Friday, August 3, 2012

မကွေးတိုင်း ချောက်မြို့နယ်တွင် ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွား

မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းချောက်မြို့နဲ့၂ မိုင်အကွာမှာ ဇူလိုင် ၂ရက်နေ့မွန်းလွဲ ၁ နာရီလောက် က ဓာတ်ငွေ့ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။မီးခိုးလုံးနဲ့ပေါက်ကွဲသံကို ၃ မိုင်အကွာစလေမြို့ကနေကြားရမြင်ရတယ်လို့စလေမြို့ခံတဦးကပြောပါတယ်။“H2O2စက်ရုံကနေ၁နာရီလောက်ကထိန်းကနဲ အသံ ကြားတာနဲ့ထွက်ကြည့်တော့မီးခိုးလုံးကြီးက ကောင်းကင်မှာအတော်မြင့်တာ၊ပထမဆုံးအသံကတော့ နည်း နည်း ပြင်းတယ်၊ ၅ချက်ဆင့်ပြီးပေါက်ကွဲသံထွက်လာတာ။ ရဲ၊ ကြက်ခြေနီ၊ ကယ်ဆယ်ရေး မီးသတ် တွေ ရောသွားကြတယ်။” ပေါက်ကွဲရာအရပ်ကိုသွားကြည့်ဖို့လမ်းတ၀က်မှာလုံခြုံရေးရဲတွေကအန္တရာယ်ရှိတယ် ဆိုပြီးဆက်မသွားဖို့တားမြစ်ခဲ့တဲ့အတွက်လှည့်ပြန်ခဲ့တယ်လို့သူကပြောပါတယ်။ပေါက်ကွဲရတဲ့ အကြောင်း ရင်း ကို မသိရပေမယ့်ပေါက်ကွဲတဲ့အရာဟာဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် (H2O2)ဓာတ်ငွေ့သိုမှီးထားတဲ့စက်ရုံကဖြစ်ကြောင်း၊အရောင်ချွတ်ဆေးထုတ်လုပ်ရာမှာအ
သုံးပြုတာဖြစ်ကြောင်း၊လူအသေအပျောက်မသိရပေမယ့်အနီးတ၀ိုက်ကလူတွေအသက်ရှူ ကြပ်တဲ့ဝေဒနာခံစားရတယ်လို့အဲဒီဒေသတ၀ိုက်ကပြန်လာတဲ့သူတွေပြောဆိုနေကြောင်းဒေသခံကဆက်ပြောပါတယ်။အသေးစိတ်သိရဖို့အတွက်ဌာနဆိုင် ရာ တာဝန် ရှိသူတွေကို ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။