံရတယ်။ မြို့ထဲက လူတွေနဲ့လုံခြုံရေး ယူထား သူတွေလိုက်သွားတော့ ဆူပူ အကြမ်းဖက်သူတွေက ထွက်ပြေးသွားတယ်။ ရဲကို သွားတိုင်တောာ့ စစ်တပ်က အမိန့်မရ တဲ့ အတွက် ဘာမှအရေးမယူဘူး။ ဒီလို လုပ်တော့ ရခိုင်တွေက မကျေနပ်မူတွေ တိုးပွား လာကြ တယ်” ဟု ကျောက်တော် ဒေသခံ တစ်ဦးက ပြော သည်။
ကျောက်တော်မြို့အခြေစိုက်စကခ ၉ တပ်မမှူးအားကျပ်သိန်း ၅၀၀နှင့်တပ်ရင်းမှူးအားကျပ်သိန်း ၃၀၀စီ မွတ်ဆလင်ကျေးရွာများကို ကာကွယ်ရန် ဘာသာရေး ခေါင်းဆောင်များက လာဒ်ငွေ ပေးထားသည်ဟု စွပ်စွဲ မူ များလည်း ကျောက်တော်တွင် သတင်း ထွက်ပေါ်နေကြောင်း ပြောသည်။
“အခုလိုအကြမ်းဖက်တဲ့သူတွေကိုမွတ်ဆလင်တွေ ဖြစ်ဖြစ်၊ ရခိုင်တွေဘဲ ဖြစ်ဖြစ် ချက်ချင်း အရေး မယူတော့ တဘက်နဲ့ တဘက်ကြားမှာ မကျေနပ်မူတွေ တိုးပွားလာပြီး အခု အပြန်အလှန် မီးရှို့မူတွေ ပေါ်ပေါက် လာ တယ်” ဟု သူက ပြောသည်။
သြဂတ်စ်လ၅ရက်နေ့ကမီးရှို့မူဖြစ်ပွားရာအပေါက်ဝတွင်၂၅ဆောင်၊ဂုတ်ပီထောင့်တွင်
အိမ်ခြေ၅၃ ဆောင်နှင့် ရွှေလိုင်တွင်၃၅ ဆောင်ပါဝင်သွားခဲ့သည်ဟုသိရသည်။အများစုမှာမွတ်ဆလင် နေအိမ် များ ဖြစ်ကြောင်း သိ ရ သည်။
ကျောက်တော်တောင်ဘက်တမိုင်ခန့်အကွာတွင်တည်ရှိသောတောင်ပေါက်ရွာမှရခိုင်အမျိုး
သားပိုင်ဆိုင်သော ဆန်စက်ကြီး တလုံးကို သြဂုတ်လ ၅ရက်နေ့ ညဥ့်အချိန်တွင် မီးရှို့ခံရပြီး ဆန်အိပ် ၁၀၀ နှင့် စပါးတင်း ၄၀၀၀ မီးထဲ ပါသွားခဲ့သည်ဟု ဆိုသည်။
ယခုမီးရှို့မူများကိုတစ်ဘက်နှင့်တစ်ဘက်အပြန်အလှန်စွပ်စွဲနေကြပြီးမွတ်ဆလင်များမှာ
ကျောက်တော်တွင် လူနည်းစု ဖြစ်သဖြင့် ပိုမို ထိခိုက် ပျက်စီးဖွယ်ရှိသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။