Sunday, August 5, 2012

ရန်ကုန်မြို့တွင်ပြေးဆွဲရန်ခရီးသည်တင်ကား ၃၀၀ကိုဂျပန်နိုင်ငံမှ တင်သွင်းမည်

လက်ရှိပြေးဆွဲလျက်ရှိသည့်ခရီးသည်တင်ယာဉ်အိုယာဉ်ဟောင်းများနေရာတွင်ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် အရှေ့တိုင်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီတို့ပူးပေါင်း၍ရန်ကုန်မြို့အတွင်းပြေးဆွဲရန်ဂျပန်နိုင်ငံမှ ခေတ်မီ ဘတ်စ်ကားပေါင်း ၃၀၀ခန့်တင်သွင်းသွားမည်ဟုသိရသည်။ အဆိုပါခေတ်မီဘတ်စ်ကားစီးရေ ၃၀၀သည် သုံးလအတွင်းပထမအသုတ်အဖြစ်စီးရေ၃၀၀တင်သွင်းမည်ဖြစ်ပြီးဆက်လက်၍အငှားယာဉ် ပြေးဆွဲရေးအ တွက် ဆလွန်း၊ ဗင်၊ ၀က်ဂွန်နှင့်ပရိုဘောက်ကားများနှင့် ၄တန်၊ ၁၀တန်ကားများ ကို လည်းတင်သွင်းသွား မည်ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။