ဇူလိုင် ၁၁ ရက်နေ့တွင် အမျိုးသားကဇာတ်ရုံ၌ ကျင်းပရန် စီစဉ်ထားသော Engelbert
ဖျော်ဖြေပွဲကို ၄င်း၏ မိသားစု ကျန်းမာရေးအခြေအနေကြောင့်
မကျင်းပဖြစ်တော့ကြောင်း အဆိုပါ ဖျော်ဖြေပွဲကို စီစဉ်သည့် Forever Group မှ
ဦးကျော်ဝင်းက ပြောသည်။
အဆိုတော်ကြီးဆီက အီးမေးလ်ပို့လာတယ်။ သူ့အီးမေလ်ထဲမှာတော့ ဒီဖျော်ဖြေပွဲ ပျက်ရတဲ့အကြောင်း အရင်း ကို 'Personal Family Health Issue လို့ ပြောထားတယ်။ မိသားစုကျန်းမာရေးအခြေအနေကြောင်
အဆိုတော်ကြီးဆီက အီးမေးလ်ပို့လာတယ်။ သူ့အီးမေလ်ထဲမှာတော့ ဒီဖျော်ဖြေပွဲ ပျက်ရတဲ့အကြောင်း အရင်း ကို 'Personal Family Health Issue လို့ ပြောထားတယ်။ မိသားစုကျန်းမာရေးအခြေအနေကြောင်
ယခုဖျော်ဖြေပွဲအတွက် လက်မှတ်အစောင် ၃၀၀ ၀န်းကျင် ရောင်းချထားပြီးဖြစ်ပြီး အဆိုပါလက်မှတ်များကို ရတနာပုံ ကောစင်တာ ၁၈၇၆ သို့ခေါ်ဆိုပြီး ၆ ကိုနှိပ်၍ လက်မှတ်များကို စုံစမ်းမေးမြန်း ပြန်လဲနိုင်ကြောင်း MRTV-4 မှ ကြေညာသည်။
ထိုင်းနိုင်ငံတွင် ဇူလိုင် ၁၅ ရက်၌ ကျင်းပရန် စီစဉ်ထားသော ၄င်း၏ဖျော်ဖြေပွဲကို မြန်မာနိုင်ငံနည်းတူ ဖျက်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
7 Days News Journal
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။