စစ်အေးကာလအတွင်းက အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ ဆိုဗီယက်ရုရှား
ဦးဆောင်တဲ့ အရှေ့အုပ်စုဆိုပြီး ကမ္ဘာပေါ်မှာ ဆန့်ကျင်ဘက်အုပ်စုကြီး
နှစ်စုရှိတယ်။
သူတို့ဟာ အင်္ဂါဂြိုလ်ပေါ်မှာ သဘာဝသယံဇာတ တွေကို ပြိုင်တူ
တွေရှိကြပြီး အဲ့ဒီသယံဇာတတွေကို အလိုလျှောက် အလုပ်လုပ်တဲ့
စက်ရုပ်တွေရဲ့အကူအညီနဲ့ ထုတ်ယူပြီး ကမ္ဘာမြေပေါ်ကို သယ်ယူကြတယ်။
ဒါပေမဲ့ သူတို့အုပ်စုနှစ်စုလုံးဟာ အဲ့ဒီသယံဇာတတွေကို အုပ်စုတခုထဲက ဘဲအပိုင်စီးထုတ်ယူဖို့ အမြဲပြိုင်ဆိုင်နေကြတယ်။
တနေ့မှာ
အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက သိပ်ပံပညာရှင်တွေက
နည်းပညာတခုရရှိသွားပြီး အဲ့ဒီနည်းပညာရဲ့အကူအညီနဲ့ အင်္ဂါဂြိုလ်ပေါ်မှာ
အလုပ်လုပ်နေတဲ့ သူတို့ရဲ့ စက်ရုပ်တွေအတွင်းကို" လောဘ" ဆိုတဲ့
ဆော့ဝဲတခုထည့်ပေးလိုက်တယ်။ အဲ့ဒီဆော့ဝဲထည့်ပြီး နောက်ပိုင်းမှာ သူတို့
စက်ရုပ်တွေရဲ့ အလုပ်လုပ်နိုင်စွမ်းဟာ (၁၀)ဆလောက်တက်သွားပြီး ကမ္ဘာမြေပေါ်ကို
သယံဇာတ အမြောက်အများ ပေးပို့နိုင်ခဲ့ကြတယ်။
ဒီသတင်းကို သိသွားတဲ့
ရုရှား ဦးဆောင်တဲ့ အရှေ့အုပ်စုဝင်နိုင်ငံတွေကလဲ သူတို့ရဲ့
သိပ်ပံပညာရှင်တွေရဲ့ အကူအညီနဲ့ ဆော့ဝဲတခုကို တီထွင်ပြီး အင်္ဂါဂြိုလ်ပေါ်က
သူတို့ရဲ့စက်ရုပ်တွေကို တပ်ဆင်ပေးလိုက်တယ်၊ အဲ့ဒီဆော့ဝဲကတော့ "ဒေါသ" ဆိုတဲ့
ဆော့ဝဲဘဲဖြစ်တယ်။
ဒါပေမဲ့ အဲ့ဒီဆော့ဝဲ တွေထည့်ပေးပြီးလို့
မကြာခင်မှာဘဲ အရှေ့အုပ်စုဝင် ရုရှားတွေရော၊ အနောက်အုပ်စုဝင် အမေရိကန်တွေပါ
သူတို့ရဲ့ စက်ရုပ်တွေနဲ့ ဘယ်လိုမှ အဆက်အသွယ်လုပ်လို့မရတော့ဘူး။
ဒါနဲ့
အုပ်စုနှစ်စုလုံးက အင်္ဂါဂြိုလ်ပေါ်ကို လူလွတ်ပြီးသွားကြည့်ခိုင်းတဲ့ အခါမှာ
စက်ရုပ်တွေအားလုံးဟာ ပျက်စီးပြီး စက်ရုပ်တစုနဲ့တစု အသေအလဲ
တိုက်ခိုက်နေတာကိုတွေရတယ်။
ဒါနဲ့ အရှေ့အုပ်စုနဲ့ အနောက်အုပ်စုက
နိုင်ငံအကြီးအကဲတွေဟာ အစည်းအဝေးတခုခေါ်ပြီး သူတို့ရဲ့
သက်ဆိုင်ရာစက်ရုပ်တွေမှာ ထည့်ထားတဲ့ ဆော့ဝဲတွေကို ထုတ်ပစ်ဖို့
ဆွေးနွေးကြတယ်။ အဲ့ဒီနောက် အနောက်အုပ်စုကလဲ သူတို့စက်ရုပ်တွေမှာထည့်ထားတဲ့
"လောဘ" ဆိုတဲ့ ဆော့ဝဲကို ထုတ်ပေးလိုက်သလို အရှေ့အုပ်စုကလဲ
သူတို့စက်ရုပ်တွေမှာ ထည့်ထားတဲ့ "ဒေါသ" ဆော့ဝဲကို ထုတ်ပေးလိုက်တယ်။
အဲ့ဒီနောက် သူတို့ဟာ စက်ရုပ်တွေ ကိုအင်္ဂါဂြိုလ်ပေါ် ပြန်လွတ်ပြီး အလုပ်လုပ်ခိုင်ကြပြန်တယ်။
ဒါပေမဲ့
အရှေ့အုပ်စုရော အနောက်အုပ်စုပါ စက်ရုပ်တွေနဲ့ အဆက်အသွယ်ရပေမဲ့
စက်ရုပ်တွေဆီက ပို့ပေးမဲ့ အင်္ဂါဂြိုလ်ပေါ်က ဘာသယံဇာတမှ မရဘဲဖြစ်နေကြတယ်။
ဒါနဲ့
အင်္ဂါဂြိုလ်ပေါ်ကို လူလွတ်ပြီး စက်ရုပ်တွေဘာဖြစ်နေသလဲ
သွားကြည့်ခိုင်းတဲ့အခါမှာ နှစ်ဘက်အုပ်စုတွေရဲ့ စက်ရုပ်တွေ အားလုံးဟာ
အကောင်းပကတိအတိုင်းရှိကြတာကို တွေ့ရပေမဲ့ စက်ရုပ်တွေဟာ
အရင်လိုအလုပ်မလုပ်ကြတော့ဘဲ အရှေ့အုပ်စုက ပိုင်တဲ့ စက်ရုပ်ဟာ အနောက်အုပ်စုက
ပိုင်တဲ့ စက်ရုပ်တွေနောက်ကို လိုက်ကြည့်နေတာကို တွေ့ရသလို အနောက်အုပ်စုက
ပိုင်တဲ့ စက်ရုပ်ကလဲ အရှေ့အုပ်စုက ပိုင်တဲ့ စက်ရုပ်တွေ ဘာလုပ်နေသလဲ
ဆိုတာကို လိုက်ကြည့်နေတာသာ တွေ့ခဲ့ရတယ်။
ဒါနဲ့ အဲ့ဒီစက်ရုပ်တွေကို
ကမ္ဘာမြေပေါ်ပြန်ယူလာပြီး ဘာကြောင့် အလုပ်မလုပ်တော့ဘဲ အခုလို ဖြစ်နေရတာလဲ
ဆိုတာကို သိပ်ပံပညာရှင်တွေနဲ့ စစ်ဆေးကြည့်တဲ့အခါမှာ အလွန်မှထူးဆန်းတဲ့
ဘိုင်းရပ်ပိုး တခုကို တွေ့ရတယ်။
အဲ့ဒီအရာက ဘာလဲဆိုတော့
အရှေ့အုပ်စုနဲ့ အနောက်အုပ်စုက သိပ်ပံပညာရှင်တွေဟာ သူတို့ သက်ဆိုင်ရာ
စက်ရုပ်တွေမှာ "ဒေါသ" နဲ့ "လောဘ" ဆိုတဲ့ ဆော့ဝဲကို ထည့်လိုက်စဉ်မှာ "သံတယ"
ဆိုတဲ့ ဘိုင်းရပ်ဝင်သွားတာကို သတိမထားမိလိုက်တာဘဲ ဖြစ်တယ်။ ဒါကြောင့်
သက်ဆိုင်ရာ စက်ရုပ်တွေကနေ "လောဘ" နဲ့ "ဒေါသ " ဆိုတဲ့ ဆော့ဝဲတွေကို
ထုတ်လိုက်တဲ့ အချိန်မှာ "သံတယ" ဆိုတဲ့ ဘိုင်းရပ်က ကျန်ခဲ့ပြီး အဲ့ဒီ
ဘိုင်းရပ်ပိုးကြောင့် စက်ရုပ်တွေဟာ အလုပ်ဆက်မလုပ်ကြတော့ဘဲ တအုပ်စုနဲ့
တအုပ်စု "သံတယ" အမြင်တွေနဲ့ ရင်ဆိုင်နေကြတာလို့ သဘောပေါက်သွားကြတယ်။
ဒါနဲ့
သက်ဆိုင်ရာအုပ်စုက နိုင်ငံအကြီးအကဲတွေက သူတို့ရဲ့ သိပ်ပံပညာရှင်တွေကို
ခေါ်ယူတွေ့ဆုံပြီး စက်ရုပ်တွေထဲက "သံတယ" ဆိုတဲ့ ဘိုင်းရပ်ပိုးကို
ထုတ်ပေးဖို့ တိုက်တွန်းတယ်။ ဒါပေမဲ့ အုပ်စုနှစ်ခုလုံးက သိပ်ပံပညာရှင်တွေရဲ့
အဖြေက ဒီဘိုင်ရပ်ပိုးကို ထုတ်လို့မရဘူး ဆိုတဲ့ အဖြေတမျိုးထဲ ဖြစ်နေတာကို
တွေ့ရတယ်။
ဒါနဲ့ နိုင်ငံအကြီးအကဲတွေက ဘယ်လိုလုပ်ရင် ရနိုင်မလဲလို့
သူတို့ရဲ့ သိပ်ပံပညာရှင်တွေကို မေးတဲ့အခါမှာ သိပ်ပံပညာရှင်တွေက "သံတယ"
ဘိုင်းရပ် ဝင်သွားတဲ့ စက်ရုပ်တွေကို ဖျတ်ဆီးပစ်ပြီး စက်ရုပ်အသစ်တွေနဲ့
အစားထိုးတဲ့ နည်းကလွဲပြီး ဘာမှလုပ်လို့မရဘူးလို့ ပြောကြတယ်။
နောက်ဆုံးမှာ
အုပ်စုနှစ်ခုလုံးက နိုင်ငံအကြီးအကဲတွေကလဲ သိပ်ပံပညာရှင်တွေ
ပေးတဲ့အကြံအတိုင်း စက်ရုပ်အသစ်တွေ ထက်လုပ်ပြီး အင်္ဂါဂြိုလ်ပေါ်ကို
လွတ်ဖို့ဆိုတာကို သဘောတူလိုက်ရတယ်။ အဲ့ဒီနောက်မှာတော့ သူတို့သက်ဆိုင်ရာ
အုပ်စုက စက်ရုပ်တွေ ပို့ပေးတဲ့ အင်္ဂါဂြိုလ်ပေါ်က တန်ဖိုးကြီး သယံဇာတတွေကို
အရင်ကအတိုင်း ဆက်လက်ထုတ်ယူသွားနိုင်ခဲ့တယ်။
(ဒီဝတ္ထုတိုလေးကနေ
ကျွန်တော့်အနေနဲ့ အဖွဲ့အစည်းနဲ့ လုပ်ကိုင်နေကြတဲ့ လူငယ်တွေကို ဘာသင်ခန်းစာ
ပေးချင်သလဲဆိုရင် ။ အဖွဲ့အစည်းနဲ့ လုပ်ပြီဆိုရင် အဖွဲ့ဝင်အချင်းချင်ဘဲ
ဖြစ်ဖြစ်၊ မိမိအဖွဲ့ကို ထောက်ခံနေသူတွေနဲ့ မိမိအဖွဲ့နဲ့ ရည်ရွယ်ချက်တူ
လုပ်ဆောင်နေသူတွေ ကြားမှာဘဲဖြစ်ဖြစ် တဦးကိုတဦး တဖွဲ့ကိုတဖွဲ့ မယုံကြည်တဲ့
သံတယ စိတ်တွေ မထားရှိဘဲ အတူတကွ ပွင့်ပွင့်လင်းလင်း ပြောဆိုလုပ်ကိုင်ကြမှသာ
မိမိတို့သက်ဆိုင်ရာအဖွဲ့အစည်းတွေ မျှော်မှန်းထားတဲ့
ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်မှာ
ဖြစ်တယ်ဆိုတာပါဘဲ။ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ တိုင်းပြည်မှာ အမှားနဲ့
အမှန်ဆိုတဲ့ အုပ်စုနှစ်စုဟာတချိန်က ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြပြီး
အခုအခါမှာ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ပန်းတိုင်ကို အတူတကွ
ရှောက်လှမ်းနေရာမှာ မည်သူက အမှားအုပ်စုဖြစ်ပြီး မည်သူက အမှန်အုပ်စု
ဖြစ်ပါစေ ယ္ခုအချိန်မှာ အတူတကွ လက်တွဲလုပ်ဆောင်ကြမှသာ
ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ပန်းတိုင်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့်
လူငယ်တွေအနေနဲ့ တစုံတယောက်က မိမိတို့အဖွဲ့အစည်းဝင်ကိုဘဲဖြစ်ဖြစ်
မိမိအဖွဲ့အစည်းနဲ့ လက်တွဲလုပ်ကိုင်နေသူတဦးကိုဘဲဖြစ်ဖြစ်
တဦးနဲ့တဦးကြားမှာ သံတယ ဖြစ်နိုင်တဲ့ အတွေးအခေါ် အပြောအဆို တခုခုကို
ထည့်ပေးလိုက်ပြီဆိုရင် အားလုံးဟာ အဲ့ဒီအတွေးအခေါ် အပြောအဆိုနောက်ကို
သံယောင်မလိုက်ကြဘဲ မိမိတို့အဖွဲ့ဝင်အချင်းချင်းနဲ့ သက်ဆိုင်သူကြားမှာ
ပွင့်ပွင့်လင်လင်း ဆွေးနွေး အဖြေရှာခြင်းအားဖြင့် ဖြေရှင်းကြပါလို့
အကြံပြုပါရစေ)
http://www.facebook.com/notes/aung-min/
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။