စစ်ကိုင်းတိုင်းဒေ
သကြီး ဟုမ္မလင်းမြို့နယ် နန်းမီးလူး ချောင်းပေါ်မှာ ဦးမောင်ရွှေ
( မြင်သာရွာ)ဦးထွန်းလှိုင် (ခံကပ်ရွာ)ဦးစန်းမောင် (ပင်းမခေါ် ရွာ)အစရှိတဲ့ ရွာများမှ
မျှောသမားဦးပေါင်း (၂၀)ခန့် ဟာ ချောင်းရေကို အသုံးပြု့
ပြီးရွှေမျာတိုက်နေတဲ့အတွက် ချောင်းရေကိုအမှီင်္ပြုပြီး စပါးစိုက်နေရတဲ့
တောင်သူတွေ ဒုက္ခ ရောက်နေကြပါတယ် ။
တိုင်းဒေသကြီးအထိတိုင်ကြားသော်လည်းတစညပါတီမှမြို့နယ်ကိုယ်စားလှယ်ဦးအဲသာ နှင့် နောင်လွန်ကျေး ရွာ အုပ်စု
ကျေးရွာအုပ်ချုပ်ရေးမူး ဦးကံလင်း တို့မှ ရွှေမျာသမားများထံမှ ငွေကြေး
လဘ်လာဘ များ ယူဆောင်ပြီး ရွှေများတိုက်နေမှု အားခွင့်ပြုပြီး
တောင်သူလယ်သမားများအရေးကို လစ်လျူ ရှုနေပါတယ်။
နွေစပါး နှင့် မိုးစပါး ဧက(
၅၀၀)ကျော် နှင့်အထက် မှာ ရွှေမျာမှ နွှံ ရေများကြောင့် စိုက်ပျိုးမရတော့ပါ
။ လယ်ယာနှင့်ဆည်မြောင်းဝန်ကြီးဌာန မှ လူကြီးမင်းများနှင့် သက်ဆိုင်ရာအာဏာပိုင်များ လည်း လက်ပိုက်ကြည့်နေကြပါသလားခင်ဗျာ။
နန်မီးလူး ချောင်းပေါ်တွင် နောင်လွန်ကျေးရွာအုပ်စုနှင့် ညောင်ပင်သာကျေးရွာအုပ်စုမှ
တောင်သူလယ်သမားများမှီခိုနေကြပါတယ်
။တောင်သူလယ်သမား (၁၀၀)ကျော် မှ လက်မှတ်ထိုးပြီး တိုင်ကြားသော်လည်း ငွေ
ထိုးတားသော ရွှေမျာ သမားများလောက် အရေးယူဆောင်ရွက်ပေးခြင်းမရှိဟုကြားနေရပါတယ်။အခြေအနေသွားမေးသော တောင်သူလယ်သမားများအားအာဏာပိုင်များမှငေါက်ငန်းသဖြင့်ရိုးသားသောတောသူတောင်သားများမှာဆက်မမေးရဲကြတော့ပါဘူး။ ဒါ့ကြောင့် အားလုံးပဲဝိုင်းဝန်းပြီးတော့အကူညီပေး ကြပါဦး။
တောင်သူများ
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။